သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြေတြ ႏွိမ္နင္းမႈအတြက္ အီရန္အေပၚ EU ဒဏ္ခတ္ဖို႔ ဂ်ာမနီတိုက္တြန္း


(Zawgyi / Unicode)

အီရန္ႏိုင္ငံမွာ ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈအတြက္ တာ၀န္ရွိသူေတြကို ဥေရာပသမဂၢအတြင္း ၀င္ေရာက္ခြင့္ ပိတ္ပင္အေရးယူဖို႔ ဂ်ာမနီ ႏိုင္ငံျခားေရး၀န္ႀကီး Annalena Baerbock က တနဂၤေႏြေန႔တုန္းက တိုက္တြန္းေတာင္းဆို လိုက္ပါတယ္။

“ အီရန္ႏိုင္ငံမွာ ဆႏၵျပသူ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြဟာ သူတို႔ လြတ္လြတ္လပ္လပ္ အသက္ရွင္ ေနထိုင္ခြင့္အတြက္ ဆႏၵျပတာသာ ျဖစ္ပါတယ္။ သူတို႔ကို လမ္းေတြေပၚမွာ ႐ိုက္ႏွက္သူေတြ၊ ဥပေဒမဲ့ ဖမ္းဆီးၿပီး ေသဒဏ္အျပစ္ေပးသူေတြ၊ စတဲ့ မွားယြင္းတဲ့ လုပ္ရပ္က်ဴးလြန္သူေတြကို ဥေရာပသမဂၢ နယ္ေျမအတြင္း ၀င္ေရာက္ခြင့္ကို ပိတ္ပင္ဖို႔နဲ႔ ေငြေၾကးနဲ႔ လုပ္ငန္းဆိုင္ရာ လုပ္ေဆာင္ခြင့္ေတြကို ပိတ္ပင္အေရးယူဖို႔ လိုပါတယ္လို႔ ဂ်ာမနီ ႏိုင္ငံျခားေရး ၀န္ႀကီး Annalena Baerbock ကေျပာဆိုခဲ့ေၾကာင္း Bild am Sonntag သတင္းစာႀကီးကေဖၚျပပါတယ္။

အီရန္မွာ ရဲက ဖမ္းဆီးထားစဥ္ အမ်ဳိးသမီးငယ္တဦး ေသဆုံးမႈနဲ႔ ေနာက္ဆက္တဲြ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ အတြက္ အီရန္တာ၀န္ရွိသူေတြ အေပၚ ဒဏ္ခတ္အေရးယူဖို႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက ဥေရာပသမဂၢ လႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္။

အီရန္ႏိုင္ငံမွာ မြတ္ဆလင္ အမ်ိဳးသမီးေတြ ၀တ္ဆင္တဲ့ ေခါင္းစည္းပဝါ မ၀တ္တဲ့အတြက္ ဘာသာေရးရဲေတြက ဖမ္းဆီးထားစဥ္ အသက္ ၂၂ ႏွစ္အရြယ္ အမ်ိဳးသမီး Mahsa Amini ေသဆုံးခဲ့တဲ့အေပၚ မေက်နပ္တဲ့အတြက္ စက္တင္ဘာလ ၁၇ ရက္ေန႔က ဆႏၵျပဆန္႔က်င္မႈေတြ စတင္ခဲ့ၿပီး အခုအခါ ရက္သတၱပတ္ ၄ ပတ္ၾကာတဲ့အထိ ဆႏၵျပပဲြေတြ ဆက္လက္ ျဖစ္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆန္ဒပြပွဲတွေ နှိမ်နင်းမှုအတွက် အီရန်အပေါ် EU ဒဏ်ခတ်ဖို့ ဂျာမနီတိုက်တွန်း

အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေကို ဥရောပသမဂ္ဂအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်အရေးယူဖို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က တနင်္ဂနွေနေ့တုန်းက တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

“ အီရန်နိုင်ငံမှာ ဆန္ဒပြသူ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ လွတ်လွတ်လပ်လပ် အသက်ရှင် နေထိုင်ခွင့်အတွက် ဆန္ဒပြတာသာ ဖြစ်ပါတယ်။ သူတို့ကို လမ်းတွေပေါ်မှာ ရိုက်နှက်သူတွေ၊ ဥပဒေမဲ့ ဖမ်းဆီးပြီး သေဒဏ်အပြစ်ပေးသူတွေ၊ စတဲ့ မှားယွင်းတဲ့ လုပ်ရပ်ကျူးလွန်သူတွေကို ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်ဖို့နဲ့ ငွေကြေးနဲ့ လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ခွင့်တွေကို ပိတ်ပင်အရေးယူဖို့ လိုပါတယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Annalena Baerbock ကပြောဆိုခဲ့ကြောင်း Bild am Sonntag သတင်းစာကြီးကဖေါ်ပြပါတယ်။

အီရန်မှာ ရဲက ဖမ်းဆီးထားစဉ် အမျိုးသမီးငယ်တဦး သေဆုံးမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်နှိမ်နင်းမှုတွေ အတွက် အီရန်တာဝန်ရှိသူတွေ အပေါ် ဒဏ်ခတ်အရေးယူဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဥရောပသမဂ္ဂ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အီရန်နိုင်ငံမှာ မွတ်ဆလင် အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ခေါင်းစည်းပဝါ မဝတ်တဲ့အတွက် ဘာသာရေးရဲတွေက ဖမ်းဆီးထားစဉ် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး Mahsa Amini သေဆုံးခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် စက်တင်ဘာလ ၁၇ ရက်နေ့က ဆန္ဒပြဆန့်ကျင်မှုတွေ စတင်ခဲ့ပြီး အခုအခါ ရက်သတ္တပတ် ၄ ပတ်ကြာတဲ့အထိ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG