သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္သာလန္နဲ႔ အာဂ်င္တီးနား ကြာတားဖိုင္နယ္ တက္သြားၿပီ


နယ္သာလန္အသင္း (လိေမၼာ္ေရာင္)နဲ႔ အေမရိကန္အသင္း (အျဖဴ)တို႔ ယွဥ္ျပဳိင္ၾကစဥ္ (Photo by Alberto PIZZOLI / AFP)

[[ ZAWGYI ]]

နယ္သာလန္နဲ႔ အာဂ်င္တီးနား ကြာတားဖိုင္နယ္ တက္သြားၿပီ

ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမၻာ့ဖလား ေဘာလုံးပဲြ (၁၆)ရႈံးထြက္ ပထမပဲြစဥ္မွာ နယ္သာလန္အသင္းက အေမရိကန္ အသင္းကို ၃ ဂိုး- ၁ ဂိုးနဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ကို တက္သြားပါၿပီ။ ဒုတိပဲြစဥ္ျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ ၾသစေၾတးလ် ပဲြစဥ္မွာေတာ့ အာဂ်င္တီးနား အသင္းက ၂ ဂိုး- ၁ ဂိုးနဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ကို တက္ပါတယ္။

အာဂ်င္တီးနားရဲ႕ ပထမ ဂိုးကိုေတာ့ နာမည္ေက်ာ္ မက္ဆီက ခမ္းလွမ္းလွမ္းက သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ၾသစေၾတးလ် အသင္းေတြကေတာ့ ဒီအဆင့္မွာပဲ ထြက္ခြာသြားရၿပီ ျဖစ္ပါတယ္။ စေနေန႔ အႏိုင္ရရွိသြားတဲ့ နယ္သာလန္နဲ႔ အာဂ်င္တီးနား အသင္းတို႔ဟာ ကြာတားဖိုင္နယ္ ပထမပြဲစဥ္အျဖစ္ ဒီဇင္ဘာ(၉)ရက္ ေသာၾကာေန႔မွာ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ပထမပဲြအျဖစ္ ျပင္သစ္နဲ႔ ပိုလန္ ၊ ဒုတိယ ပဲြစဥ္အျဖစ္ အဂၤလန္နဲ႔ ဆင္နီေဂါအသင္းတို႔ ကစားၾကမွာ ျဖစ္ပါတယ္။ တနလၤာေန႔မွာေတာ့ ဂ်ပန္နဲ႔ ခ႐ိုေအးရွား ၊ ဘရာဇီးနဲ႔ ေတာင္ကိုရီးယားတို႔ ကစားဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

နယ်သာလန်နဲ့ အာဂျင်တီးနား ကွာတားဖိုင်နယ် တက်သွားပြီ

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ (၁၆)ရှုံးထွက် ပထမပွဲစဉ်မှာ နယ်သာလန်အသင်းက အမေရိကန် အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။ ဒုတိပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ သြစတြေးလျ ပွဲစဉ်မှာတော့ အာဂျင်တီးနား အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ပါတယ်။

အာဂျင်တီးနားရဲ့ ပထမ ဂိုးကိုတော့ နာမည်ကျော် မက်ဆီက ခမ်းလှမ်းလှမ်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ သြစတြေးလျ အသင်းတွေကတော့ ဒီအဆင့်မှာပဲ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ စနေနေ့ အနိုင်ရရှိသွားတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနား အသင်းတို့ဟာ ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဒီဇင်ဘာ(၉)ရက် သောကြာနေ့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ပထမပွဲအဖြစ် ပြင်သစ်နဲ့ ပိုလန် ၊ ဒုတိယ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဆင်နီဂေါအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ဂျပန်နဲ့ ခရိုအေးရှား ၊ ဘရာဇီးနဲ့ တောင်ကိုရီးယားတို့ ကစားဖို့ ရှိနေပါတယ်။

XS
SM
MD
LG