သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြေတြ ႏွိမ္နင္းမႈအတြက္ အီရန္တာ၀န္ရွိသူေတြကို EU ဒဏ္ခတ္အေရးယူ


Women protest over the death of Mahsa Amini in Iran, in the Kurdish-controlled city of Qamishli

အီရန္ႏိုင္ငံမွာ ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြဲမႈနဲ႔ ပတ္သက္ဆက္ႏြယ္ၿပီး ျပန္ၾကားေရး ဝန္ႀကီးနဲ႔ အီရန္ရဲ႕ ဘာသာေရး ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို ဥေရာပသမဂၢ EU က တနလာေနၤ့မွာ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ပါတယ္။

Zawgyi / Unicode


အီရန္ႏိုင္ငံမွာ မူဆလင္ ေခါင္းစည္းပုဝါၿခဳံရမယ့္ စည္းကမ္းကို တိတိက်က် မလိုက္နာလို႔ဆိုၿပီး အမ်ိဳးသမီးငယ္ တဦးကို ဘာသာေရး ရဲတပ္ဖြဲ႕က ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့ရမႈ အေပၚ ဆန႔္က်င္ ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြဲမႈနဲ႔ ပတ္သက္ဆက္ႏြယ္ၿပီး ျပန္ၾကားေရး ဝန္ႀကီးနဲ႔ အီရန္ရဲ႕ ဘာသာေရး ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို ဥေရာပသမဂၢ EU က တနလာေနၤ့မွာ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ပါတယ္။

ဘာသာေရး ရဲတပ္ဖြဲ႕ရဲ႕ အႀကီးအကဲေတြ ျဖစ္ၾကတဲ့ Mohammad Rostami နဲ႔ Haj Ahmad Mirzaei ၊ ေနာက္ ျပန္ၾကားေရး ဝန္ႀကီး Issa Zarepour တို႔ အပါအဝင္ လူပုဂၢိဳလ္ ၁၁ ဦးရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း EU က ထိန္းခ်ဳပ္လိုက္ပါတယ္။ ျပန္ၾကားေရး ဝန္ႀကီး Issa Zarepour ကေတာ့ ဆႏၵျပပြဲေတြ စတင္ခဲ့ၿပီးေနာက္ပိုင္းမွာ အင္တာနက္ ျဖတ္ေတာက္ ပိတ္ပင္မႈ အတြက္ တာဝန္ရွိတယ္လို႔ စြပ္စြဲခံရၿပီး ဒဏ္ခတ္ခံရတာ ျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ဥေရာပတြင္း ခရီးသြားလာမႈကိုလည္း တားျမစ္ထားပါတယ္။

Luxembourg မွာ ေတြ႕ဆုံေဆြးေႏြးၾကတဲ့ EU ႏိုင္ငံျခားေရး ဝန္ႀကီးေတြက ဆႏၵျပပြဲေတြကို ရက္ရက္စက္စက္ ဖိႏွိပ္မႈေတြမွာ တာဝန္ရွိတဲ့ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕ အႀကီးအကဲ အေတာ္မ်ားမ်ားနဲ႔ အီရန္ရဲ႕ ဥပေဒ စိုးမိုးေရး တပ္ဖြဲ႕ေတြကိုလည္း ျပစ္ဒဏ္ခတ္ပါတယ္။ အသက္ ၂၂ ႏွစ္ အ႐ြယ္ Mahsa Amini ေသဆုံးခဲ့ရၿပီးေနာက္ ရက္ပိုင္း အၾကာ စက္တင္ဘာ လလယ္ပိုင္းမွာ ဆႏၵျပပြဲေတြ စတင္ခဲ့တာ ျဖစ္ပါတယ္။ အီရန္ႏိုင္ငံတဝန္း လမ္းေပၚထြက္ ဆႏၵျပပြဲေတြ အတြင္း လုံၿခဳံေရး တာဝန္ရွိသူေတြေၾကာင့္ ဆႏၵျပသူ ဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ရပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အင္အား အလြန္အကြၽံသုံးတဲ့ အေပၚ EU က ရႈတ္ခ်ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode


အီရန်နိုင်ငံမှာ မူဆလင် ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းကို တိတိကျကျ မလိုက်နာလို့ဆိုပြီး အမျိုးသမီးငယ် တဦးကို ဘာသာရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရမှု အပေါ် ဆန့်ကျင် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ပြန်ကြားရေး ဝန်ကြီးနဲ့ အီရန်ရဲ့ ဘာသာရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ဥရောပသမဂ္ဂ EU က တနလာင်္နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပါတယ်။

ဘာသာရေး ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတွေ ဖြစ်ကြတဲ့ Mohammad Rostami နဲ့ Haj Ahmad Mirzaei ၊ နောက် ပြန်ကြားရေး ဝန်ကြီး Issa Zarepour တို့ အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း EU က ထိန်းချုပ်လိုက်ပါတယ်။ ပြန်ကြားရေး ဝန်ကြီး Issa Zarepour ကတော့ ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်းမှာ အင်တာနက် ဖြတ်တောက် ပိတ်ပင်မှု အတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဒဏ်ခတ်ခံရတာ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဥရောပတွင်း ခရီးသွားလာမှုကိုလည်း တားမြစ်ထားပါတယ်။

Luxembourg မှာ တွေ့ဆုံဆွေးနွေးကြတဲ့ EU နိုင်ငံခြားရေး ဝန်ကြီးတွေက ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖိနှိပ်မှုတွေမှာ တာဝန်ရှိတဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ အတော်များများနဲ့ အီရန်ရဲ့ ဥပဒေ စိုးမိုးရေး တပ်ဖွဲ့တွေကိုလည်း ပြစ်ဒဏ်ခတ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် Mahsa Amini သေဆုံးခဲ့ရပြီးနောက် ရက်ပိုင်း အကြာ စက်တင်ဘာ လလယ်ပိုင်းမှာ ဆန္ဒပြပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံတဝန်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ အတွင်း လုံခြုံရေး တာဝန်ရှိသူတွေကြောင့် ဆန္ဒပြသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံးတဲ့ အပေါ် EU က ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG