သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြ သတင္းတင္ျပသူ ၂ ဦး အစိုးရဆန္႔က်င္မႈနဲ႔ အီရန္တရားစဲြ


Niloufar Hamedi, Elahe Mohammadi نیلوفر حامدی و الهه محمدی، روزنامه‌نگاران بازداشت‌شده در ایران

အီရန္ႏုိင္ငံက ဆႏၵျပပြဲေတြအေၾကာင္း သတင္းတင္ျပမႈေတြဟာ ႏုိင္ငံေတာ္ကို ဆန္႔က်င္ဝါဒျဖန္႔တာ ျဖစ္တယ္ဆိုတဲ႔ စြပ္စဲြခ်က္နဲ႔ အမ်ိဳးသမီးသတင္းေထာက္ႏွစ္ဦးကို အီရန္တာ၀န္ရွိသူေတြက အဂၤေန႔မွာ တရားစြဲဆိုလိုက္ပါတယ္။

ဆႏၵျပပဲြ သတင္းတင္ျပသူ ၂ ဦး အစိုးရဆန္႔က်င္မႈနဲ႔ အီရန္တရားစဲြ

{{Zawgyi/Unicode}}
အီရန္ႏုိင္ငံက ဆႏၵျပပြဲေတြအေၾကာင္း သတင္းတင္ျပမႈေတြဟာ ႏုိင္ငံေတာ္ကို ဆန္႔က်င္ဝါဒျဖန္႔တာ ျဖစ္တယ္ဆိုတဲ႔ စြပ္စဲြခ်က္နဲ႔ အမ်ိဳးသမီးသတင္းေထာက္ႏွစ္ဦးကို အီရန္တာ၀န္ရွိသူေတြက အဂၤေန႔မွာ တရားစြဲဆိုလိုက္ပါတယ္။ သတင္းေထာက္ Niloufar Hamedi နဲ႔ Elaheh Mohammadi တုိ႔ႏွစ္ဦးကို ႏုိင္ငံေတာ္ဆန္႔က်င္ေရး ၀ါဒျဖန္႔မႈနဲ႔ ႏုိင္ငံေတာ္လုံၿခဳံေရးကို ဆန္႔က်င္ေတာ္လွန္မႈမွာ ပူးေပါင္းႀကံစည္မႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း တရားေရးဌာနက ေၾကညာပါတယ္။

သူတို႔ႏွစ္ဦးစလုံး ဖမ္းဆီးထိန္းသိမ္းခံထားရတာ တလေက်ာ္ၾကာပါၿပီ။ စက္တင္ဘာလအတြင္းအဖမ္းခံရတဲ့ အသက္ ၂၂ ႏွစ္ အ႐ြယ္ Mahsa Amini ဟာ အီရန္အမ်ိဳးသမီးေတြ လိုက္နာရမယ့္ ဝတ္စားဆင္ယင္မႈပုံစံကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ရဲကဖမ္းဆီးထားစဥ္ ေသဆုံးသြားခဲ့တဲ့အတြက္ အီရန္ႏိုင္ငံတဝန္းဆႏၵျပေနၾကတာ အခုဆိုရင္ သီတင္းပတ္ ၇ ပတ္ထဲ ေရာက္လာပါၿပီ။

Amini ကိုေ ခၚသြားတဲ့ ေဆး႐ုံဆီလိုက္သြားတဲ့ သတင္းေထာက္ Hamedi ကို စက္တင္ဘာ ၂၀ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး သူကေတာ့ ထင္ရွားတဲ့ ျပန္လည္ျပဳျပင္ေရးအာေဘာ္ေတြေရးတဲ့ Shargh သတင္းစာတုိက္ကသတင္းေထာက္ျဖစ္ပါတယ္။

အလားတူပဲ ျပန္လည္ျပဳျပင္ေျပာင္းလဲေရးသတင္းေတြေရးတဲ့ Ham-Mihan ေန႔စဥ္ထုတ္သတင္းစာတုိက္က သတင္းေထာက္ Mohammadi လည္း Amini ရဲ ႔ ဇာတိၿမိဳ႕က စ်ာပနအခမ္းအနားကို တက္ေရာက္သတင္းယူအၿပီး စက္တင္ဘာ ၂၉ ရက္ေန႔မွာ အဖမ္းခံရတာျဖစ္ပါတယ္။

