သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာတာ ကမၻာ့ေဘာလံုးပဲြ မြတ္ဆလင္ေတြ မတက္ဖို႔ Al Qaida သတိေပး


Fanatik Foutbòl nan Festival Ouveti Mondyal FIFA a nan Pak Al Bidda, Doha, Qatar, 19 Nov. 2022.

အေရွ႕အလယ္ပိုင္း ကာတာႏိုင္ငံမွာ စတင္က်င္းပေတာ့မဲ့ ကမၻာ့ဖလား ေဘာလုံးပဲြကို ကမၻာ့တဝွမ္း က မြတ္ဆလင္ေတြ အေနနဲ႔ ေရွာင္ရွားၾကဖို႔ ေဒသဆိုင္ရာ Al Qaida အစၥလန္မစ္ အစြန္းေရာက္အဖြဲ႔ က တိုက္တြန္းလိုက္ပါတယ္။

ကာတာ ကမၻာ့ေဘာလံုးပဲြ မြတ္ဆလင္ေတြ မတက္ဖို႔ Al Qaida သတိေပး

{{Zawgyi/Unicode}}
အေရွ႕အလယ္ပိုင္း ကာတာႏိုင္ငံမွာ စတင္က်င္းပေတာ့မဲ့ ကမၻာ့ဖလား ေဘာလုံးပဲြကို ကမၻာ့တဝွမ္း က မြတ္ဆလင္ေတြ အေနနဲ႔ ေရွာင္ရွားၾကဖို႔ ေဒသဆိုင္ရာ Al Qaida အစၥလန္မစ္ အစြန္းေရာက္အဖြဲ႔ က တိုက္တြန္းလိုက္ပါတယ္။ အဲဒီအဖြဲ႔အေနနဲ႔ ကမၻာ့ဖလားပြဲကို တိုက္ခိုက္ အၾကမ္းဖက္ဖို႔ ၿခိမ္းေျခာက္တာေတြ မလုပ္ေတာ့ေပမဲ႔လည္း သူတို႔ရဲ႕ သေဘာထားကိုေတာ့ ေၾကညာခ်က္ ထုတ္ျပန္ထားတယ္လို႔ ေလ့လာေစာင့္ၾကည့္ေရး အုပ္စုတစု က ေျပာပါတယ္။

ကာတာႏိုင္ငံအေနနဲ႔ ဘုရားမဲ့ဝါဒေတြ ၊ အက်င့္ပ်က္ ျခစားမႈေတြ၊ လိင္တူ ဆက္ဆံသူေတြ နဲ႔ အက်င့္စာရိတၱ ပ်က္စီးေနတာေတြကို မိမိတုိ႔ အာေရဗ်ကြ်န္းဆြယ္ေဒသကို ေခၚေဆာင္လာတယ္လို႔ Yemen အေျခစိုက္ Al Qaida အဖြဲ႔က ေဝဖန္လိုက္ပါတယ္။ အခု ကမၻာ့ဖလား ေဘာလုံးၿပိဳင္ပြဲဟာ အသိမ္းပိုက္ခံေနရတဲ့ မိမိတို႔ မြတ္ဆလင္ ႏိုင္ငံေတြ နဲ႔ ဖိႏိုပ္ခံေနၾကရမႈေတြအေပၚမွာ အာရုံလြဲသြားေစတယ္လို႔လည္း ေျပာပါတယ္။

အဲဒီလို အေျခအေနေတြေၾကာင့္ ဒီလိုက်င္းပတဲ့ပြဲကို မိမိတို မြတ္ဆလင္ ညီေနာင္ေတြအေနနဲ႔ တက္ေရာက္ဆင္ႏႊဲၾကတာကေန ေရွာင္ရွားၾကဖို႔ သတိေပးလိုက္ပါတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားတဲ့အေၾကာင္း ေလ့လာေတြ႔ရွိထားတယ္လို႔ SITE ေခၚ ေထာက္လွမ္းစုံစမ္းေရးအဖြဲ႔ က အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။

LGBT ေခၚ လိင္စိတ္ကြဲျပားသူေတြ အေပၚ ကန္႔သတ္မူ အပါအဝင္ လူ႔အခြင့္အေရး မွတ္တမ္းေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ခံေနရတဲ့ အိမ္ရွင္ ကာတာ ႏိုင္ငံကေတာ့ ေနာက္ပိုင္းမွာ မည္သူကိုမဆို လြတ္လပ္စြာ လာေရာက္ၿပီး ကမၻာ့ဖလား ေဘာလုံးပြဲကို ၾကည့္ရႈႏိုင္ေၾကာင္း ဖိတ္ေခၚလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

ကာတာ ကမ္ဘာ့ဘောလုံးပွဲ မွတ်ဆလင်တွေ မတက်ဖို့ Al Qaida သတိပေး

{{Zawgyi/Unicode}}
အရှေ့အလယ်ပိုင်း ကာတာနိုင်ငံမှာ စတင်ကျင်းပတော့မဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကမ္ဘာ့တဝှမ်း က မွတ်ဆလင်တွေ အနေနဲ့ ရှောင်ရှားကြဖို့ ဒေသဆိုင်ရာ Al Qaida အစ္စလန်မစ် အစွန်းရောက်အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ ကမ္ဘာ့ဖလားပွဲကို တိုက်ခိုက် အကြမ်းဖက်ဖို့ ခြိမ်းခြောက်တာတွေ မလုပ်တော့ပေမဲ့လည်း သူတို့ရဲ့ သဘောထားကိုတော့ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ လေ့လာစောင့်ကြည့်ရေး အုပ်စုတစု က ပြောပါတယ်။

ကာတာနိုင်ငံအနေနဲ့ ဘုရားမဲ့ဝါဒတွေ ၊ အကျင့်ပျက် ခြစားမှုတွေ၊ လိင်တူ ဆက်ဆံသူတွေ နဲ့ အကျင့်စာရိတ္တ ပျက်စီးနေတာတွေကို မိမိတို့ အာရေဗျကျွန်းဆွယ်ဒေသကို ခေါ်ဆောင်လာတယ်လို့ Yemen အခြေစိုက် Al Qaida အဖွဲ့က ဝေဖန်လိုက်ပါတယ်။ အခု ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ အသိမ်းပိုက်ခံနေရတဲ့ မိမိတို့ မွတ်ဆလင် နိုင်ငံတွေ နဲ့ ဖိနိုပ်ခံနေကြရမှုတွေအပေါ်မှာ အာရုံလွဲသွားစေတယ်လို့လည်း ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ဒီလိုကျင်းပတဲ့ပွဲကို မိမိတို မွတ်ဆလင် ညီနောင်တွေအနေနဲ့ တက်ရောက်ဆင်နွှဲကြတာကနေ ရှောင်ရှားကြဖို့ သတိပေးလိုက်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားတဲ့အကြောင်း လေ့လာတွေ့ရှိထားတယ်လို့ SITE ခေါ် ထောက်လှမ်းစုံစမ်းရေးအဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

LGBT ခေါ် လိင်စိတ်ကွဲပြားသူတွေ အပေါ် ကန့်သတ်မူ အပါအဝင် လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ အိမ်ရှင် ကာတာ နိုင်ငံကတော့ နောက်ပိုင်းမှာ မည်သူကိုမဆို လွတ်လပ်စွာ လာရောက်ပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။

XS
SM
MD
LG