သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ၾကားျဖတ္ေရြးပဲြ ျပင္ပသတင္းတု ဝင္ေႏွာက္ဖြယ္ သုေတသီေတြသတိေပး


Voting precinct signs are stored at the Leon County Supervisor of Elections office prior to the midterm election in Tallahassee, Florida, Oct. 5, 2022.

လာမဲ့ အေမရိကန္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲကို ရန္သူေတြက ဖ်က္လုပ္ဖ်က္ဆီး လုပ္လာမွာကို အင္တာနက္ အြန္လိုင္းကေန သုေတသီ ပညာရွင္ေတြက ေျခရာခံ ရွာေဖြေနၾကပါတယ္။

ကန္ၾကားျဖတ္ေရြးပဲြ ျပင္ပသတင္းတု ဝင္ေႏွာက္ဖြယ္ သုေတသီေတြသတိေပး

{{Zawgyi/Unicode}}
လာမဲ့ အေမရိကန္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲကို ရန္သူေတြက ဖ်က္လုပ္ဖ်က္ဆီး လုပ္လာမွာကို အင္တာနက္ အြန္လိုင္းကေန သုေတသီ ပညာရွင္ေတြက ေျခရာခံ ရွာေဖြေနၾကပါတယ္။ ႐ုရွား၊ တ႐ုတ္ နဲ႔ တျခား ရန္ဖက္ႏိုင္ငံေတြကေန ေရွ႕လမွာ က်င္းပေတာ့မဲ့ အေမရိကန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲအေပၚမွာ သတင္းမွားျဖန႔္တာေတြ ၊ ၾသဇာလႊမ္းမိုးတဲ့ ေဆာင္႐ြက္ခ်က္ေတြ လုပ္ေဆာင္ဖို႔ ရည္႐ြယ္ေနၾကတယ္လို႔ အေမရိကန္ အစိုးရ အရာရွိေတြက သတိေပးခဲ့ၿပီး သီတင္း ၂ပတ္အၾကာမွာ အဲဒီလို ေျခရာခံၾကတာျဖစ္ပါတယ္။

အထူးသျဖင့္ ႐ုရွား နဲ႔ တ႐ုတ္ တို႔ဟာ အသက္မဝင္ေတာ့တဲ့ Social Media Accounts ေတြကို ျပန္လည္ အသုံးျပဳလို႔ရေအာင္လုပ္ေဆာင္ခဲ့တာ နဲ႔ တျခား ၾသဇာလႊမ္းမိုးႏိုင္တဲ့ အေနအထားေတြကို တိုးခ်ဲ႕လုပ္ေဆာင္ၿပီး အေမရိကန္ မဲဆႏၵရွင္ေတြကို လွည့္ျဖားတာေတြ၊ ပရမ္းပတာျဖစ္ေအာင္ေတြ ျဖစ္ေအာင္ ႀကံစည္ေနတဲ့အေၾကာင္း Cyber လုံၿခဳံေရး Recorded Future ကုမၸဏီက အစီရင္ခံစာတေဆာင္ထုတ္ျပန္ၿပီး သတိေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း ႐ုရွား နဲ႔ တ႐ုတ္ ၂ ႏိုင္ငံစလုံးက အေမရိကန္ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္စြက္ဖက္တာေတြ မလုပ္ခဲ့တဲ့အေၾကာင္း အရင္ကတည္းကတိုင္ ျငင္းဆိုခဲ့ေပမယ့္လည္း အေမရိကန္ ျပည္ေထာင္စု ဗဟို စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို FBI ရဲ႕ မၾကာေသးခင္က အျမင္သေဘာထားေတြအရ ရွာေဖြေတြ႕ရွိခ်က္ေတြကေတာ့ စိုးရိမ္စရာေတြ ပိုၿပီး တိုးမ်ားလာပုံရပါတယ္။

ႏိုင္ငံတဝွမ္း ေ႐ြးေကာက္ပြဲဆိုင္ရာ အေျခခံ အေဆာက္အဦေတြ လုံၿခဳံစိတ္ခ်ရတဲ့ အေနအထားမွာ ႐ုရွား၊ တ႐ုတ္ နဲ႔ အီရန္ တို႔လို Cyber အဖ်က္သမားေတြဟာ သတင္းမွားေတြ၊ ခ်ဲ႕ကားထားတာေတြကို ပ်ံ႕ႏွံေအာင္ တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း FBI ကလည္း ၿပီးခဲတဲ့ သီတင္းပတ္က သတိေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ကန်ကြားဖြတ်ရွေးပွဲ ပြင်ပသတင်းတု ဝင်နှောက်ဖွယ် သုတေသီတွေသတိပေး
{{Zawgyi/Unicode}}
လာမဲ့ အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲကို ရန်သူတွေက ဖျက်လုပ်ဖျက်ဆီး လုပ်လာမှာကို အင်တာနက် အွန်လိုင်းကနေ သုတေသီ ပညာရှင်တွေက ခြေရာခံ ရှာဖွေနေကြပါတယ်။ ရုရှား၊ တရုတ် နဲ့ တခြား ရန်ဖက်နိုင်ငံတွေကနေ ရှေ့လမှာ ကျင်းပတော့မဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ သတင်းမှားဖြန့်တာတွေ ၊ သြဇာလွှမ်းမိုးတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ရည်ရွယ်နေကြတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက သတိပေးခဲ့ပြီး သီတင်း ၂ပတ်အကြာမှာ အဲဒီလို ခြေရာခံကြတာဖြစ်ပါတယ်။

အထူးသဖြင့် ရုရှား နဲ့ တရုတ် တို့ဟာ အသက်မဝင်တော့တဲ့ Social Media Accounts တွေကို ပြန်လည် အသုံးပြုလို့ရအောင်လုပ်ဆောင်ခဲ့တာ နဲ့ တခြား သြဇာလွှမ်းမိုးနိုင်တဲ့ အနေအထားတွေကို တိုးချဲ့လုပ်ဆောင်ပြီး အမေရိကန် မဲဆန္ဒရှင်တွေကို လှည့်ဖြားတာတွေ၊ ပရမ်းပတာဖြစ်အောင်တွေ ဖြစ်အောင် ကြံစည်နေတဲ့အကြောင်း Cyber လုံခြုံရေး Recorded Future ကုမ္ပဏီက အစီရင်ခံစာတဆောင်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှား နဲ့ တရုတ် ၂ နိုင်ငံစလုံးက အမေရိကန် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ခဲ့တဲ့အကြောင်း အရင်ကတည်းကတိုင် ငြင်းဆိုခဲ့ပေမယ့်လည်း အမေရိကန် ပြည်ထောင်စု ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ မကြာသေးခင်က အမြင်သဘောထားတွေအရ ရှာဖွေတွေ့ရှိချက်တွေကတော့ စိုးရိမ်စရာတွေ ပိုပြီး တိုးများလာပုံရပါတယ်။

နိုင်ငံတဝှမ်း ရွေးကောက်ပွဲဆိုင်ရာ အခြေခံ အဆောက်အဦတွေ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ ရုရှား၊ တရုတ် နဲ့ အီရန် တို့လို Cyber အဖျက်သမားတွေဟာ သတင်းမှားတွေ၊ ချဲ့ကားထားတာတွေကို ပျံ့နှံအောင် တိုးမြှင့်လုပ်ဆောင်နေကြောင်း FBI ကလည်း ပြီးခဲတဲ့ သီတင်းပတ်က သတိပေးခဲ့ပါတယ်။

XS
SM
MD
LG