သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



FBL-WC-2022-MATCH01-QAT-ECU



{{Zawgyi/Unicode}}




တိုက်ရိုက် လင့်ခ်

...............................................................

ကမ္ဘာ့ဖလားပွဲဦးထွက်မှာ အိမ်ရှင် ကာတာနိုင်ငံ အီကွေဒေါကို ၂ ဂိုး၊ ဂိုးမရှိနဲ့ရှုံး

{{Zawgyi/Unicode}}
တနင်္ဂနွေနေ့က စတင်လိုက်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေမှာ ပွဲဦးထွက်အဖြစ် အီကွေဒေါ အသင်းနဲ့ ကစားကြရာ အိမ်ရှင်ကာတာအသင်းက ၂ ဂိုးပြတ်နဲ့ ရှုံးသွားပါတယ်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ Al Bayt အားကစားကွင်းကြီးအတွင်း ပရိတ်သတ် ၆ သောင်း ၇ ထောင်ကျော်ရဲ့ ရှေ့မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး တဆက်တည်း အိမ်ရှင်ကာတာနဲ့ အီကွေဒေါ အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ခဲ့တဲ့ ၁၉၃ဝ ပြည့်နှစ်ကနေ နှစ်ပေါင်း ၉၂ နှစ်အတွင်း ပွဲဦးထွက်မှာ အိမ်ရှင်အသင်း ရှုံးတာဟာ အခုတကြိမ်ကတော့ ပထမဆုံး ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း အထူးသဖြင့် Persian ပင်လယ်ကွေ့ဒေသမှာ အာရပ်နိုင်ငံတွေထဲက နိုင်ငံငယ်တခုဖြစ်တဲ့ ကာတာမှာ ပထမဦးဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဖွင့်ပွဲမှာတော့ ဟောလိဝုဒ်က အော်စကာဆုရ မင်းသားကြီး Morgan Freeman ပါဝင်ခဲ့ပြီး နာရီဝက်လောက်ကြာ တခမ်းတနား ကျင်းပတဲ့ပွဲကိုတော့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed Bin Salman အပါအဝင် သြဇာကြီးမား လူသိများသူတွေလည်း တက်ရောက် ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပတဲ့ ကာတာနိုင်ငံဟာ အားကစားကွင်းတွေ ဆောက်လုပ်ရာမှာ အဓိက ပါဝင်ခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာ၊ လိင်တူဆက်ဆံသူတွေကို အစောပိုင်းတုန်းက ကန့်သတ်တာတွေ ရှိခဲ့သလို၊ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့အတွက် မဲအသာရအောင် မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

XS
SM
MD
LG