သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန်ကို ဖိလစ်ပိုင် အနိုင်ရ


ဖိလစ်ပိုင်အမျိုးသမီးအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သူ ကွင်းလယ်ကစားသမား Sarina Bolden (ဇူလိုင် ၂၅၊ ၂၀၂၃)
ဖိလစ်ပိုင်အမျိုးသမီးအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သူ ကွင်းလယ်ကစားသမား Sarina Bolden (ဇူလိုင် ၂၅၊ ၂၀၂၃)

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီနေ့ ပွဲစဉ်မှာ ပူးတွဲကျင်းပတဲ့ အိမ်ရှင် နယူးဇီလန်အသင်းကို ဖိလစ်ပိုင် အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တာကြောင့် အံ့အားသင့်စရာ အောင်မြင်မှုအဖြစ် ဖိလစ်ပိုင်အသင်းကို အားပေးသူတွေ အောင်ပွဲခံနေကြပါတယ်။

အိမ်ရှင်နယူးဇီလန်အသင်းကို အနိုင်ရပြီး အောင်ပွဲခံနေတဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်း (ဇူလိုင် ၂၅၊ ၂၀၂၃)
အိမ်ရှင်နယူးဇီလန်အသင်းကို အနိုင်ရပြီး အောင်ပွဲခံနေတဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်း (ဇူလိုင် ၂၅၊ ၂၀၂၃)

အာရှနိုင်ငံအသင်းတွေထဲမှာ တောင်ကိုရီးယားနိုင်ငံအသင်းက ကိုလမ်ဘီယာ အသင်းကို မနေ့က ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဂျပန်နဲ့ ကော်စတာ ရီကာနိုင်ငံ အသင်းတို့ ယှဉ်ပြိုင်ကြ ပါလိမ့်မယ်။ ဂျပန်အသင်းဟာ ဇမ်ဘီယာ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရထားသလို ကမ္ဘာ့ဖလားကို တကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်အသင်းကတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒိန်းမတ်နဲ့ အမေရိကန်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။ မနက်ဖြန် ဝါရှင်တန်စံတော်ချိန် ညပိုင်းမှာ လက်ရှိချံပီယံ အမေရိကန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် လက်ရှိ ချံပီယံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်တွေနဲ့ အာရုံစိုက်နေကြပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန်ကို ဖိလစ်ပိုင် အနိုင်ရ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG