သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Ecuador's fans sing prior to the World Cup group A soccer match between Netherlands and Ecuador, at the Khalifa International Stadium in Doha, Qatar, Nov. 25, 2022.



{{Zawgyi/Unicode}}





please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

...............................................

ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးအခြေအနေ

{{Zawgyi/Unicode}}
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ၆ ရက်မြောက် သောကြာပွဲတွေမှာတော့ အိမ်ရှင် ကာတာနိုင်ငံဟာ သူ့ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆီနီဂေါ နဲ့ ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့အတွက် ဆက်လက် ယှဉ်ပြိုင်ခွင့်ရတော့ မှာ မဟုတ်ဘဲ ထွက်ရမှာဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ ကာတာနိုင်ငံ က တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆီနီဂေါ က အသာစီးရပြီး ၃ ဂိုးသွင်းခဲ့ပါတယ်။ အုပ်စု A ပွဲစဉ်တွေထဲက နယ်သာလန် နဲ့ အီကွေဒေါပွဲမှာတော့ ၁ ဂိုး ၁ ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ဒါကြောင့် ကာတာနိုင်ငံ ဟာ လာမယ့် အင်္ဂါနေ့မှာ နယ်သာလန် နဲ့ တတိယပွဲကစားရဦးမှာ ဖြစ်ပေမယ့် ရှုံသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကာတာဟာ ဆက်လက်ယှဉ် ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ အုပ်စုပွဲမှာ အမှတ်နဲ့ရှုံးတဲ့အတွက် ထွက်ရမှာဖြစ်ပါတယ်။

နယ်သာလန် နဲ့ သရေကျခဲ့တဲ့ အီကွေဒေါဟာ ကာတာကို အနိုင်ရခဲ့တဲ့ ဆီနီဂေါနဲ့ လာမယ့် အင်္ဂါနေ့ကြရင် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ သရေကျတယ်ဆိုရင်တောင် အီကွေဒေါရော၊ ဆီနီဂေါ ပါ နှစ်သင်းစလုံး ဆက်လက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

အီရန်အသင်းကတော့ ဝေးလ (Wales) အသင်းကို ၂ ဂိုး-ဂိုးမရှိ နဲ့ နိုင်ခဲ့ပါတယ်။ ဝေလ (Wales) အသင်းဟာ အမေရိကန်ကို ၁ ဂိုး-၁ ဂိုးနဲ့ သရေကျထားတဲ့ အသင်းဖြစ်ပါတယ်။ အီရန်အသင်းဟာ အင်္ဂလန် အသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ရှုံးထားပါတယ်။

သောကြာနေ့မှာဘဲ အမေရိကန်နဲ့ အင်္ဂလန်တို့ အကြိတ်အနယ် ကစားခဲ့ကြပေမယ့် တဘက်ကမှ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ဂိုးမရှိ သရေဖြစ်သွားပါတယ်။ အမေရိကန်အသင်းဟာ အုပ်စုပွဲ ၂ ပွဲကစားခဲ့တဲ့ အထဲမှာ နှစ်ပွဲလုံး သရေဖြစ်နေပါတယ်။

XS
SM
MD
LG