သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Richarlison marca o segundo golo contra a Sérvia, em jogo do grupo G do Mundial do Qatar. Lusail Stadium em Lusail. Qatar. 24 Nov, 2022



{{Zawgyi/Unicode}}



တိုက်ရိုက် လင့်ခ်

..........................................

ကမ္ဘာ့ဖလား နောက်ဆုံးပွဲမှာ ဘရာဇီး၊ ဆာဗီးယားကို ၂ ဂိုး၊ ဂိုးမရှိနဲ့နိုင်

{{Zawgyi/Unicode}}
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြာသပတေးနေ့ ပွဲစဉ်မှာတော့ ကမ္ဘာ့နံပတ် ၁ အသင်းဖြစ်တဲ့ ဘရာဇီးက ပြိုင်ဖက် ဆာဗီးယား အသင်းကို၂ ဂိုးပြတ် နဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးမရခဲ့ကြပဲ ဒုတိယပိုင်းရောက်တဲ့ အခါကျမှ ဘရာဇီး ရှေ့တန်းအလယ် တိုက်စစ်မှူး Richarlison ကပဲ ၂ ဂိုးစလုံးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာဖလား ချန်ပီယံဆု ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးအသင်းရဲ့ တိုက်စစ်ကို ဆာဗီးယားအသင်းက အစောပိုင်းမှာ ခံစစ်နဲ့ ကစားခဲ့ပေမဲ့လည်း၊ နောက်ပိုင်း ဘရာဇီးက အနိုင်ဂိုးတွေ ရတဲ့ အချိန်မှာတော့ တိုက်စစ်နဲ့ ပြောင်းကစားခဲ့တာပါ။

ပေါ်တူဂီနဲ့ ဂါနာ ပွဲစဉ်မှာတော့ ပေါ်တူဂီက က ဂါနာကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရပါတယ်။ ပေါ်တူဂီအသင်းက နာမည်ကျော် ကစားသမား Cristiano Ronaldo ကတော့ ကမ္ဘာ့ဖလားပွဲ ၅ ကြိမ် ကစားဖူးသူအဖြစ် စံချိန်တင်ခဲ့တာပါ။ ကြာသပတေးနေ့ ပွဲစဉ်တွေထဲက ဆွစ်ဇာလန်နဲ့ ကင်မရွန်းပွဲမှာတော့၊ ဆွစ်ဇာလန်က ကင်မရွန်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပါတယ်။ ထူးခြားတာက ဂိုးသွင်းခဲ့တဲ့ ဆွစ်ဇာလန် တိုက်စစ်မှူး Breel Embolo ဟာ ကင်မရွှန်းနိုင်ငံမှာ မွေးခဲ့သူဖြစ်ပြီး သူမွေးရပ်မြေကအသင်းကို ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ကစားတဲ့ ဥရုဂွေးနဲ့ တောင်ကိုရီးယား ပွဲစဉ်မှာတော့ တဖက်နဲ့တဖက် ဂိုးမရဘဲ သရေနဲ့ပြီးဆုံးသွားပါတယ်။

XS
SM
MD
LG