သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပွဲကျင်းပရာ တိုကျိုမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်


(Zawgyi/ Unicode)

ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ အိုလံပစ် အားကစား ပွဲတော်တွေ ကျင်းပနေချိန်မှာဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ စံချိန်တင် များပြားလာကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၄,၀၅၈ ရှိပြီး ဒီအရေအတွက်ဟာဆိုရင် ကူးစက်ခံရသူ အသစ် အရေအတွက် ၄,၀၀၀ အထက်ကို ပထမဆုံး အကြိမ် ရောက်ရှိလာကြောင်း မြို့တော် အုပ်ချုပ်ရေး အဖွဲ့က ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရေး အတွက် သြဂုတ်လကုန်ပိုင်း ထိ မြို့တော် တိုကျိုမှာ အရေးပေါ် အခြေအနေ သက်တမ်း တိုးခဲ့ပြီး နောက်တနေ့မှာဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ သက်တမ်းတိုးလိုက်တဲ့ အထဲမှာ တိုကျိုမြို့တော် အနီးက ဒေသ သုံးခု နဲ့ အနောက်ပိုင်းက အိုဆာကာ လည်း ပါဝင်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာလည်း စနေနေ့မှာ အများဆုံးဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၁၂,၃၄၁ ဦး ရှိပြီး အရင်တရက်နဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ကြောင်း NHK ဂျပန်သတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG