သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အာဂျင်တီးနားဗိုလ်စွဲ


(Zawgyi / Unicode)

ကာတာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ကမ ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အာဂျင်တီနား အသင်းက ပြင်သစ်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါပြီ ။ နောက်ဆုံး အချိန်ပို ကစားပြီးချိန်ထိ အာဂျင်တီနားနဲ့ ပြင်သစ်တို့ ၃ ဂိုးစီနဲ့ သရေ ဖြစ်ခဲ့ပြီးနောက် ပင်နယ်တီ ကန်ကြတာမှာ အာဂျင်တီးနားက ပြင်သစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲစဉ် တလျှောက်လုံးမှာတော့ တဖက်နဲ့ တဖက် သူတပြန် ကိုယ်တပြန် အသာစီးနဲ့ ကစားခဲ့ကြပြီး ကမ ္ဘာ့ဖလား ဗိုလ်လုပွဲတွေထဲမှာ အကောင်းဆုံး ပွဲစဉ်တွေထဲက တခု ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အာဂျင်တီးနားဖက်က ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို Lionel Messi က ကန်သသွင်းပြီး ပထမဂိုး ရခဲ့တာပါ။ ပထမပိုင်း ၃၆ မိနစ်မှာ Angel Di Maria က နောက်တဂိုး ထပ်သွင်းခဲ့တာကြောင့် အာဂျင်တီးနားဘက်က ၂ ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲစဉ်ရဲ့ မိနစ် ၈၀ အရောက်မှာ ပြင်သစ် အသင်းက ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို Kylian Mbappe က ကန်သွင်းခဲ့ပြီး ပထမဂိုး ရခဲ့တာပါ။ တမိနစ်လောက် အကြာမှာ နောက်တလုံး ထပ်သွင်းခဲ့တာကြောင့် ပွဲစဉ် အချိန်ပြည့်ချိန်မှာ နှစ်ဘက် သရေ ဖြစ်သွားတာကြောင့် အချိန်ပို ၁၅ မိနစ်စီကစားခဲ့ရပါတယ်။

အချိန်ပို ပွဲစဉ် အတွင်းမှာ အာဂျင်တီးနား Messi က တဂိုးထပ်သွင်းပြီး အာဂျင်တီးနားက ၃ ဂိုး - ပြင်သစ်က ၂ ဂိုးနဲ့ အသာစီး ရနေခဲ့တာပါ။ ဒါပေမဲ့လည်း ပြင်သစ် အသင်းက Mbappe က နောက်ထပ် ပင်နယ်တီ တလုံးသွင်းခဲ့တာကြောင့် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ၃ ဂိုးစီနဲ့ သရေ ပြန်ဖြစ်သွားခဲ့တာပါ။

အချိန်ပို ပွဲစဉ် အပြီး ပင်နယ်တီ ကန်ကြတာမှာတော့ အာဂျင်တီးနား ဂိုးသမား Emiliano Martinez က ပြင်သစ် ကစားသမား Kingsley Coman ကန်သွင်းတဲ့ ပင်နယ်တီကို ပုတ်ထုတ်နိုင်ခဲ့ပြီး ပြင်သစ် ကစားသမား Aurelien Tchouameni ကန်သွင်းတဲ့ ပင်နယ်တီ ကတော့ ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြီးနောက် အာဂျင်တီးနားက ပင်နယ်တီ ၃ ဂိုး ပြင်သစ်က ပင်နယ်တီ ၂ ဂိုး ဖြစ်သွားပါတယ်။ ဒီနောက် အာဂျင်တီးနား ကစားသမား Gonzalo Montiel က အာဂျင်တီးနား အသင်း အတွက် အနိုင် ပင်နယ်တီ ဂိုးကို ကန်သွင်းခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် အာဂျင်တီးနားရဲ့ တတိယမြောက် ကမ ္ဘာ့ဖလား ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က အာဂျင်တီးနားတို့ ပထမဆုံး အကြိမ် အဖြစ် ကမ ္ဘာ့ဖလား ဗိုလ်စွဲခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ဒုတိယမြောက် ကမ ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

ကမ်ဘာ့ဖလား ဗိုလျလုပှဲ အာဂငြျတီးနားဗိုလျစှဲ





ဒါဟာဆိုရငျ အာဂငြျတီးနားရဲ့ တတိယမွောကျ ကမ ်ဘာ့ဖလား ဗိုလျစှဲတာ ဖွဈပါတယျ။ ၁၉၇၈ ခုနှဈက အာဂငြျတီးနားတို့ ပထမဆုံး အကွိမျ အဖွဈ ကမ ်ဘာ့ဖလား ဗိုလျစှဲခဲ့ပွီး ၁၉၈၆ ခုနှဈမှာ ဒုတိယမွောကျ ကမ ်ဘာ့ဖလားကို ဆှတျခူးနိုငျခဲ့တာ ဖွဈပါတယျ။

XS
SM
MD
LG