သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစိုးရအေပၚ ေ၀ဖန္မႈနဲ႔ အီရန္အမ်ဳိးသား ေဘာလုံးသမားေဟာင္း ဖမ္းဆီးခံရ 


Voria Ghafouri وریا غفوری، فوتبالیست سرشناس ایرانی

နာမည္ေက်ာ္ အီရန္ အမ်ဳိးသား ေဘာလံုးသမားေဟာင္း Voria Ghafouri ကို အစိုးရအေပၚ ေ၀ဖန္မႈနဲ႔ အီရန္အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ေၾကာင္း အစိုးရနဲ႔ နီးစပ္တဲ့ သတင္းဌာနေတြက ၾကာသပေတးေန႔မွာ ေဖာ္ျပလိုက္ပါတယ္။ 

အစိုးရအေပၚ ေ၀ဖန္မႈနဲ႔ အီရန္အမ်ဳိးသား ေဘာလုံးသမားေဟာင္း ဖမ္းဆီးခံရ

{{Zawgyi/Unicode}}
နာမည္ေက်ာ္ အီရန္ အမ်ဳိးသား ေဘာလံုးသမားေဟာင္း Voria Ghafouri ကို အစိုးရအေပၚ ေ၀ဖန္မႈနဲ႔ အီရန္အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ေၾကာင္း အစိုးရနဲ႔ နီးစပ္တဲ့ သတင္းဌာနေတြက ၾကာသပေတးေန႔မွာ ေဖာ္ျပလိုက္ပါတယ္။

အီရန္ေဘာလံုးအသင္းကို ေစာ္ကားတဲ့အျပင္ အစိုးရဆန္႔က်င္တဲ့ ဝါဒျဖန္႔မႈေတြ လုပ္ေနတာေၾကာင့္ ဖမ္းဆီးခံခဲ့ရတယ္လို႔ အီရန္အစိုးရအာေဘာ္ သတင္းဌာနေတြျဖစ္တဲ့ Fars နဲ႔Tasnim သတင္းေတြမွာ ေဖၚျပထားပါတယ္။

Ghafouri ဟာ အီရန္အာဏာပိုင္ေတြကို တေလွ်ာက္လံုးေဝဖန္ခဲ့သူ ျဖစ္ၿပီး အခု ကမာၻ႔ဖလားပြဲကိုလည္း မသြားဖို႔ ဆံုးျဖတ္ခဲ့သူပါ။ အမ်ိဳးသား ေဘာလံုးပြဲစဥ္ေတြကို အမ်ိဳးသမီးေတြ လာမၾကည့္ရ ကာလတာရွည္ တားျမစ္ထားတာကို သူကဆန္႔က်င္သလို အေနာက္ႏိုင္ငံေတြက ဒဏ္ခတ္မႈေတြၾကံဳလာေစတဲ႔ အီရန္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကိုလည္း သူက လက္မခံပါဘူး။

ကမာၻ႔ဖလားပြဲရဲ႕ ေသာၾကာေန႔မွာ ျပဳလုပ္မယ့္ အီရန္နဲ႔ Wales တို႔ ရဲ႕ ပြဲစဥ္မတိုင္ခင္ အခုလို သူအဖမ္းခံရတာလည္း ျဖစ္ပါတယ္။ အီရန္ရဲ႕ ပထမဆံုးပြဲစဥ္တုန္းကေတာ့ England အသင္းနဲ႔ ေတြ႕ခဲ့ၿပီး ၆ ဂိုး- ၂ ဂိုးနဲ႔ ရံႈးခဲ့တာပါ။ အဲဒီပြဲမွာ အီရန္အသင္းဟာ ႏိုင္ငံေတာ္သီခ်င္းကို မဆိုပဲ အီရန္ႏိုင္ငံတြင္းက ဆႏၵျပမႈေတြကို ေထာက္ခံေၾကာင္း ျပသခဲ့သလို သူတို႔ ပရိတ္သတ္တခ်ိဳ႕ကလည္း ေထာက္ခံေၾကာင္း ျပခဲ့ၾကပါတယ္။

အီရန္ႏိုင္ငံက အစိုးရဆန္႔က်င္ဆႏၵျပပဲြေတြက ကမာၻ႔ဖလား ေဘာလုံးပဲြမွာ အီရန္အသင္းရဲ႕ ပါ၀င္မႈအေပၚ အရိပ္မိုးေနခ်ိန္မွာပဲ အားကစားသမားေဟာင္း ဖမ္းဆီးခံခဲ့ရတာပါ။

