သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေကာင္းဆုံး ေဘာလုံးသမားဆု အာဂ်င္တီးနား အသင္းေခါင္းေဆာင္ Messi ရရွိ


(Zawgyi / Unicode)

ကာတာႏိုင္ငံမွာ က်င္းပတဲ့ ၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားေဘာလုံးပြဲ ေနာက္ဆုံးဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို အႏိုင္ရ ဗိုလ္စဲြသြားတဲ့ အာဂ်င္တီးနား အသင္းကို ဦးေဆာင္သူ Lionel Messi ကို FIFA ကမာၻ႔ေဘာလုံးအဖဲြ႕ခ်ဳပ္ရဲ႕ အေကာင္းဆုံး ေဘာလုံးသမားဆု ေရႊေဘာလုံးဆု ခ်ီးျမႇင့္လိုက္ပါတယ္။

ေနာက္ဆုံးဗိုလ္လုပဲြမွာ သြင္းခဲ့တဲ့ ဂိုး ၂ ဂိုး အပါအ၀င္ ကမာၻ႔ဖလား ပဲြစဥ္ေတြမွာ စုစုေပါင္း ၇ ဂိုး သြင္းႏိုင္ခဲ့သလို၊ ျပင္သစ္နဲ႔ သေရက်ၿပီး ပယ္နယ္တီနဲ႔ အဆုံးအျဖတ္ေပးဖို႔ ဂိုးသြင္းရာမွာလည္း အာဂ်င္တီးနား အတြက္ ပထမဆုံး ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။ အာဂ်င္တီးနား အသင္းကို ရႈံးခဲ့တဲ့ ျပင္သစ္အသင္းက Kylian Mbappe ကေတာ့ အေကာင္းဆုံး ေဘာလုံးသမားဆုနဲ႔ လဲြခဲ့ေပမဲ့ ကမာၻ႔ဖလား ပဲြစဥ္တေလွ်ာက္ ၈ ဂိုးသြင္းႏိုင္ခဲ့ၿပီး ဂိုးအေရအတြက္ အမ်ားဆုံး သြင္းႏိုင္ခဲ့သူအျဖစ္ ေရႊဖိနပ္ဆု ရရွိခဲ့တာပါ။

ကမာၻ႔ဖလား အေကာင္းဆုံး ဂိုးသမားဆုကိုေတာ့ အာဂ်င္တီးနားဂိုးသမား Emiliano Martinez ရရွိၿပီး၊ အသက္ ၂၁ ႏွစ္အရြယ္ အာဂ်င္တီးနား ကစားသမား Enzo Fernandez ကေတာ့ အေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ ဆုရရွိခဲ့ပါတယ္။ ကမာၻ႔ဖလား ေနာက္ဆုံးအႀကိမ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ျပင္သစ္အသင္းကို အႏိုင္ရလိုက္တဲ့ အာဂ်င္တီးနား အသင္းဟာ ၁၉၇၈ နဲ႔ ၁၉၈၆ မွာလည္း ဗိုလ္စဲြခဲ့ဖူးပါတယ္။

ကမာၻ႔ဖလား ဗိုလ္စဲြသြားတဲ့ အာဂ်င္တီးနား ႏိုင္ငံက ေဘာလုံးအသင္းခ်ဳပ္ အေနနဲ႔ FIFA ကေပးတဲ့ ေဒၚလာ ၄၂ သန္း ဆုေၾကး ရရွိမွာျဖစ္ၿပီး၊ ဒုတိယဆု ရရွိတဲ့ ျပင္သစ္ႏိုင္ငံကေတာ့ သန္း ၃၀၊ တတိယဆုရတဲ့ ခ႐ိုေအးရွားက ၂၇ သန္း ရရွိၾကမွာပါ။ FIFA ရဲ႕ ေဒၚလာသန္း ၄၄၀ ဆုေၾကး ရန္ပုံေငြထဲကေန အနည္းဆုံး ေဒၚလာ ၉ သန္းစီကိုလည္း ဒီႏွစ္ ကမာၻ႔ဖလား ေဘာလုံးပဲြမွာ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ အသင္းေတြကို ေပးအပ္သြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အကောင်းဆုံး ဘောလုံးသမားဆု အာဂျင်တီးနား အသင်းခေါင်းဆောင် Messi ရရှိ

ကာတာနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရ ဗိုလ်စွဲသွားတဲ့ အာဂျင်တီးနား အသင်းကို ဦးဆောင်သူ Lionel Messi ကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရွှေဘောလုံးဆု ချီးမြှင့်လိုက်ပါတယ်။

နောက်ဆုံးဗိုလ်လုပွဲမှာ သွင်းခဲ့တဲ့ ဂိုး ၂ ဂိုး အပါအဝင် ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ စုစုပေါင်း ၇ ဂိုး သွင်းနိုင်ခဲ့သလို၊ ပြင်သစ်နဲ့ သရေကျပြီး ပယ်နယ်တီနဲ့ အဆုံးအဖြတ်ပေးဖို့ ဂိုးသွင်းရာမှာလည်း အာဂျင်တီးနား အတွက် ပထမဆုံး ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းကို ရှုံးခဲ့တဲ့ ပြင်သစ်အသင်းက Kylian Mbappe ကတော့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ လွဲခဲ့ပေမဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တလျှောက် ၈ ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးအရေအတွက် အများဆုံး သွင်းနိုင်ခဲ့သူအဖြစ် ရွှေဖိနပ်ဆု ရရှိခဲ့တာပါ။

ကမ္ဘာ့ဖလား အကောင်းဆုံး ဂိုးသမားဆုကိုတော့ အာဂျင်တီးနားဂိုးသမား Emiliano Martinez ရရှိပြီး၊ အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနား ကစားသမား Enzo Fernandez ကတော့ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ဆုရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းကို အနိုင်ရလိုက်တဲ့ အာဂျင်တီးနား အသင်းဟာ ၁၉၇၈ နဲ့ ၁၉၈၆ မှာလည်း ဗိုလ်စွဲခဲ့ဖူးပါတယ်။

ကမ္ဘာ့ဖလား ဗိုလ်စွဲသွားတဲ့ အာဂျင်တီးနား နိုင်ငံက ဘောလုံးအသင်းချုပ် အနေနဲ့ FIFA ကပေးတဲ့ ဒေါ်လာ ၄၂ သန်း ဆုကြေး ရရှိမှာဖြစ်ပြီး၊ ဒုတိယဆု ရရှိတဲ့ ပြင်သစ်နိုင်ငံကတော့ သန်း ၃၀၊ တတိယဆုရတဲ့ ခရိုအေးရှားက ၂၇ သန်း ရရှိကြမှာပါ။ FIFA ရဲ့ ဒေါ်လာသန်း ၄၄၀ ဆုကြေး ရန်ပုံငွေထဲကနေ အနည်းဆုံး ဒေါ်လာ ၉ သန်းစီကိုလည်း ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အသင်းတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG