သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ႏ်ဴကလီးယားလုပ္ငန္း ဟက္ကာေတြ ေဖာက္ထြင္းခံရ


(Zawgyi / Unicode)
အီရန္ အႏုျမဴ စြမ္းအင္ အဖြဲ႔ လက္ေအာက္က လုပ္ငန္းခြဲ တခုရဲ႕ ကြန္ျပဴတာ ကြန္ရက္ကို ဟက္ကာ အဖြဲ႔ တခုက ေဖာက္ထြင္းခဲ႔ၿပီးေနာက္ အီေမလ္း စနစ္ထဲကို ၀င္ေရာက္ခြင့္ ရသြားေၾကာင္း အႏုျမဴ စြမ္းအင္ အဖြဲ႔က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ေဖာက္ထြင္း ရယူသြားတဲ႔ အီေမလ္းေတြထဲမွာေတာ့ လုပ္ငန္းဆိုင္ရာ အေၾကာင္းအရာေတြ၊ ပံုမွန္ ေန႔စဥ္ ဆက္သြယ္ ေျပာဆိုမႈေတြ ပါ၀င္ေၾကာင္းလည္း တနဂၤေႏြေန႔ထုတ္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ Black Reward လို႔ သူတို႔ကိုယ္သူတို႔ သံုးႏႈန္း ေျပာဆိုတဲ႔ အဖြဲ႔တခုက သူတို႔ လက္ခ်က္ ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး အီရန္ရဲ႕ ႏ်ဴးကလီးယား စက္ရံုေတြရဲ႕ ပံုေတြ၊ ေနာက္ အီရႏ္ အႏုျမဴစြမ္းအင္ ေအဂ်င္စီထံက သတင္းအခ်က္အလက္ အနညး္ဆံုး ၅၀ ဂစ္ဂါဘိုက္ ေလာက္ကို ထုတ္ျပန္ထားၿပီး ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

Black Reward အဖြဲ႔ရဲ႕ အဆို အီရန္ အႏုျမဴစြမ္းအင္ ထုတ္လုပ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးဆိုင္ရာ ကုမၸဏီက အင္ဂ်င္နီယာနဲ႔ ၀န္ထမ္းေတြရဲ႕ လစာေတြနဲ႔ သူတို႔ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုလည္း ထုတ္ျပန္ထားေၾကာင္း ေျပာဆိုထားပါတယ္။ ဒါ႔အျပင္ Busherhr ဓာတ္အားေပး စက္ရံုမွာ အလုပ္လုပ္ေနတဲ႔ အီရန္နဲ႔ ႐ုရွား ကြ်မ္းက်င္သူေတြရဲ႕ ႏိုင္ငံကူး လက္မွတ္ေတြနဲ႔ ျပည္၀င္ခြင့္ေတြကိုလည္း ထုတ္ျပန္ထားေၾကာင္း ေျပာပါတယ္။

လတ္တေလာ ႏိုင္ငံတ၀န္း ဆႏၵျပပြဲေတြကေန ဖမ္းထားတဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြကို အီရန္ အစိုးရဘက္က ျပန္လႊတ္ေပးဖို႔လည္း အဲဒီ အဖြဲ႔က ေတာင္းဆိုထားပါတယ္။ ၿပီးခဲ႔တဲ႔ စက္တင္ဘာလ လယ္ပိုင္းမွာ အီရန္ ဘာသာေရး ရဲေတြက ဖမ္းဆီးထိန္းသိမ္းခံရၿပီး သံုးရက္ အၾကာမွာ Mahsa Amini ေသဆံုးခဲ႔ရမႈကေန ႏိုင္ငံတ၀န္း ဆႏၵျပပြဲေတြ ေပၚေပါက္လာတာပါ။ အမ်ိဳးသမီးေတြရဲ႕ ၀တ္စားဆင္ယင္မႈ ဆိုင္ရာ တင္းတင္းၾကပ္ၾကပ္ သတ္မွတ္ျပဌာန္းခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ အသက္ ၂၂ ႏွစ္ အရြယ္ Amini ဖမ္းဆီးခံခဲ႔ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အီရန်နျူကလီးယားလုပ်ငန်း ဟက်ကာတွေ ဖောက်ထွင်းခံရ


အီရန် အနုမြူ စွမ်းအင် အဖွဲ့ လက်အောက်က လုပ်ငန်းခွဲ တခုရဲ့ ကွန်ပြူတာ ကွန်ရက်ကို ဟက်ကာ အဖွဲ့ တခုက ဖောက်ထွင်းခဲ့ပြီးနောက် အီမေလ်း စနစ်ထဲကို ဝင်ရောက်ခွင့် ရသွားကြောင်း အနုမြူ စွမ်းအင် အဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဖောက်ထွင်း ရယူသွားတဲ့ အီမေလ်းတွေထဲမှာတော့ လုပ်ငန်းဆိုင်ရာ အကြောင်းအရာတွေ၊ ပုံမှန် နေ့စဉ် ဆက်သွယ် ပြောဆိုမှုတွေ ပါဝင်ကြောင်းလည်း တနင်္ဂနွေနေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Black Reward လို့ သူတို့ကိုယ်သူတို့ သုံးနှုန်း ပြောဆိုတဲ့ အဖွဲ့တခုက သူတို့ လက်ချက် ဖြစ်ကြောင်း ပြောဆိုထားပြီး အီရန်ရဲ့ နျူးကလီးယား စက်ရုံတွေရဲ့ ပုံတွေ၊ နောက် အီရန် အနုမြူစွမ်းအင် အေဂျင်စီထံက သတင်းအချက်အလက် အနည်းဆုံး ၅၀ ဂစ်ဂါဘိုက် လောက်ကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။ Black Reward အဖွဲ့ရဲ့ အဆို အီရန် အနုမြူစွမ်းအင် ထုတ်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကုမ္ပဏီက အင်ဂျင်နီယာနဲ့ ဝန်ထမ်းတွေရဲ့ လစာတွေနဲ့ သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် Busherhr ဓာတ်အားပေး စက်ရုံမှာ အလုပ်လုပ်နေတဲ့ အီရန်နဲ့ ရုရှား ကျွမ်းကျင်သူတွေရဲ့ နိုင်ငံကူး လက်မှတ်တွေနဲ့ ပြည်ဝင်ခွင့်တွေကိုလည်း ထုတ်ပြန်ထားကြောင်း ပြောပါတယ်။ လတ်တလော နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကနေ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အီရန် အစိုးရဘက်က ပြန်လွှတ်ပေးဖို့လည်း အဲဒီ အဖွဲ့က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လယ်ပိုင်းမှာ အီရန် ဘာသာရေး ရဲတွေက ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးရက် အကြာမှာ Mahsa Amini သေဆုံးခဲ့ရမှုကနေ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု ဆိုင်ရာ တင်းတင်းကြပ်ကြပ် သတ်မှတ်ပြဌာန်းချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၂၂ နှစ် အရွယ် Amini ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG