သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလားပဲြမွာ ႏိုင္ငံေတာ္သီခ်င္းမဆိုတဲ့ အီရန္အသင္း 


FIFA World Cup Qatar 2022 - Group B - England v Iran

ကာတာမွာ က်င္းပတဲ႔ ကမ ၻာ့ဖလား ေဘာလံုးပြဲမွာ တနလာၤေန႔က အဂၤလန္နဲ႔ ကစားမယ့္ အီရန္ အသင္းရဲ႕ ပြဲဦးထြက္ ပြဲစဥ္အဖြင့္မွာ အီရန္အသင္းက ႏိုင္ငံေတာ္ သီခ်င္းကို လိုက္မဆိုဘဲ ႏႈတ္ဆိတ္ေနခဲ့ၾကပါတယ္။

ကမာၻ႔ဖလားပဲြမွာ ႏိုင္ငံေတာ္သီခ်င္းမဆိုတဲ့ အီရန္အသင္း

{{Zawgyi/Unicode}}
ကာတာမွာ က်င္းပတဲ႔ ကမ ၻာ့ဖလား ေဘာလံုးပြဲမွာ တနလာၤေန႔က အဂၤလန္နဲ႔ ကစားမယ့္ အီရန္ အသင္းရဲ႕ ပြဲဦးထြက္ ပြဲစဥ္အဖြင့္မွာ အီရန္အသင္းက ႏိုင္ငံေတာ္ သီခ်င္းကို လိုက္မဆိုဘဲ ႏႈတ္ဆိတ္ေနခဲ့ၾကပါတယ္။ ဒါဟာဆိုရင္ အီရန္ ႏိုင္ငံမွာ ဆႏၵျပပြဲေတြ အႀကီးအက်ယ္ ေပၚေပါက္ေနတာကို အစိုးရရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈကို ဆန္႔က်င္တဲ႔ ပြဲၾကည့္ပရိတ္သတ္နဲ႔ တညီတၫြတ္တည္း ရွိတယ္ဆိုတာကို ျပသမႈအျဖစ္နဲ႔ ျမင္ၾကပါတယ္။

အဂၤလန္နဲ႔ ပြဲစဥ္ မစခင္မွာ ႏိုင္ငံေတာ္ သီခ်င္း အတြက္ အီရန္ ကစားသမားေတြ တန္းစီခဲ႔ၾကေပမဲ႔ ႏိုင္ငံေတာ္ သီခ်င္း စတင္ခ်ိန္မွာေတာ့ လိုက္မဆိုဘဲ ႏႈတ္ဆိတ္ေနၾကတာကို အီရန္ ႏိုင္ငံပိုင္ ႐ုပ္သံက မထုတ္လႊင့္ခဲ႔ပါဘူး။ အီရန္က ေက်ာ္ၾကားသူေတြ၊ အားကစားသမားေတြနဲ႔ အႏုပညာရွင္ အမ်ားအျပားက ဆႏၵျပသူေတြကို ေထာက္ခံေၾကာင္း ျပသထားၾကေပမယ္လို႔လည္း အီရန္ အမ်ားအျပားကေတာ့ သူတို႔ အသင္းဟာ Shi’ite မူဆလင္ အုပ္ခ်ဳပ္မႈ ဘက္က ရပ္တည္တယ္လို႔ စြပ္စြဲထားတာပါ။

သတ္မွတ္စည္းကမ္းနဲ႔ အညီ ေခါင္းစည္ ပုဝါ မ၀တ္တဲ႔ အတြက္ဆိုၿပီး အီရန္ ဘာသာေရး ရဲက ဖမ္းဆီးထားစဥ္ အမ်ိဳးသမီးငယ္ Mahsa Amini ေသဆံုးခဲ႔ရၿပီးေနာက္ ျဖစ္လာတဲ႔ အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အတြင္း ဆႏၵျပသူ ဒါဇင္နဲ႔ခ်ီ ေသဆံုးခဲ႔ရၿပီးလည္း ျဖစ္ပါတယ္။

အီရန္အသင္းေခါင္းေဆာင္ Ehsan Hajsafi ကေတာ့ တိုင္းျပည္မွာ အေျခအေနေမေကာင္းသလို၊ ျပည္သူေတြ မေက်နပ္ၾကဘူးဆိုတာကို လက္ခံၾကရလိမ့္မယ္လို႔ တနဂၤေႏြေန႔ကပဲ ေျပာဆိုခဲ့တာပါ။

တနလၤာေန႔ ကမာၻ႔ဖလားပဲြစဥ္ေတြမွာေတာ့ အဂၤလန္က အီရန္အသင္းကို ၆ ဂိုး ၂ ဂိုး၊ နယ္သာလန္က ဆီနီေဂါကို ၂ ဂိုး - ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၾကၿပီး၊ အေမရိကန္နဲ႔ Wales ပြဲမွာေတာ့ ၁ ဂိုးစီနဲ႔ သေရ က်သြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................................

ကမ္ဘာ့ဖလားပွဲမှာ နိုင်ငံတော်သီချင်းမဆိုတဲ့ အီရန်အသင်း

{{Zawgyi/Unicode}}
ကာတာမှာ ကျင်းပတဲ့ ကမ ္ဘာ့ဖလား ဘောလုံးပွဲမှာ တနလာၤနေ့က အင်္ဂလန်နဲ့ ကစားမယ့် အီရန် အသင်းရဲ့ ပွဲဦးထွက် ပွဲစဉ်အဖွင့်မှာ အီရန်အသင်းက နိုင်ငံတော် သီချင်းကို လိုက်မဆိုဘဲ နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ဒါဟာဆိုရင် အီရန် နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေတာကို အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုကို ဆန့်ကျင်တဲ့ ပွဲကြည့်ပရိတ်သတ်နဲ့ တညီတညွတ်တည်း ရှိတယ်ဆိုတာကို ပြသမှုအဖြစ်နဲ့ မြင်ကြပါတယ်။

အင်္ဂလန်နဲ့ ပွဲစဉ် မစခင်မှာ နိုင်ငံတော် သီချင်း အတွက် အီရန် ကစားသမားတွေ တန်းစီခဲ့ကြပေမဲ့ နိုင်ငံတော် သီချင်း စတင်ချိန်မှာတော့ လိုက်မဆိုဘဲ နှုတ်ဆိတ်နေကြတာကို အီရန် နိုင်ငံပိုင် ရုပ်သံက မထုတ်လွှင့်ခဲ့ပါဘူး။ အီရန်က ကျော်ကြားသူတွေ၊ အားကစားသမားတွေနဲ့ အနုပညာရှင် အများအပြားက ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ပြသထားကြပေမယ်လို့လည်း အီရန် အများအပြားကတော့ သူတို့ အသင်းဟာ Shi’ite မူဆလင် အုပ်ချုပ်မှု ဘက်က ရပ်တည်တယ်လို့ စွပ်စွဲထားတာပါ။

သတ်မှတ်စည်းကမ်းနဲ့ အညီ ခေါင်းစည် ပုဝါ မဝတ်တဲ့ အတွက်ဆိုပြီး အီရန် ဘာသာရေး ရဲက ဖမ်းဆီးထားစဉ် အမျိုးသမီးငယ် Mahsa Amini သေဆုံးခဲ့ရပြီးနောက် ဖြစ်လာတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း ဆန္ဒပြသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

အီရန်အသင်းခေါင်းဆောင် Ehsan Hajsafi ကတော့ တိုင်းပြည်မှာ အခြေအနေမေကောင်းသလို၊ ပြည်သူတွေ မကျေနပ်ကြဘူးဆိုတာကို လက်ခံကြရလိမ့်မယ်လို့ တနင်္ဂနွေနေ့ကပဲ ပြောဆိုခဲ့တာပါ။

တနင်္လာနေ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာတော့ အင်္ဂလန်က အီရန်အသင်းကို ၆ ဂိုး ၂ ဂိုး၊ နယ်သာလန်က ဆီနီဂေါကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပြီး၊ အမေရိကန်နဲ့ Wales ပွဲမှာတော့ ၁ ဂိုးစီနဲ့ သရေ ကျသွားပါတယ်။

XS
SM
MD
LG