သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး


Flora Duffy of Bermuda celebrates after crossing the finish line to win the gold medal in the women's individual triathlon competition at the 2020 Summer Olympics, July 27, 2021, in Tokyo, Japan.
Flora Duffy of Bermuda celebrates after crossing the finish line to win the gold medal in the women's individual triathlon competition at the 2020 Summer Olympics, July 27, 2021, in Tokyo, Japan.

{{Zawgyi/Unicode}}

အားကစားနဲ့ပတ်သက်လို့ အောင်ပွဲရစင်မြင့်တွေမှာ တွေ့ရခဲတဲ့နိုင်ငံတွေက အားကစားသမားတွေ ဂျပန်နိုင်ငံ တိုကျိုအိုလံပစ် အားကစားပွဲမှာ ရွှေ့တံဆိပ်တွေ ဆွတ်ခူးနေကြပါတယ်။

တိုကျိုအိုလံပစ် အားကစားရုံမှာဆန့်တဲ့ လူဦးရေသာရှိတဲ့ ဗြိတိန်နိုင်ငံပိုင် ဘာမြူဒါကျွန်းအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကိုတော့ ရေကူး၊ စက်ဘီးနဲ့ အပြေး အားကစား ၃ မျိုး ပေါင်းထားတဲ့ Triathlon အမျိုးသမီးပွဲစဉ်မှာ Flora Duff၊ က ဆွတ်ခူးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံသူ Hidilyn Diaz ကလည်း အလေးမပြိုင်ပွဲမှာ အနိုင်ရပြီး ၉၇ နှစ်အကြာ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး
နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး

နောက်ထပ် ရွှေတံဆိပ်ဆုရှင်တွေထဲမှာတော့ Fencing ဓားသိုင်းပြိုင်ပွဲမှာ ဟောင်ကောင်က Cheung Ka Long နဲ့ မီတာ ၄၀၀ အလွတ်တန်ရေးကူးပြိုင်ပွဲမှာ တူနီးရှားနိုင်ငံက Ahmed Hafnaoui တို့လည်း ပါဝင်ကြပါတယ်။

နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး
နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး

တူနီးရှားအတွက်လည်း ဒါပထမဆုံးရွှေတံဆိပ်ဆု ဖြစ်ပါတယ်။ ကိုဆိုဗိုနိုင်ငံက Distria Krasniqi နဲ့ Nora Gjakov တို့လည်း ဂျူဒိုပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ဆွတ်ခူးသွားခဲ့ကြပါတယ်။

အိုလံပစ် ကြက်တောင်အားကစားပွဲမှာ ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားမယ် သက်ထားသူဇာကတော့ ဘယ်လ်ဂျီယံနိုင်ငံသူ Lianne Tan နဲ့အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ရာမှာ နှစ်ပွဲပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ဂျူလိုင် ၂၇ ရက်နေ့ကပဲ ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။

မြန်မာကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာ
မြန်မာကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာ
နိုင်ငံငယ်တချို့ အိုလံပစ်မှာ ပထမဆုံး ရွှေတံဆိပ်တွေဆွတ်ခူး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

............................

{{Unicode}}






XS
SM
MD
LG