စက္တင္ဘာ ၁၆ ရက္တုန္းက အသက္ ၂၂ ႏွစ္အရြယ္ Kurd အမ်ိဳးသမီး Mahsa Amini ေခါင္းစည္း စည္းကမ္းနဲ႔အညီ မ၀တ္ဖူးဆိုတဲ့ စြပ္စဲြခ်က္နဲ႔ အဖမ္းခံရစဥ္ ေသဆံုးခဲ့တာအတြက္ ႏိုင္ငံတလႊား ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့တာပါ။ Ghafouri နဲ႔ Amini တို႔ ၂ ဦးစလံုးဟာ အီရန္အာဏာပိုင္ေတြက အျပင္းအထန္ႏွိမ္နင္းေနတဲ့ အီရန္ဆႏၵျပမႈေတြအဓိက ျဖစ္ပြါးရာ အေနာက္ပိုင္း Kurd ေဒသက ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

အစိုးရအပေါ် ဝေဖန်မှုနဲ့ အီရန်အမျိုးသား ဘောလုံးသမားဟောင်း ဖမ်းဆီးခံရ

{{Zawgyi/Unicode}}
နာမည်ကျော် အီရန် အမျိုးသား ဘောလုံးသမားဟောင်း Voria Ghafouri ကို အစိုးရအပေါ် ဝေဖန်မှုနဲ့ အီရန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း အစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။

အီရန်ဘောလုံးအသင်းကို စော်ကားတဲ့အပြင် အစိုးရဆန့်ကျင်တဲ့ ဝါဒဖြန့်မှုတွေ လုပ်နေတာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ အီရန်အစိုးရအာဘော် သတင်းဌာနတွေဖြစ်တဲ့ Fars နဲ့Tasnim သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Ghafouri ဟာ အီရန်အာဏာပိုင်တွေကို တလျှောက်လုံးဝေဖန်ခဲ့သူ ဖြစ်ပြီး အခု ကမ္ဘာ့ဖလားပွဲကိုလည်း မသွားဖို့ ဆုံးဖြတ်ခဲ့သူပါ။ အမျိုးသား ဘောလုံးပွဲစဉ်တွေကို အမျိုးသမီးတွေ လာမကြည့်ရ ကာလတာရှည် တားမြစ်ထားတာကို သူကဆန့်ကျင်သလို အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုတွေကြုံလာစေတဲ့ အီရန်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း သူက လက်မခံပါဘူး။

ကမ္ဘာ့ဖလားပွဲရဲ့ သောကြာနေ့မှာ ပြုလုပ်မယ့် အီရန်နဲ့ Wales တို့ ရဲ့ ပွဲစဉ်မတိုင်ခင် အခုလို သူအဖမ်းခံရတာလည်း ဖြစ်ပါတယ်။ အီရန်ရဲ့ ပထမဆုံးပွဲစဉ်တုန်းကတော့ England အသင်းနဲ့ တွေ့ခဲ့ပြီး ၆ ဂိုး- ၂ ဂိုးနဲ့ ရှုံးခဲ့တာပါ။ အဲဒီပွဲမှာ အီရန်အသင်းဟာ နိုင်ငံတော်သီချင်းကို မဆိုပဲ အီရန်နိုင်ငံတွင်းက ဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ပြသခဲ့သလို သူတို့ ပရိတ်သတ်တချို့ကလည်း ထောက်ခံကြောင်း ပြခဲ့ကြပါတယ်။

အီရန်နိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေက ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အီရန်အသင်းရဲ့ ပါဝင်မှုအပေါ် အရိပ်မိုးနေချိန်မှာပဲ အားကစားသမားဟောင်း ဖမ်းဆီးခံခဲ့ရတာပါ။

စက်တင်ဘာ ၁၆ ရက်တုန်းက အသက် ၂၂ နှစ်အရွယ် Kurd အမျိုးသမီး Mahsa Amini ခေါင်းစည်း စည်းကမ်းနဲ့အညီ မဝတ်ဖူးဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရစဉ် သေဆုံးခဲ့တာအတွက် နိုင်ငံတလွှား ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာပါ။ Ghafouri နဲ့ Amini တို့ ၂ ဦးစလုံးဟာ အီရန်အာဏာပိုင်တွေက အပြင်းအထန်နှိမ်နင်းနေတဲ့ အီရန်ဆန္ဒပြမှုတွေအဓိက ဖြစ်ပွါးရာ အနောက်ပိုင်း Kurd ဒေသက ဖြစ်ပါတယ်။

XS
SM
MD
LG