သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆို


စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အစည်းအဝေးအတွင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၂၅၊ ၂၀၂၃)
စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အစည်းအဝေးအတွင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၂၅၊ ၂၀၂၃)

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ စပိန်အသင်း ဗိုလ်စွဲချိန်မှာ စပိန်အမျိုးသမီးအသင်းက ကစားသမားတဉီးရဲ့ နှုတ်ခမ်းကို အတင်းအကြပ် နမ်းခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales ကို ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးနေကြပေမဲ့ နုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။စောစောပိုင်း သတင်းတွေမှာ ဒီနေ့ သောကြာနေ့ နုတ်ထွက်ဖို့ မျှော်လင့်တဲ့အကြောင်း ရေးသားကြတာကြောင့် သူ့ကို ကန့်ကွက်နေသူတွေ ဘောလုံးအဖွဲ့ချုပ်ရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်အမျိုးသမီးအသင်းက အင်္ဂလန်အသင်းကို အနိုင်ရပြီး ကစားသမားတွေ ဆုယူတဲ့အချိန်မှာ စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ Luis Rubiales က အမျိုးသမီး ကစားသမား Jenni Hermoso ကို နမ်းခဲ့တာပါ။ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် စပိန်နိုင်ငံအတွင်းနဲ့ ပြင်ပမှာ ဝေဖန်တာတွေ အကြီးအကျယ်ပေါ်ခဲ့ပြီး FIFA ဘောလုံးအဖွဲ့ချုပ်က အရေးယူဖို့ စစ်ဆေးခဲ့ပါတယ်။ စပိန်အစိုးရအဖွဲ့ ဝင်ကြီးတွေကလည်း Luis Rubiales ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးနေပါတယ်။
သူ့ကို ဝေဖန်တဲ့သူတွေကို အသိဉာဏ်မဲ့တဲ့ အရှုးတွေလို စောစောပိုင်းက ပြောခဲ့ပေမဲ့ နောက်ပိုင်း တနင်္လာနေ့မှာ Luis Rubiales က ဗွီဒီယိုကနေတဆင့် တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေါသနဲ့ ဝေဖန်တုံ့ပြန်တာတွေကို ဆက်ပြီး ရင်ဆိုင်ခဲ့ရပါတယ်။ Luis Rubiales နုတ်ထွက်ဖို့ ဖိအားပေးနေတာတွေနဲ့ ပတ်သက်လို့ စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF) ပြောခွင့်ရကတော့ သဘောထား တစုံတရာပြောဆိုဖို့ ငြင်းဆန်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG