သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ေထာင္ မီးေလာင္မႈမွာ အက်ဥ္းသားေတြ ပစ္ခတ္ခံရေၾကာင္း တက္ႂကြလႈပ္ရွားသူေတြစြပ္စဲြ


IRAN-WOMEN/PRISON

အီရန္ႏိုင္ငံမွာ စေနေန႔ညက Evin အက်ဥ္းေထာင္ မီးေလာင္မႈအတြင္း ဘးလြတ္ရာကို ထြက္ေျပးၾကတဲ့အက်ဥ္း သားေတြကိုတာ၀န္ရွိသူေတြက ပစ္ခတ္ခဲ့တယ္လို႔ အီရန္အေျခစိုက္လူ႔အခြင့္ေရးလႈပ္ရွားသူ Pourna Nazemi က VOA ပါးရွန္းဌာန ကိုေျပာၾကားခဲ့ပါတယ္။

Zawgyi

အီရန္ႏိုင္ငံမွာ စေနေန႔ညက Evin အက်ဥ္းေထာင္ မီးေလာင္မႈအတြင္း ဘးလြတ္ရာကို ထြက္ေျပးၾကတဲ့အက်ဥ္း သားေတြကိုတာ၀န္ရွိသူေတြက ပစ္ခတ္ခဲ့တယ္လို႔ အီရန္အေျခစိုက္လူ႔အခြင့္ေရးလႈပ္ရွားသူ Pourna Nazemi က VOA ပါးရွန္းဌာန ကိုေျပာၾကားခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အီရန္အစိုးရကေတာ့ တစုံတရာတုန္႔ျပန္ေျပာဆိုတာမရွိေသးပါဘူး။ မီးေလာင္မႈအတြင္း ေသဆုံးသူ ၈ ဦးရွိတယ္လို႔ အီရန္အစိုးရကေျပာေပမယ့္လည္း၊ ေသဆုံးသူအေရတြက္ဟာ အေသအျခာမသိႏိုင္ေသးဘူးလို႔ Nazemi ကေျပာပါတယ္။ ေဆး႐ုံေတာ္မ်ားမ်ားကို အသင့္ျပင္ခိုင္းထားပါတယ္၊ အဲဒိေဆး႐ုံေတြမွာ အေစာင့္ေတြတင္းၾကပ္စြာ ခ်ထားၿပီး ဘယ္သူ႔ကိုမွ ၀င္ေရာက္ခြင့္မေပးဘူးလို႔လည္း Nazemi ကေျပာဆိုပါတယ္။ အက်ဥ္းသားအေတာ္မ်ားမ်ားဟာ သူတို႔မိသားစုေတြနဲ႔ ဆက္သြယ္လာျခင္းမရွိေသးဘူးလို႔ လူအခြင့္အေရးလႈပ္ရွားသူေတြကေျပာပါတယ္။

မူဆလင္ ေခါင္းစည္းပုဝါျခံဳရမယ့္ စည္းကမ္းကို တိတိက်က် မလိုက္နာဘူးဆိုၿပီး ဘာသာေရးရဲေတြ ဖမ္းဆီးထားစဥ္ အသက္ ၂၂ အရြယ္ Mahsa Amini ေသဆုံးမႈ ကေနစတင္ ခဲ့တဲ့အစိုးရဆန္႔က်င္ေရး ဆႏၵျပပဲြေတြဆက္လက္ျဖစ္ေနစဥ္မွာအခုလို အက်ဥ္းေထာင္မီးေလာင္ခဲ့တာပါ။ ဒီအက်ဥ္း ေထာင္မွာႏိုင္ငံေရး အက်ဥ္းသားေတြနဲ႔ အေနာက္တိုင္းႏိုင္ငံေတြနဲ႔ပတ္သက္ဆက္ႏြယ္သူေတြကို ခ်ဳပ္ေႏွာင္ထားတာပါ။

အာဏာရွင္ ေသဆုံးပါေစ ဆိုတဲ့ေႂကြးေၾကာ္သံအပါအ၀င္ ဆႏၵျပသူေတြရဲ႔ေႂကြးေၾကာ္သံေတြကို အက်ဥ္းေထာင္အတြင္း ကၾကားႏိုင္မွာပါလို႔လည္း လူ႔အခြင့္ေရးလႈပ္ရွားသူ Nazemi ကေျပာဆိုခဲ့ပါတယ္။ မီးေလာင္မႈကေတာ့ အက်ဥ္းသားတဦးနဲ႔ အက်ဥ္းေထာင္တာ၀န္ရွိသူတဦးတို႔ မသင့္မတင့္ျဖစ္ရာကေန အက်ဥ္းသားကအလုပ္ခိုင္းေစတဲ့ အလုပ္႐ုံအတြင္းမီးရိႈ႔ခဲ့တဲ့ အတြက္စတင္ေလာင္ကၽြမ္းခဲ့တာလို႔ တဟီရန္ၿမိဳ႔ေတာ္အုပ္ခ်ဳပ္ေရးမႈး Mohsen Mansouri ကေတာ့ ေျပာဆိုပါတယ္။ ဒါေပမယ့္လည္း ေန၀င္တာနဲ႔ အက်ဥ္းသားေတြကို အခ်ဳပ္ခန္းထဲျပန္ပို႔တာျဖစ္တဲ့အတြက္ အလုပ္႐ုံမွာ အက်ဥ္းသား မရွိႏိုင္ ဘူးလို႔ Evin အက်ဥ္းသားေဟာင္းတဦးကေျပာဆိုေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ေဖၚျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အီရန်နိုင်ငံမှာ စနေနေ့ညက Evin အကျဉ်းထောင် မီးလောင်မှုအတွင်း ဘးလွတ်ရာကို ထွက်ပြေးကြတဲ့အကျဉ်း သားတွေကိုတာဝန်ရှိသူတွေက ပစ်ခတ်ခဲ့တယ်လို့ အီရန်အခြေစိုက်လူ့အခွင့်ရေးလှုပ်ရှားသူ Pourna Nazemi က VOA ပါးရှန်းဌာန ကိုပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်အစိုးရကတော့ တစုံတရာတုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။ မီးလောင်မှုအတွင်း သေဆုံးသူ ၈ ဦးရှိတယ်လို့ အီရန်အစိုးရကပြောပေမယ့်လည်း၊ သေဆုံးသူအရေတွက်ဟာ အသေအခြာမသိနိုင်သေးဘူးလို့ Nazemi ကပြောပါတယ်။ ဆေးရုံတော်များများကို အသင့်ပြင်ခိုင်းထားပါတယ်၊ အဲဒိဆေးရုံတွေမှာ အစောင့်တွေတင်းကြပ်စွာ ချထားပြီး ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးဘူးလို့လည်း Nazemi ကပြောဆိုပါတယ်။ အကျဉ်းသားအတော်များများဟာ သူတို့မိသားစုတွေနဲ့ ဆက်သွယ်လာခြင်းမရှိသေးဘူးလို့ လူအခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်။

မူဆလင် ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းကို တိတိကျကျ မလိုက်နာဘူးဆိုပြီး ဘာသာရေးရဲတွေ ဖမ်းဆီးထားစဉ် အသက် ၂၂ အရွယ် Mahsa Amini သေဆုံးမှု ကနေစတင် ခဲ့တဲ့အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်လက်ဖြစ်နေစဉ်မှာအခုလို အကျဉ်းထောင်မီးလောင်ခဲ့တာပါ။ ဒီအကျဉ်း ထောင်မှာနိုင်ငံရေး အကျဉ်းသားတွေနဲ့ အနောက်တိုင်းနိုင်ငံတွေနဲ့ပတ်သက်ဆက်နွယ်သူတွေကို ချုပ်နှောင်ထားတာပါ။

အာဏာရှင် သေဆုံးပါစေ ဆိုတဲ့ကြွေးကြော်သံအပါအဝင် ဆန္ဒပြသူတွေရဲ့ကြွေးကြော်သံတွေကို အကျဉ်းထောင်အတွင်း ကကြားနိုင်မှာပါလို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူ Nazemi ကပြောဆိုခဲ့ပါတယ်။ မီးလောင်မှုကတော့ အကျဉ်းသားတဦးနဲ့ အကျဉ်းထောင်တာဝန်ရှိသူတဦးတို့ မသင့်မတင့်ဖြစ်ရာကနေ အကျဉ်းသားကအလုပ်ခိုင်းစေတဲ့ အလုပ်ရုံအတွင်းမီးရှို့ခဲ့တဲ့ အတွက်စတင်လောင်ကျွမ်းခဲ့တာလို့ တဟီရန်မြို့တော်အုပ်ချုပ်ရေးမှုး Mohsen Mansouri ကတော့ ပြောဆိုပါတယ်။ ဒါပေမယ့်လည်း နေဝင်တာနဲ့ အကျဉ်းသားတွေကို အချုပ်ခန်းထဲပြန်ပို့တာဖြစ်တဲ့အတွက် အလုပ်ရုံမှာ အကျဉ်းသား မရှိနိုင် ဘူးလို့ Evin အကျဉ်းသားဟောင်းတဦးကပြောဆိုကြောင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖေါ်ပြနေကြပါတယ်။

XS
SM
MD
LG