အိီရန္မွာ ဆႏၵျပသူေတြ အေတာ္မ်ားမ်ား အဖမ္းခံရၿပီး လူ၂ ေထာင္ေက်ာ္ တရားစြဲခံထားရပါတယ္။ တရားေရးဌာနရဲ ႔အဆိုအရ အဲဒီထဲက တ၀က္ေက်ာ္က Tehran ကျဖစ္ပါတယ္။

အဂၤါေန႔ထိ အီရန္ႏုိင္ငံမွာ အဖမ္းခံထားရတဲ့ သတင္းေထာက္ ၆၀ ေက်ာ္ရွိတယ္လို႔လည္း သတင္းသမားမ်ားကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတိီ CPJ ကေျပာပါတယ္။ အဲဒီထဲက သတင္းေထာက္တခ်ိဳ႔ ေနာက္ပုိင္းမွာ အာမခံနဲ႔ျပန္လြြတ္ခဲ့ေပမယ့္ ႏုိ၀င္ဘာလထဲထိ ဆက္ၿပီးအဖမ္းခံေနရသူေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

ဆန္ဒပြပွဲ သတင်းတင်ပြသူ ၂ ဦး အစိုးရဆန့်ကျင်မှုနဲ့ အီရန်တရားစွဲ

{{Zawgyi/Unicode}}
အီရန်နိုင်ငံက ဆန္ဒပြပွဲတွေအကြောင်း သတင်းတင်ပြမှုတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်ဝါဒဖြန့်တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦးကို အီရန်တာဝန်ရှိသူတွေက အင်္ဂနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ သတင်းထောက် Niloufar Hamedi နဲ့ Elaheh Mohammadi တို့နှစ်ဦးကို နိုင်ငံတော်ဆန့်ကျင်ရေး ဝါဒဖြန့်မှုနဲ့ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်တော်လှန်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားရေးဌာနက ကြေညာပါတယ်။

သူတို့နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခံထားရတာ တလကျော်ကြာပါပြီ။ စက်တင်ဘာလအတွင်းအဖမ်းခံရတဲ့ အသက် ၂၂ နှစ် အရွယ် Mahsa Amini ဟာ အီရန်အမျိုးသမီးတွေ လိုက်နာရမယ့် ဝတ်စားဆင်ယင်မှုပုံစံကို ချိုးဖောက်တယ်ဆိုပြီး ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့တဲ့အတွက် အီရန်နိုင်ငံတဝန်းဆန္ဒပြနေကြတာ အခုဆိုရင် သီတင်းပတ် ၇ ပတ်ထဲ ရောက်လာပါပြီ။

Amini ကိုေ ခါ်သွားတဲ့ ဆေးရုံဆီလိုက်သွားတဲ့ သတင်းထောက် Hamedi ကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူကတော့ ထင်ရှားတဲ့ ပြန်လည်ပြုပြင်ရေးအာဘော်တွေရေးတဲ့ Shargh သတင်းစာတိုက်ကသတင်းထောက်ဖြစ်ပါတယ်။

အလားတူပဲ ပြန်လည်ပြုပြင်ပြောင်းလဲရေးသတင်းတွေရေးတဲ့ Ham-Mihan နေ့စဉ်ထုတ်သတင်းစာတိုက်က သတင်းထောက် Mohammadi လည်း Amini ရဲ့ ဇာတိမြို့က ဈာပနအခမ်းအနားကို တက်ရောက်သတင်းယူအပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ အဖမ်းခံရတာဖြစ်ပါတယ်။

အီရန်မှာ ဆန္ဒပြသူတွေ အတော်များများ အဖမ်းခံရပြီး လူ၂ ထောင်ကျော် တရားစွဲခံထားရပါတယ်။ တရားရေးဌာနရဲ့အဆိုအရ အဲဒီထဲက တဝက်ကျော်က Tehran ကဖြစ်ပါတယ်။

အင်္ဂါနေ့ထိ အီရန်နိုင်ငံမှာ အဖမ်းခံထားရတဲ့ သတင်းထောက် ၆၀ ကျော်ရှိတယ်လို့လည်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ကပြောပါတယ်။ အဲဒီထဲက သတင်းထောက်တချို့ နောက်ပိုင်းမှာ အာမခံနဲ့ပြန်လွတ်ခဲ့ပေမယ့် နိုဝင်ဘာလထဲထိ ဆက်ပြီးအဖမ်းခံနေရသူတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG