သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ေဘာလုံးပဲြမွာ ပထမဆုံး အမ်ဳိးသမီး ကြင္းလယ္ဒိုင္သုံးမည္


(Zawgyi/ Unicode)

ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမၻာ့ဖလား ေဘာလုံးျပဳိင္ပဲြ ၾကာသပေတးေန႔ ပဲြစဥ္ေတြထဲက ဂ်ာမနီနဲ႔ ေကာ့စတာရီကာ ပဲြမွာ ပထမဆုံးေသာ အမ်ဳိးသမီး ကြင္းလယ္ဒိုင္လူႀကီးအျဖစ္ ျပင္သစ္ႏိုင္ငံက Stéphanie Frappart တာဝန္ယူမွာျဖစ္ပါတယ္။ Stéphanie Frappart အျပင္ သူ႔ကိုကူညီမယ့္ စည္းၾကပ္ဒိုင္ေတြအျဖစ္ အျခားအမ်ဳိးသမီးဒိုင္ (၂) ဦးကို FIFA က ေရြးခ်ယ္ထားတာေၾကာင့္ အမ်ဳိးသား ကမာၻ႔ဖလားပဲြကို ပထမဆုံး အမ်ဳိးသမီး ဒိုင္လူႀကီးေတြက ႀကီးၾကပ္သြားမွာ ျဖစ္ပါတယ္။

စည္းၾကပ္ဒိုင္ ေတြကေတာ့ ဘရာဇီးက Neuza Back နဲ႔ မကၠဆီကိုက Karen Diaz Medina တို႔ ျဖစ္ၾကပါတယ္။ ဒါ့အျပင္ အေမရိကန္က Kathryn Nesbitt ကိုလည္း လူကၽြံေဘာ ဖမ္းေပးမယ့္ ဗီြဒီယိုကၽြမ္းက်င္သူအျဖစ္ ငွားရမ္းထားပါတယ္။

ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ ကမၻာ့ဖလား ပဲြစဥ္မွာေတာ့ အုပ္စု C မွာ အာဂ်င္တီးနားက ပိုလန္ကို ၂ ဂိုး - ဂိုးမရွိနဲ႔ ႏိုင္သြားပါတယ္။ အာဂ်င္တီးနား အသင္းဖက္က ေဘာလုံးပိုင္ဆိုင္မႈ ပိုရခဲ့ၿပီး အသင္းေခါင္းေဆာင္ မက္ဆီကိုယ္တိုင္သြင္းတဲ့ ပယ္နယ္လ္တီ တလုံးကို ပိုလန္ဂိုးသမားက ကာကြယ္ႏိုင္ခဲ့ပါတယ္။ အုပ္စု C ထဲက အျခားပဲြျဖစ္တဲ့ မကၠဆီကိုနဲ႔ ေဆာ္ဒီအသင္းတို႔ ကစားရာမွာေတာ့ မကၠဆီကိုက ေဆာ္ဒီကို ၂ ဂိုး ၁ ဂိုးနဲ႔ ႏိုင္သြားပါတယ္။

ပဲြၿပီးခါနီး မိနစ္ပိုင္းအလိုမွာမွ ေဆာ္ဒီအသင္းဖက္က ၁ ဂိုး ျပန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အုပ္စု C မွာ အာဂ်င္တီးနားက အုပ္စုပထမနဲ႔ ပိုလန္က ဒုတိယလိုက္ၿပီး (၁၆)သင္း ရႈံးထြက္ပဲြကိုတက္သြားပါၿပီ။ မကၠဆီကိုနဲ႔ ေဆာ္ဒီအသင္းတို႔ ပဲြစဥ္ေတြကေန ထြက္သြားရၿပီ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ အေစာပိုင္းကစားတဲ့ အုပ္စု D ပြဲမွာေတာ့ ျပင္သစ္က တူနီးရွားကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးပါတယ္။ ျပင္သစ္အသင္းမွာ နာမည္ႀကီး ကစားသမားေတြ မပါဘဲ အရန္ကစားသမားေတြကို ထည့္ကစားသြားတာ ေတြ႕ရပါတယ္။ ေနာက္ထပ္ အုပ္စု D ပဲြစဥ္ျဖစ္တဲ့ ၾသစေၾတးလ်- ဒိန္းမတ္ ပဲြမွာေတာ့ ၾသစေၾတးလ်က ဒိန္းမတ္ကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရပါတယ္။ ဒီဇင္ဘာ(၃)ရက္မွာ အာဂ်င္တီးနားက ၾသစေၾတးလ်နဲ႔ ေတြ႕မွာျဖစ္ၿပီး၊ ဒီဇင္ဘာ(၄)ရက္မွာ ျပင္သစ္နဲ႔ ပိုလန္တို႔ ယွဥ္ျပဳိင္ရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ပထမဆုံး အမျိုးသမီး ကွင်းလယ်ဒိုင်သုံးမည်

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကြာသပတေးနေ့ ပွဲစဉ်တွေထဲက ဂျာမနီနဲ့ ကော့စတာရီကာ ပွဲမှာ ပထမဆုံးသော အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီးအဖြစ် ပြင်သစ်နိုင်ငံက Stéphanie Frappart တာဝန်ယူမှာဖြစ်ပါတယ်။ Stéphanie Frappart အပြင် သူ့ကိုကူညီမယ့် စည်းကြပ်ဒိုင်တွေအဖြစ် အခြားအမျိုးသမီးဒိုင် (၂) ဦးကို FIFA က ရွေးချယ်ထားတာကြောင့် အမျိုးသား ကမ္ဘာ့ဖလားပွဲကို ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးတွေက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

စည်းကြပ်ဒိုင် တွေကတော့ ဘရာဇီးက Neuza Back နဲ့ မက္ကဆီကိုက Karen Diaz Medina တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် အမေရိကန်က Kathryn Nesbitt ကိုလည်း လူကျွံဘော ဖမ်းပေးမယ့် ဗွီဒီယိုကျွမ်းကျင်သူအဖြစ် ငှားရမ်းထားပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မှာတော့ အုပ်စု C မှာ အာဂျင်တီးနားက ပိုလန်ကို ၂ ဂိုး - ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ အာဂျင်တီးနား အသင်းဖက်က ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီကိုယ်တိုင်သွင်းတဲ့ ပယ်နယ်လ်တီ တလုံးကို ပိုလန်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။

အုပ်စု C ထဲက အခြားပွဲဖြစ်တဲ့ မက္ကဆီကိုနဲ့ ဆော်ဒီအသင်းတို့ ကစားရာမှာတော့ မက္ကဆီကိုက ဆော်ဒီကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာမှ ဆော်ဒီအသင်းဖက်က ၁ ဂိုး ပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အုပ်စု C မှာ အာဂျင်တီးနားက အုပ်စုပထမနဲ့ ပိုလန်က ဒုတိယလိုက်ပြီး (၁၆)သင်း ရှုံးထွက်ပွဲကိုတက်သွားပါပြီ။ မက္ကဆီကိုနဲ့ ဆော်ဒီအသင်းတို့ ပွဲစဉ်တွေကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းကစားတဲ့ အုပ်စု D ပွဲမှာတော့ ပြင်သစ်က တူနီးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။ ပြင်သစ်အသင်းမှာ နာမည်ကြီး ကစားသမားတွေ မပါဘဲ အရန်ကစားသမားတွေကို ထည့်ကစားသွားတာ တွေ့ရပါတယ်။ နောက်ထပ် အုပ်စု D ပွဲစဉ်ဖြစ်တဲ့ သြစတြေးလျ- ဒိန်းမတ် ပွဲမှာတော့ သြစတြေးလျက ဒိန်းမတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ ဒီဇင်ဘာ(၃)ရက်မှာ အာဂျင်တီးနားက သြစတြေးလျနဲ့ တွေ့မှာဖြစ်ပြီး၊ ဒီဇင်ဘာ(၄)ရက်မှာ ပြင်သစ်နဲ့ ပိုလန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG