ျပင္သစ္နဲ႔ အဂၤလန္ ကမာၻ႔ဖလား ကြာတားဖိုင္နယ္တက္
{{Zawgyi/Unicode}}
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕က ကမာၻ႔ဖလား ေဘာလုံးပဲြ တနဂၤေႏြေန႔ ပဲြစဥ္ေတြမွာ ျပင္သစ္နဲ႔ အဂၤလန္အသင္းတို႔ အႏိုင္ရခဲ့ၾကၿပီး ကြာတာဖိုင္နယ္အဆင့္ကို တက္သြားၾကပါၿပီ။ တနဂၤေႏြေန႔ အေစာပိုင္း ပဲြစဥ္မွာ ျပင္သစ္က ပိုလန္ကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရလိုက္တာပါ။ တနဂၤေႏြေန႔ပဲြမွာ ဂိုးသြင္းခဲ့တဲ့ အထဲက ျပင္သစ္အသင္း ေရွ႕တန္းကစားသမား Olivier Giroud ကေတာ့ ျပင္သစ္မွာ ဂိုးအမ်ားဆုံး သြင္းႏိုင္သူအျဖစ္ စံခ်ိန္တင္သြားပါတယ္။ ျပင္သစ္အသင္းအတြက္ ေနာက္ ၂ ဂိုးကိုေတာ့ Kylian Mbappe ကသြင္းခဲ့တာပါ။
ဒုတိယပဲြျဖစ္တဲ့ အဂၤလန္နဲ႔ ဆီနီေဂါ ပဲြစဥ္မွာေတာ့ အဂၤလန္အသင္းက ၃ ဂိုး ဂိုးမရွိနဲ႔ ဆီနီေဂါအသင္း ကို အႏိုင္ရလိုက္တာေၾကာင့္ အာဖရိက အသင္းေတြကို ကမာၻ႔ဖလားမွာ မရႈံးဖူးေသးတဲ့ စံခ်ိန္ကိုလည္း ထိန္းႏိုင္ခဲ့ပါတယ္။ အဂၤလန္အတြက္ ဂိုး ၁ လုံး သြင္းေပးခဲ့တဲ့ နာမည္ေက်ာ္ ကစားသမား Harry Kane အတြက္လည္း ဒီႏွစ္ကမာၻ႔ဖလားမွာ ပထမဆုံး ဂိုးျဖစ္ခဲ့ပါတယ္။
တနဂၤေႏြေန႔က အႏိုင္ရခဲ့ၾကတဲ့ ျပင္သစ္နဲ႔ အဂၤလန္အသင္းေတြကေတာ့ လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ ကြာတားဖိုင္နယ္မွာ ကစားၾကရမွာျဖစ္ပါတယ္။
ဒီကေန႔ တနလာၤေန႔ ရႈံးထြက္ပဲြစဥ္ေတြမွာေတာ့ ဂ်ပန္ နဲ႔ ခရိုေအးရွား၊ ဘရာဇီး နဲ႔ ေတာင္ကိုရီးယား တို႔ ကစားၾကမွာ ျဖစ္ပါတယ္။
ပြင်သစ်နဲ့ အင်္ဂလန် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်
{{Zawgyi/Unicode}}
ကာတာနိုင်ငံ ဒိုဟာမြို့က ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္ဂနွေနေ့ ပွဲစဉ်တွေမှာ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတို့ အနိုင်ရခဲ့ကြပြီး ကွာတာဖိုင်နယ်အဆင့်ကို တက်သွားကြပါပြီ။ တနင်္ဂနွေနေ့ အစောပိုင်း ပွဲစဉ်မှာ ပြင်သစ်က ပိုလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိုက်တာပါ။ တနင်္ဂနွေနေ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ အထဲက ပြင်သစ်အသင်း ရှေ့တန်းကစားသမား Olivier Giroud ကတော့ ပြင်သစ်မှာ ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် စံချိန်တင်သွားပါတယ်။ ပြင်သစ်အသင်းအတွက် နောက် ၂ ဂိုးကိုတော့ Kylian Mbappe ကသွင်းခဲ့တာပါ။
ဒုတိယပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ ဆီနီဂေါ ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဆီနီဂေါအသင်း ကို အနိုင်ရလိုက်တာကြောင့် အာဖရိက အသင်းတွေကို ကမ္ဘာ့ဖလားမှာ မရှုံးဖူးသေးတဲ့ စံချိန်ကိုလည်း ထိန်းနိုင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် ဂိုး ၁ လုံး သွင်းပေးခဲ့တဲ့ နာမည်ကျော် ကစားသမား Harry Kane အတွက်လည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ ပထမဆုံး ဂိုးဖြစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က အနိုင်ရခဲ့ကြတဲ့ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတွေကတော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက် ကွာတားဖိုင်နယ်မှာ ကစားကြရမှာဖြစ်ပါတယ်။
ဒီကနေ့ တနလာၤနေ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ ဂျပန် နဲ့ ခရိုအေးရှား၊ ဘရာဇီး နဲ့ တောင်ကိုရီးယား တို့ ကစားကြမှာ ဖြစ်ပါတယ်။