ကမာၻ႔ဖလားပဲြ ႐ႈံးတာေၾကာင့္ ဘယ္လ္ဂ်ီယံမွာ ဆူပူမႈေတြျဖစ္
{{Zawgyi/Unicode}}
ကမၻာ့ဖလား ေဘာလုံးပြဲ တနဂၤေႏြေန႔ ပြဲစဥ္မွာ ေမာ္႐ိုကိုအသင္းကို ၂ ဂိုး ဂိုးမရွိ နဲ႔ ဘယ္လဂ်ီယံအသင္း က ရႈံးသြားၿပီးေနာက္ ဘယ္လဂ်ီယံႏိုင္ငံ ၊ Brussel ၿမိဳ႕ေတာ္မွာ အဓိကရုဏ္းေတြ ျဖစ္ပြားခဲ့ပါတယ္။ ရဲတပ္ဖြဲ႔ဝင္ေတြက ၿမိဳ႕လည္လူစည္ကားရာက ေနရာတခ်ဳိ႕ကို ပိတ္ဆို႔လိုက္ၿပီး အၾကမ္းဖက္ ရုန္းရင္းဆန္ခတ္ ျဖစ္ေနၾကတဲ့ လူအုပ္ႀကီးကို မ်က္ရည္ယုိဗုံးေတြ ၊ မီးသတ္ေရပိုက္ေတြကို အသုံးျပဳၿပီး လူစုခြဲလိုက္ပါတယ္။
ဒါဇင္နဲ႔ခ်ီရွိၾကတဲ့ အၾကမ္းဖက္ ဆူပူၾကသူေတြက ကားတစီး ကို တြန္းလွဲလိုက္ၿပီး တျခားကားေတြကိုလည္း ခဲေတြ အုတ္ခဲေတြနဲ႔ ပစ္ေပါက္ၾကသလို လွ်ပ္စစ္ ဆိုင္ကယ္ေတြကို မီးရိႈ႕ဖ်က္ဆီးၾကပါတယ္။ အဓိက႐ုဏ္းအတြင္း လူတဦး မ်က္ႏွာမွာ ဒဏ္ရာရရွိသြားၿပီးေနာက္ ရဲတပ္ဖြဲ႔ဝင္ေတြက အေရးတာေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ အမ်ဳိးသမီး Ilse Van de Keere က ေျပာပါတယ္။
Brussels ၿမိဳ႕ေတာ္ဝန္ Philippe Close ကလည္း ျပည္သူေတြအေနနဲ႔ ၿမိဳ႕လည္ေနရာေတြကို မလာၾကဖို႔ တိုက္တြန္းထားသလို အာဏာပိုင္ေတြအေနနဲ႔ လမ္းေတြေပၚမွာ အေျခအေနေတြ တည္ၿငိမ္လာေအာင္ အထူးဂရုစိုက္ၿပီး တာဝန္ထမ္းေဆာင္ေနပါတယ္လို႔ ေျပာပါတယ္။
ဒါအျပင္ ရဲတပ္ဖြဲ႔ဝင္ေတြက ေျမေအာက္ ရထားေတြ နဲ႔ ဓါတ္ရထားေတြကို အသြားအလာ ရပ္ဆုိင္းထားဖို႔ အမိန္႔ထုတ္ခဲ့ပါတယ္။ ေဘာလုံးပြဲ ရႈံးတဲ့အတြက္ ေနာက္ဆက္တြဲ မတည္မၿငိမ္ အေျခအေနေတြဟာ ဘယ္လဂ်ီယံႏိုင္ငံ Antwerp ၿမိဳ႕မွာလည္း ျဖစ္ပြားခဲ့ပါတယ္။
အဓိကရုဏ္းေတြဟာ အိမ္နီးခ်င္း နယ္သာလန္ႏိုင္ငံ ရဲ႕ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ Rotterdam ၿမိဳ႕ကိုလည္း ကူးစက္သြားၿပီး မီးရႈးမီးပန္းေတြ ၊ ဖန္ခြက္ေတြနဲ႔ ပစ္ေပါက္ေနၾကတဲ့ ေဘာလုံးပရိတ္သတ္ ၅ဝဝ ေလာက္ကို ရဲတပ္ဖြဲ႔ဝင္ေတြက လူစုခြဲခဲ့ရပါတယ္။ နယ္သာလန္ ၿမိဳ႕ေတာ္ Amsterdam နဲ႔ The Hague ၿမိဳ႕မွာလည္း အဓိကရုဏ္းေတြ ျဖစ္ပြားေနတယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။
တနဂၤေႏြေန႔က ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဘယ္လဂ်ီယံလို အသင္းႀကီးကို ေမာ္႐ိုကိုအသင္းက အႏိုင္ရသြားတဲ့အတြက္ေၾကာင့္ စိတ္ပ်က္ ေဒါသျဖစ္ၾကရာက အဓိကရုဏ္းေတြျဖစ္ပြားခဲ့တာပါ။ ဘယ္လဂ်ီယမ္ႏိုင္ငံမွာ ေရႊ႕ေျပာင္းအေျခခ်ခဲ့ၾကတဲ့ ေမာ္႐ိုကိုလူမ်ဳိးေတြကေတာ့ ေမာ္႐ိုကို အသင္းကို အားေပးၿပီး အႀကီးအက်ယ္ ေအာင္ပြဲခံ က်င္းပၾကပါတယ္။
........................................
ကမ္ဘာ့ဖလားပွဲ ရှုံးတာကြောင့် ဘယ်လ်ဂျီယံမှာ ဆူပူမှုတွေဖြစ်
{{Zawgyi/Unicode}}
ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္ဂနွေနေ့ ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ ဘယ်လဂျီယံအသင်း က ရှုံးသွားပြီးနောက် ဘယ်လဂျီယံနိုင်ငံ ၊ Brussel မြို့တော်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မြို့လည်လူစည်ကားရာက နေရာတချို့ကို ပိတ်ဆို့လိုက်ပြီး အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်နေကြတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးတွေ ၊ မီးသတ်ရေပိုက်တွေကို အသုံးပြုပြီး လူစုခွဲလိုက်ပါတယ်။
ဒါဇင်နဲ့ချီရှိကြတဲ့ အကြမ်းဖက် ဆူပူကြသူတွေက ကားတစီး ကို တွန်းလှဲလိုက်ပြီး တခြားကားတွေကိုလည်း ခဲတွေ အုတ်ခဲတွေနဲ့ ပစ်ပေါက်ကြသလို လျှပ်စစ် ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးကြပါတယ်။ အဓိကရုဏ်းအတွင်း လူတဦး မျက်နှာမှာ ဒဏ်ရာရရှိသွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက အရေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Ilse Van de Keere က ပြောပါတယ်။
Brussels မြို့တော်ဝန် Philippe Close ကလည်း ပြည်သူတွေအနေနဲ့ မြို့လည်နေရာတွေကို မလာကြဖို့ တိုက်တွန်းထားသလို အာဏာပိုင်တွေအနေနဲ့ လမ်းတွေပေါ်မှာ အခြေအနေတွေ တည်ငြိမ်လာအောင် အထူးဂရုစိုက်ပြီး တာဝန်ထမ်းဆောင်နေပါတယ်လို့ ပြောပါတယ်။
ဒါအပြင် ရဲတပ်ဖွဲ့ဝင်တွေက မြေအောက် ရထားတွေ နဲ့ ဓါတ်ရထားတွေကို အသွားအလာ ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘောလုံးပွဲ ရှုံးတဲ့အတွက် နောက်ဆက်တွဲ မတည်မငြိမ် အခြေအနေတွေဟာ ဘယ်လဂျီယံနိုင်ငံ Antwerp မြို့မှာလည်း ဖြစ်ပွားခဲ့ပါတယ်။
အဓိကရုဏ်းတွေဟာ အိမ်နီးချင်း နယ်သာလန်နိုင်ငံ ရဲ့ ပင်လယ်ဆိပ်ကမ်းမြို့ Rotterdam မြို့ကိုလည်း ကူးစက်သွားပြီး မီးရှုးမီးပန်းတွေ ၊ ဖန်ခွက်တွေနဲ့ ပစ်ပေါက်နေကြတဲ့ ဘောလုံးပရိတ်သတ် ၅ဝဝ လောက်ကို ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲခဲ့ရပါတယ်။ နယ်သာလန် မြို့တော် Amsterdam နဲ့ The Hague မြို့မှာလည်း အဓိကရုဏ်းတွေ ဖြစ်ပွားနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
တနင်္ဂနွေနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လဂျီယံလို အသင်းကြီးကို မော်ရိုကိုအသင်းက အနိုင်ရသွားတဲ့အတွက်ကြောင့် စိတ်ပျက် ဒေါသဖြစ်ကြရာက အဓိကရုဏ်းတွေဖြစ်ပွားခဲ့တာပါ။ ဘယ်လဂျီယမ်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချခဲ့ကြတဲ့ မော်ရိုကိုလူမျိုးတွေကတော့ မော်ရိုကို အသင်းကို အားပေးပြီး အကြီးအကျယ် အောင်ပွဲခံ ကျင်းပကြပါတယ်။