သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင်သြစတြေးလျနဲ့ နယူးဇီလန် ပွဲဦးထွက်အနိုင်ရ


နယူးဇီလန်နဲ့ သြစတြေးလျ နှစ်နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် စတင်ကျင်းတဲ့ ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အတွင်း အိမ်ရှင်နယူးဇီလန်အသင်း(အနက်ရောင်) နဲ့ နော်ဝေအသင်း (အဖြူ) ကစားသမားများ ယှဉ်ပြိုင်နေကြစဉ် (ဇူလိုင် ၂၀၊ ၂၀၂၃)
နယူးဇီလန်နဲ့ သြစတြေးလျ နှစ်နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် စတင်ကျင်းတဲ့ ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အတွင်း အိမ်ရှင်နယူးဇီလန်အသင်း(အနက်ရောင်) နဲ့ နော်ဝေအသင်း (အဖြူ) ကစားသမားများ ယှဉ်ပြိုင်နေကြစဉ် (ဇူလိုင် ၂၀၊ ၂၀၂၃)

၂၀၂၃ ဖီဖာ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပွဲကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ဒီနေ့စတင်လိုက်ပြီး အိမ်ရှင် ၂ သင်းစလုံး ပွဲဦးထွက်မှာ အနိုင်ရခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတော့ နယူးဇီလန်နိုင်ငံ Auckland မြို့မှာ ကျင်းပခဲ့ပြီး၊ အဖွင့်ပွဲစဉ်အဖြစ်နဲ့ ပူးတွဲအိမ်ရှင် နယူးဇီလန် နဲ့ ဥရောပက နော်ဝေးအသင်းတို့ ကစားကြတာမှာ နယူးဇီလန်က ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ နယူးဇီလန်အတွက် အနိုင်ဂိုးကိုတော့ Hannah Wilkinson က ၄၈ မိနစ်မှာ သွင်းယူခဲ့တာပါ။ နယူးဇီလန်အမျိုးသမီးအသင်းဟာ အရင်က ကမ္ဘာ့ဖလားမှာ တခါမှ အနိုင်မရဖူးတာကြောင့် ဒါဟာ နယူးဇီလန်အတွက်တော့ ကမ္ဘာ့ဖလားမှာ ပထမဆုံး နိုင်ပွဲရတာလည်းဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ်နဲ့ နောက်ထပ်ပူးတွဲအိမ်ရှင်ဖြစ်တဲ့ သြစတြေးလျ နဲ့ အိုင်ယာလန်တို့ ကစားကြတာမှာတော့ သြစတြေးလျက ၅၂ မိနစ်မှာ ပယ်နယ်တီရပြီး ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပါတယ်။ သြစတြေးလျအတွက် ပယ်နယ်တီကိုတော့ Staphanie Catley က သွင်းခဲ့တာပါ။ ဒီနေ့မှာ တတိယပွဲစဉ်အဖြစ်နဲ့ နိုင်ဂျီးရီးယားနဲ့ ကနေဒါတို့ကစားကြမှာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ဖိလစ်ပိုင်နဲ့ ဆွစ်ဇာလန်၊ စပိန်နဲ့ ကော့စတာရီကာ၊ လက်ရှိကမ္ဘာ့ချန်ပီယံ အမေရိကန် နဲ့ ဗီယက်နမ်တို့ ကစားကြမှာဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၁၉ တွေမှာလည်း အနိုင်ရထားတာကြောင့် ဒီတကြိမ် ဗိုလ်စွဲရင်တော့ ၃ ကြိမ် ဆက်တိုက် ဗိုလ်စွဲမှာဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာတော့ အမေရိကန်က ၄ ကြိမ် ၊ ဂျာမနီက ၂ ကြိမ် နဲ့ နော်ဝေး နဲ့ ဂျပန်နိုင်ငံတွေက ၁ ကြိမ် စီ ဗိုလ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG