သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမ႓ာ့ဖလားေဘာ္လံုးပဲြ ဆက္ႏဲႊဖို႔ အာဂ်င္တီးနား အတြက္ လမ္းပြင့္သြားၿပီ


FIFA World Cup Qatar 2022 - Group C - Argentina v Mexico

ကမ႓ာ့ဖလားေဘာ္လံုးပဲြ ဆက္ႏဲႊဖို႔ အာဂ်င္တီးနား အတြက္ လမ္းပြင့္သြားၿပီ

{{Zawgyi/Unicode}}
ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမ႓ာ႔ဖလားေဘာလုံးပဲြ စေနေန႔ပဲြစဥ္ေတြမွာေတာ့ အာဂ်င္တီးနားနဲ႔ မကၠဆီကို ယွဥ္ျပဳိင္ ကစားၾကရာမွာ အာဂ်င္တီးနားက ၂ ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းက ကမ႓ာေက်ာ္တိုက္စစ္မႈး Lionel Messi က ဒုတိယပိုင္း ၆၄ မီးနစ္မွာ ပထမဂိုးသြင္းယူခဲ့ၿပီး၊ လူစားထိုး၀င္ေရာက္လာတဲ့ Enzo Fernandez က ပဲြၿပီးခါနီး ၈၇ မီးနစ္အေရာက္မွာ အာဂ်င္တီးနားအတြက္ ဒုတိယ ဂိုးသြင္းယူခဲ့ပါတယ္။

အာဂ်င္တီးနားကစားသမား Lionel Messi ဟာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္ၿပီး ဒီႏွစ္ကမ႓ာ့ဖလားဟာ သူ႔အတြက္ေနာက္ဆုံး ပဲြျဖစ္ဖို႔မ်ားပါတယ္။

ကမ႓ာ့ပဲြစဥ္ေတြမွာ အစဥ္အလာအရ နာမည္ေက်ာ္ခဲ့တဲ့ အာဂ်င္တီးနား အသင္းဟာ သူရဲ႔ပထမပဲြစဥ္မွာ ေဆာ္ဒီအာေရးဗီးယားအသင္းကို ၂ ဂိုး၊ ၁ ဂိုးနဲ႔ရႈံးခဲ့တဲ့အတြက္ အေတာ္အံ့အားသင့္ခဲ့ၾကပါတယ္။

အာဂ်င္းတီးနားကိုႏိုင္ခဲ့တဲ့ ေဆာ္ဒီအသင္းဟာ စေနေန႔ပဲြစဥ္မွာေတာ့ ပိုလန္ကို ၂ ဂိုး၊ ဂိုးမရွိနဲ႔ ရႈံးခဲ့ပါတယ္။ ပိုလန္က အႏိုင္ရခဲ့ပါတယ္။ ေနာက္ပဲြစဥ္တခုျဖစ္တဲ့ ျပင္သစ္နဲ႔ ဒိန္းမတ္ပဲြမွာေတာ့ ျပင္သစ္က ၂ ဂိုး၊ ၁ ဂိုးနဲ႔ ဒိန္းမတ္ကိုအႏိုင္ရ လိုက္ပါတယ္။

ဒါေၾကာင့္ အုပ္စု C ပြဲစဥ္ေတြအျဖစ္ စေနေန႔က အႏိုင္ရခဲ့တဲ့ ၂ သင္းျဖစ္တဲ့ ပိုလန္နဲ႔ အာဂ်င္တီးနား တတိယပဲြ ကစားရမွာျဖစ္ၿပီး၊ ရႈံးခဲ့တဲ့ ေဆာ္ဒီအာေရးဗီးယားနဲ႔ မကၠဆီကိုတို႔ ထပ္မံ ကစားၾကရမွာျဖစ္ပါတယ္။

စေနေန႔ပဲြစဥ္ေတြထဲက တခုျဖစ္တဲ့ ၾသစေၾတးလ်နဲ႔ တူနီးရွားပဲြမွာေတာ့ ၾသစေၾတးလ်က ၁ ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ လာမယ့္ ဗုဒၶဟူးေန႔မွာေတာ့ ၾသစေၾတးလ် က ဒိန္းမတ္နဲ႔ ကစားရမွာျဖစ္ၿပီး၊ တူနီးရွားနဲ႔ ျပင္သစ္တို႔ေတြ႔ ၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

ကမ္ဘာ့ဖလားဘော်လုံးပွဲ ဆက်နွဲှဖို့ အာဂျင်တီးနား အတွက် လမ်းပွင့်သွားပြီ

{{Zawgyi/Unicode}}
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ စနေနေ့ပွဲစဉ်တွေမှာတော့ အာဂျင်တီးနားနဲ့ မက္ကဆီကို ယှဉ်ပြိုင် ကစားကြရာမှာ အာဂျင်တီးနားက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ကမ္ဘာကျော်တိုက်စစ်မှုး Lionel Messi က ဒုတိယပိုင်း ၆၄ မီးနစ်မှာ ပထမဂိုးသွင်းယူခဲ့ပြီး၊ လူစားထိုးဝင်ရောက်လာတဲ့ Enzo Fernandez က ပွဲပြီးခါနီး ၈၇ မီးနစ်အရောက်မှာ အာဂျင်တီးနားအတွက် ဒုတိယ ဂိုးသွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားကစားသမား Lionel Messi ဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်ကမ္ဘာ့ဖလားဟာ သူ့အတွက်နောက်ဆုံး ပွဲဖြစ်ဖို့များပါတယ်။

ကမ္ဘာ့ပွဲစဉ်တွေမှာ အစဉ်အလာအရ နာမည်ကျော်ခဲ့တဲ့ အာဂျင်တီးနား အသင်းဟာ သူရဲ့ပထမပွဲစဉ်မှာ ဆော်ဒီအာရေးဗီးယားအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ရှုံးခဲ့တဲ့အတွက် အတော်အံ့အားသင့်ခဲ့ကြပါတယ်။

အာဂျင်းတီးနားကိုနိုင်ခဲ့တဲ့ ဆော်ဒီအသင်းဟာ စနေနေ့ပွဲစဉ်မှာတော့ ပိုလန်ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ပိုလန်က အနိုင်ရခဲ့ပါတယ်။ နောက်ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဒိန်းမတ်ပွဲမှာတော့ ပြင်သစ်က ၂ ဂိုး၊ ၁ ဂိုးနဲ့ ဒိန်းမတ်ကိုအနိုင်ရ လိုက်ပါတယ်။

ဒါကြောင့် အုပ်စု C ပွဲစဉ်တွေအဖြစ် စနေနေ့က အနိုင်ရခဲ့တဲ့ ၂ သင်းဖြစ်တဲ့ ပိုလန်နဲ့ အာဂျင်တီးနား တတိယပွဲ ကစားရမှာဖြစ်ပြီး၊ ရှုံးခဲ့တဲ့ ဆော်ဒီအာရေးဗီးယားနဲ့ မက္ကဆီကိုတို့ ထပ်မံ ကစားကြရမှာဖြစ်ပါတယ်။

စနေနေ့ပွဲစဉ်တွေထဲက တခုဖြစ်တဲ့ သြစတြေးလျနဲ့ တူနီးရှားပွဲမှာတော့ သြစတြေးလျက ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ သြစတြေးလျ က ဒိန်းမတ်နဲ့ ကစားရမှာဖြစ်ပြီး၊ တူနီးရှားနဲ့ ပြင်သစ်တို့တွေ့ ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG