{{Zawgyi/Unicode}}
ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရ အခြေအနေ
{{Zawgyi/Unicode}}
သောကြာနေ့က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မှာ ကမ္ဘာ့ထိပ်သီးအသင်း Brazil ဟာ အာဖရိကတိုက်က Cameroon အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ ဒါပေမဲ့လည်း ပထမ အုပ်စုပွဲစဉ်မှာ ဂိုးအရေအတွက် အမှတ်စနစ်တွေ နဲ့ အဆုံးအဖြစ်ပေးတဲ့အတွက် Brazil အသင်းဟာ ရှုံးပေမယ့်လည်း နောက်ထပ် ၁၆ သင်းအုပ်စု ပြိုင်ပွဲကို တက်သွားပါတယ်။ အနိုင်ရတဲ့ Cameroon ကတော့ အနိုင်ရပေမယ့် အမှတ် နဲ့ ဂိုးအရေအတွက် မမီတဲ့အတွက် အခု ကမ္ဘာဖလားပွဲကနေ ထွက်သွားရပါပြီ။
တောင်ကိုရီးယား နဲ့ Portugal ပွဲမှာတော့ ထိပ်သီး ပေါ်တူဂီအသင်းကို တောင်ကိုရီးယားက ၂ ဂိုး တဂိုး နဲ့ အနိုင်ရသွားပါတယ်။ အဲဒီနောက် တောင်ကိုရီးယားကော ၊ ပေါ်တူဂီကော ၂ သင်းလုံးဟာ နောက်ထပ် ၁၆ သင်း အုပ်စုပြိုင်ပွဲကို တက်သွားပါတယ်။
တခါ Serbia နဲ့ Switzerland ပွဲမှာ Serbia က Switzerland အသင်းကို ၂ ဂိုး ၃ ဂိုး နဲ့ ရှုံးနိမ့်သွားပါတယ်။ နောက်ထပ်အုပ်စု ၁၆ သင်းပြိုင်ပွဲကို Switzerland က တက်သွားပြီး Serbia အသင်းကတော့ ကမ္ဘာ့ဖလားကနေ ထွက်သွားရပါပြီ။
Ghana နဲ့ Uruguay ပွဲစဉ်မှာလည်း Uruguay က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒါပေမဲ့ အမှတ်နဲ့ ဂိုးအရေအတွက်နဲ့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ၂သင်းစလုံး ဆက်ကစားခွင့်မရတော့ပဲ ကမ္ဘာ့ဖလားပွဲကနေ နုတ်ထွက်သွားရပါတယ်။
ဒီကနေ့ စနေနေ့မှာ ဒုတိယ အုပ်စု ၁၆သင်း ရှုံးထွက်ပွဲစဉ်တွေကို စတင်မှာဖြစ်ပြီး အမေရိကန် နဲ့ နယ်သာလန် ယှဉ်ပြိုင်မှာဖြစ်ပြီး အာဂျင်တီးနား ကတော့ သြစတေလျား နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။