သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးနဲ့ ခရိုအေးရှား ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက် 


Jwe Sid Koreyen Son Heung-min choute balon an nan direksyon gol la pandan ko-ekipye li Cho Gue-sung ak Brezilyen Marquinhos ak Alisson reyaji, 5 Desanm, 2022.
Jwe Sid Koreyen Son Heung-min choute balon an nan direksyon gol la pandan ko-ekipye li Cho Gue-sung ak Brezilyen Marquinhos ak Alisson reyaji, 5 Desanm, 2022.

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာ ဘရာဇီး နဲ့ ခရိုအေးရှား အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။ 

ဘရာဇီးနဲ့ ခရိုအေးရှား ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်

{{Zawgyi/Unicode}}
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာ ဘရာဇီး နဲ့ ခရိုအေးရှား အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။

ဘရာဇီးအသင်းက ပထမပိုင်း ၆ မိနစ်ကစ ၄ ဂိုး ဆက်တိုက် ရခဲ့ပြီး၊ တောင်ကိုရီးယားက ဒုတိယပိုင်းကျမှ ၁ ဂိုးရခဲ့တာကြောင့် ၄ ဂိုး၊ ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့တာပါ။ ဘရာဇီးအတွက် ဒုတိယဂိုးကိုတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အရင်ပွဲစဉ် ၂ ခုမှာ မပါခဲ့တဲ့၊ Neymar က ပယ်နယ်တီ ပြစ်ဒဏ်ဘောကိုသွင်းပြီး ရခဲ့တာဖြစ်ပါတယ်။ Neymar ရဲ့ အခုနောက်ဆုံး ဂိုးနဲ့ပါဆိုရင် ဘရာဇီးအမျိုးသား ဘောလုံးသင်းအတွက် စုစုပေါင်း ဂိုး ၇၆ ဂိုး သွင်းခဲ့ပြီး ဖြစ်တာကြောင့် နာမည်ကျော် ဘောလုံးသမား ပီလီ ရဲ့ စံချိန်ကိုမှီဖို့ နောက်ထပ် ၁ လုံးပဲ လိုပါတော့တယ်။

တနင်္လာနေ့က အစောပိုင်း ကစားခဲ့ကြတဲ့ ခရိုအေးရှား နဲ့ ဂျပန် ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အချိန်ပို ၁၅ မိနစ်စီ ကစားခဲ့ကြပေမဲ့ ဘယ်ဖက်ကမှ ဂိုးမသွင်းနိုင်ပဲ ပယ်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ ပယ်နယ်တီ ၅ လုံး ကန်ကြရာမှာ ခရိုအေးရှား ဂိုးသမားက ၃ လုံးကို ကာကွယ်နိုင်ခဲ့ပြီး၊ ဂျပန်ဂိုးသမားကတော့ ၁ လုံးသာ ကာကွယ်နိုင်တာကြောင့် ၃ ဂိုး၊ ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

တနင်္လာနေ့က အနိုင်ရခဲ့ကြတဲ့ ဘရာဇီးနဲ့ ခရိုအေးရှား အသင်းတို့ကတော့ လာမယ့်သောကြာနေ့ ကွာတာဖိုင်နယ်ပွဲစဉ်မှာ တွေ့ကြမှာပါ။

ဒီကနေ့ အင်္ဂါနေ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ မော်ရိုကိုနဲ့ စပိန်၊ ပေါ်တူဂီနဲ့ ဆွစ်ဇာလန် အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ခရိုအေးရှား ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

ဘရာဇီးနဲ့ ခရိုအေးရှား ကမ်ဘာ့ဖလား ကှာတားဖိုငျနယျတကျ

{{Zawgyi/Unicode}}





XS
SM
MD
LG