သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဗိုလ်လုပွဲ စပိန်နဲ့ အင်္ဂလန်တွေ့မည်


၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ ဗိုလ်လုပွဲတက်သွားနိုင်ပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့ ပျော်ရွှင်မှု (သြဂုတ် ၁၆၊ ၂၀၂၃)
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ ဗိုလ်လုပွဲတက်သွားနိုင်ပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့ ပျော်ရွှင်မှု (သြဂုတ် ၁၆၊ ၂၀၂၃)

သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံအိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပနေတဲ့ (၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဥ်ကို သြစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့ရာမှာ အင်္ဂလန် အသင်းက အိမ်ရှင်သြစတြေးလျကို ၃-၁ ဂိုးနဲ့အနိုင်ယူပြီး အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်သွားပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ (၃) ကြိမ်ဆက် အကြိုဗိုလ်လုပွဲ ဆက်တိုက်တက်ခဲ့တဲ့ အင်္ဂလန်ဟာ အခုတကြိမ် သြစတြေးလျနဲ့ပွဲမှာလည်း ပွဲချိန် ၃၆ မိနစ်မှာ အဲလ်လာ တိုနေးရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းမှာကတည်းက အသာစီးရခဲ့တာပါ။ ဒါပေမယ် သြစတြေးလျအသင်းက Sam Kerr က ၆၃ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့လို့ ကွင်းလုံးပြည့်လာအားပေးနေတဲ့ အိမ်ရှင်ပရိသတ် ၇၅,၀၀၀ အတွက် မျှော်လင့်ချက်ပြန်ဖြစ်လာခဲ့ပေမယ့် ဥရောပချန်ပီယံအင်္ဂလန်အသင်းက ၇၁ မိနစ် နဲ့ ၈၆ မိနစ်တွေမှာ Lauren Hemp နဲ့ Alessia Russo တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်နဲ့စပိန်တို့ဟာ ဆစ်ဒနီမြို့မှာပဲ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဥရောပ နှစ်သင်းတွေ့ကြမယ့် ဗိုလ်လုပွဲ ဖြစ်လာမှာပါ။

အိမ်ရှင် သြစတြေးလျအသင်းကတော့ တတိယနေရာအတွက် ဘရစ္စဘိန်းမြို့မှာ ဆွီဒင်နဲ့ စနေ့နေ့မှာ ကစားရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ စပိန်နဲ့ အင်္ဂလန်တွေ့မည်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG