သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနမ်းကြမ်းတဲ့ စပိန်ဘော်လုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ နုတ်ထွက်


စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales နဲ့ အမျီးသမီး ကမ္ဘာဖလားချန်ပီယံ စပိန်အသင်းသူ ဂျနီဖာ ဟာမိုဆို (သြဂုတ် ၂၀။ ၂၀၂၃)
စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales နဲ့ အမျီးသမီး ကမ္ဘာဖလားချန်ပီယံ စပိန်အသင်းသူ ဂျနီဖာ ဟာမိုဆို (သြဂုတ် ၂၀။ ၂၀၂၃)

အမျီးသမီး ကမ္ဘာဖလားချန်ပီယံ စပိန်အသင်းသူ ဂျနီဖာ ဟာမိုဆို ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုပေးပွဲမှာ နှုတ်ခမ်းကိုအတင်းအကျပ်နမ်းရှုတ်ခဲ့တဲ့ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales ဟာ သောကြာနေ့မှာရာထူးကနေ နုတ်ထွက်ပါတော့မယ်။

သောကြာနေ့မှာ ဒီ ဖြစ်စဉ် အတွက် အထူးအစည်းအဝေးခေါ်ယူမှာ ဖြစ်ပြီး အဲဒီမှာ ဥက္ကဌနုတိထွင်မှာလို့ စပိန်က လာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။ ဒီဖြစ်စဉ် အပေါ် ကမ္ဘာ့ဖလားအဖွဲ့ချုပ်ကလည်း အရေးယူမယ်လို့ ကြာသာပတေးနေ့ကကြေညာထားပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း သူ့နေရာဆက်ခံမယ့်သူအတွက် မြို့တော် မက်ဒရစ်မှာ အစည်းအဝေးခေါ်ခဲ့ကြောင်း ESPN သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်အတွက် သူက တောင်းပန်ခဲ့ပေမဲ့ သူ့အပေါ်ဝေဖန်ကြသူတွေဟာ မိုက်မဲတဲ့လုပ်ရပ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူ့ကို ရာထူးကထုတ်ပယ်ဖို့နိုင်ငံရေးသမားတွေ၊ ဘောလုံးသမားတွေနဲ့ စပိန်က ကလပ်အသင်းတချို့တောင်းဆိုခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၁ ခုနှစ်ထဲက အငြင်းပွါးဖွယ်လုပ်ရပ်အချို့အတွက် ဝေဖန်ခံနေရပြီး အမျိုးသမီးလက်ရွေးစင် ၁၅ ဦးဟာ အသင်းမှာပါဝင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ညှိနှိုင်းမှုတချို့လုပ်ခဲ့လို့ တချို့က ကမ္ဘာ့ဖလားပွဲမှာ ပြန်ပါလာကြပေမယ့် ပြုပြင်ပြောင်းလဲရေးတွေ တိုးလုပ်ဖို့ ဆက်လက် တောင်းဆိုနေကြပါတယ်။

အနမ်းကြမ်းတဲ့ စပိန်ဘော်လုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ နုတ်ထွက်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG