သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်စည်းမျဉ်းကြောင့် အာဂျင်တီးနား-ဘရာဇီးဘောလုံးပွဲရပ်ဆိုင်းရ


 ဘော်လုံးသမား မက်ဆီနဲ့နမော (ဓာတ်ပုံ - Reuters)
ဘော်လုံးသမား မက်ဆီနဲ့နမော (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ဘရာဇီးနိုင်ငံ São Paulo မြို့မှာ မနေ့ စက်တင်ဘာ ၅ ရက်နေ့က အာဂျင်တီးနားနဲ့ ဘရာဇီး ဘောလုံးအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားတဲ့အချိန် ဘရာဇီး ကျန်းမာရေးအရာရှိတွေ ကွင်းထဲဝင် ဟန့်တားခဲ့တဲ့အတွက် ဘောလုံးပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။

Neo Quimica Arena အားကစားကွင်းထဲမှာ ပွဲစပြီး ၇ မိနစ်အကြာ ဘရာဇီး ကျန်းမာရေး အရာရှိတွေ ကွင်းထဲကိုဝင်လာပြီး အင်္ဂလန်ကရောက်လာတဲ့ အာဂျင်တီးနား ဘောလုံးသမား သုံးယောက်ကို အရေးယူဖို့ ပြင်ဆင်ရင်း ငြင်းခုံကြပြီးတဲ့နောက် ကစားပွဲကို ရပ်ဆိုင်းခဲ့ရတာပါ။

Premier Legauge မှာကစားကြတဲ့ အာဂျင်တီးနား ကစားသမားသုံးယောက်ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်တွေ လိမ်ညာခဲ့တဲ့အပြင် ကိုဗစ်-19 ကျန်းမာရေးအရ စောင့်ထိန်းရမယ့် စည်းကမ်းတွေကို ဖေါက်ဖျက်ခဲ့တယ်လို့ ဘရာဇီးအစိုးရက စွပ်စွဲထားပါတယ်။ အင်္ဂလန်က ရောက်လာတဲ့ ကစားသမား ၃ ယောက်ဟာ ကစားပွဲမှာ မပါဝင်ဘဲ ကွာရန်တင်း အရင်ဝင်ရမယ်လို့ ဘရာဇီး ကျန်းမာရေးအရာရှိတွေက ပြောဆိုထားတာပါ။

အာဂျင်တီးနားနဲ့ ကစားပွဲကို ရပ်ဆိုင်းလိုက်ချိန်မှာ အာဂျင်တီးနားအသင်း ကက်ပတိန် Lionel Messi နဲ့ ဘာရာဇီးအသင်းက Neymar လည်း ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။ ကျနော်တို့ ဒီမှာ ရောက်နေတာ တနာရီလောက်ရှိပြီ၊ စောစောက မပြောဘဲ၊ ဘောလုံးပွဲစပြီးမှ ကွင်းထဲဝင် ပွဲကို ရပ်ဆိုင်းတာ မဖြစ်သင့်ဘူးလို့လည်း Messi က ဝေဖန်ပြောဆိုပါတယ်။

မနေ့က နှစ်ဖက် ဂိုးမရှိနဲ့ ရပ်ဆိုင်းခဲ့ရတဲ့ ပွဲကို ဆက်ကန်ခွင့်ပေးဖို့ တောင်းဆိုနေပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG