သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ကမ္ဘာ့ဖလား ဆွစ်ဇာလန် နဲ့စပိန် ပွဲဦးထွက်အနိုင်ရ


WWCup Spain Costa Rica Soccer
WWCup Spain Costa Rica Soccer

ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးဗိုလ်လုပွဲတွေ ကျင်းပနေကြတဲ့ New Zealand နိုင်ငံမှာ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ အုပ်စု A အုပ်စု C နဲ့ အုပ်စု E အသင်းတွေ ကစားကြပါတယ်။ အုပ်စု A ပွဲအတွက် New Zealand နိုင်ငံ Dunedin မြို့မှာ ဖိလစ်ပိုင်နဲ့ Switzerland အသင်းတို့ကစားခဲ့ကြတာမှာ Switzerland အသင်းက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ကမ္ဘာ့ဖလားပွဲဗိုလ်ပွဲတွေမှာ ဖိလစ်ပိုင်အသင်းက ပထမဆုံးအကြိမ် ကစားနိုင်တာြဖစ်ပါတယ်။ ပထမပိုင်းနာရီဝက်မှာ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းကျမှ Switzerland အသင်းက ၂ ဂိုးသွင်းပြီး အနိုင်ရသွားပါတယ်။ Wellington မြို့မှာ ကစားခဲ့တဲ့ အုပ်စု C က စပိန်နဲ့ Costa Rica ပွဲမှာတော့ စပိန်အသင်းက ပထမပိုင်းမှာတင် ၃ ဂိုသွင်းပြီး အနိုင်ရသွားပါတယ်။

အုပ်စု E က အမေရိကန်နဲ့ ဗီယက်နမ်အသင်းပွဲကတော့ Auckland မြို့က ကွင်းမှာ ဒေသစံတော်ချိန် စနေနေ့ နေလည် ၁ နာရီ၊ အမေရိကန် ဝါရှင်တန်စံတော်ချိန် သောကြာနေ့ည ၉ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာဖလားဗိုလ်စွဲဖို့ တစ်ပြေးနေတဲ့ အမေရိကန်အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ၃၂ နေရာမှာရှိနေတဲ့ ဗီယက်နမ်အသင်းနဲ့ ကစားမှာဖြစ်ပါတယ်။ ဗီယက်နမ်အမျိုးသမီးအသင်းအတွက်ကတော့ အခုမှ ပထမဆုံးအကြိမ် ကမ္ဘာဖလားဗိုလ်လုပွဲ တက်ခွင့်ရတဲ့အတွက် သမိုင်းဝင်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG