သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရိုေအးရွား နဲ႔ အာဂ်င္တီးနား ဆီမီးဖိုင္နယ္တက္ 


ခရိုေအးရွား နဲ႔ အာဂ်င္တီးနား ဆီမီးဖိုင္နယ္တက္

ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမၻာ့ဖလားေဘာလုံးၿပိဳင္ပြဲ မေန႔ ေသာၾကာေန႔က ကြာတာဖိုင္နယ္ ပထမပြဲစဥ္မွာ ခရုိးေအးရွား က ဘရာဇီး ကို အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ ကို တက္ေရာက္သြားပါတယ္။

ခရိုေအးရွား နဲ႔ အာဂ်င္တီးနား ဆီမီးဖိုင္နယ္တက္

{{Zawgyi/Unicode}}

ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမၻာ့ဖလားေဘာလုံးၿပိဳင္ပြဲ မေန႔ ေသာၾကာေန႔က ကြာတာဖိုင္နယ္ ပထမပြဲစဥ္မွာ ခရုိးေအးရွား က ဘရာဇီး ကို အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ ကို တက္ေရာက္သြားပါတယ္။ ပထမ မိနစ္ ၉ ၀ နဲ႔ အခ်ိန္ပို မိနစ္ ၃ဝမွာေတာ့ တဖက္ နဲ႔ တဖက္ ၁ ဂိုးစီ သေရျဖစ္ေနၿပီး ပင္နယ္တီ နဲ႔ အဆုံးအျဖတ္ေပးတဲ့အခါမွာ ခရိုးေအးရွား အသင္း က အႏိုင္ရသြားပါတယ္။

ဒုတိယပြဲစဥ္ျဖစ္တဲ့ အာဂ်င္တီးနား နဲ႔ နယ္သာလန္အသင္း တို႔ ကစားရာမွာလည္း ပထမ မိနစ္ ၉၀ နဲ႔ အခ်ိန္ပို မိနစ္ ၃ဝ အထိ ၂ ဂိုးစီ နဲ႔ သေရျဖစ္ေနၿပီး ပင္နယ္တီ ဆုံးျဖတ္ရာမွာ အာဂ်င္တီးနား က အႏိုင္ရရွိသြားပါတယ္။

ဒီေန႔ပြဲစဥ္ေတြမွာ အာဂ်င္တီးနား အေက်ာ္အေမာ္ မက္ဆီ ဟာ သြင္းဂိုးစုစုေပါင္း ၄ ဂိုး နဲ႔ အခု ကမၻာ့ဖလားပြဲစဥ္မွာ ဒုတိယဂိုးသြင္းအမ်ားဆုံးျဖစ္ေနပါတယ္။ ပထမဂိုး အေရအတြက္ အမ်ားဆုံးသြင္းထားသူကေတာ့ ျပင္သစ္အသင္း က ၅ ဂိုးသြင္းထားတဲ့ အမ္ဘာေပ ျဖစ္ပါတယ္။

ဒီေန႔ အႏိုင္ရရွိၾကတဲ့ ခရိုေအးရွား အသင္း နဲ႔ အာဂ်င္တီးနားအသင္းတို႔ဟာ ဆီမီးဖိုင္နယ္ ပြဲစဥ္အျဖစ္ ဒီဇင္ဘာ ၁၃ ရက္ အဂၤါေန႔မွာ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ကြာတာဖိုင္နယ္ ပြဲစဥ္ေတြအျဖစ္ ေမာ္ရိုကုိ နဲ႔ ေပၚတူဂီ ပထမပြဲ ကစားၾကရမွာျဖစ္ၿပီး ဒုတိယပြဲမွာေတာ့ အဂၤလန္ နဲ႔ ျပင္သစ္ တို႔ ကစားၾကရမွာျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

ခရိုအေးရှား နဲ့ အာဂျင်တီးနား ဆီမီးဖိုင်နယ်တက်

{{Zawgyi/Unicode}}

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မနေ့ သောကြာနေ့က ကွာတာဖိုင်နယ် ပထမပွဲစဉ်မှာ ခရိုးအေးရှား က ဘရာဇီး ကို အနိုင်ရပြီး ဆီမီးဖိုင်နယ် ကို တက်ရောက်သွားပါတယ်။ ပထမ မိနစ် ၉ ၀ နဲ့ အချိန်ပို မိနစ် ၃ဝမှာတော့ တဖက် နဲ့ တဖက် ၁ ဂိုးစီ သရေဖြစ်နေပြီး ပင်နယ်တီ နဲ့ အဆုံးအဖြတ်ပေးတဲ့အခါမှာ ခရိုးအေးရှား အသင်း က အနိုင်ရသွားပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနား နဲ့ နယ်သာလန်အသင်း တို့ ကစားရာမှာလည်း ပထမ မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃ဝ အထိ ၂ ဂိုးစီ နဲ့ သရေဖြစ်နေပြီး ပင်နယ်တီ ဆုံးဖြတ်ရာမှာ အာဂျင်တီးနား က အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲစဉ်တွေမှာ အာဂျင်တီးနား အကျော်အမော် မက်ဆီ ဟာ သွင်းဂိုးစုစုပေါင်း ၄ ဂိုး နဲ့ အခု ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒုတိယဂိုးသွင်းအများဆုံးဖြစ်နေပါတယ်။ ပထမဂိုး အရေအတွက် အများဆုံးသွင်းထားသူကတော့ ပြင်သစ်အသင်း က ၅ ဂိုးသွင်းထားတဲ့ အမ်ဘာပေ ဖြစ်ပါတယ်။

ဒီနေ့ အနိုင်ရရှိကြတဲ့ ခရိုအေးရှား အသင်း နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၃ ရက် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကွာတာဖိုင်နယ် ပွဲစဉ်တွေအဖြစ် မော်ရိုကို နဲ့ ပေါ်တူဂီ ပထမပွဲ ကစားကြရမှာဖြစ်ပြီး ဒုတိယပွဲမှာတော့ အင်္ဂလန် နဲ့ ပြင်သစ် တို့ ကစားကြရမှာဖြစ်ကြပါတယ်။

XS
SM
MD
LG