သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန္တဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန် 


အယ်ဂျီးရီးယားနဲ့ ဆလိုဗေးနီးယား ချစ်ကြည်ရေးဘောလုံးပွဲစဉ်အတွင်း ဘရားဇီးဂန္တဝင်ဘောလုံးသမားကြီး ပီလီကိုတွေ့ရစဉ်
အယ်ဂျီးရီးယားနဲ့ ဆလိုဗေးနီးယား ချစ်ကြည်ရေးဘောလုံးပွဲစဉ်အတွင်း ဘရားဇီးဂန္တဝင်ဘောလုံးသမားကြီး ပီလီကိုတွေ့ရစဉ်

ဘရာဇီး နိုင်ငံက အသက် (၈၂) နှစ်အရွယ် ကမ္ဘာကျော် ဂန္တဝင် ဘောလုံးသမားကြီး Pelé ဟာ  ဒီဇင်ဘာ ၂၉၊  ကြာသပတေးနေ့ က ကွယ်လွန်သွားပါပြီ။


ဂန္တဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

{{Zawgyi/Unicode}}
ဘရာဇီး နိုင်ငံက အသက် (၈၂) နှစ်အရွယ် ကမ္ဘာကျော် ဂန္တဝင် ဘောလုံးသမားကြီး Pelé ဟာ ဒီဇင်ဘာ ၂၉၊ ကြာသပတေးနေ့ က ကွယ်လွန်သွားပါပြီ။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဆေးရုံတက်ခဲ့ရတာ ဖြစ်ပြီး ကင်ဆာရောဂါနဲ့အတူ ကျောက်ကပ် နှလုံးရောဂါတွေကိုပါ ကုသခဲ့ရတာပါ။ မနှစ် ၂ဝ၂၁ ခုနှစ်ကလည်း သူဟာ အူမကြီးကို ခွဲစိတ်ပြီး Tumor အကြိတ်ကို ခွဲထုတ် ကုသခဲ့ရပါသေးတယ်။

တချိန်က ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Pelé ဟာ ဘရာဇီးဘောလုံးအသင်းအတွက် ၁၉ ၅၈ ၊ ၁၉ ၆၂ နဲ့ ၁၉ ၇ဝ ကမ္ဘာဖလား (၃) ကြိမ်တိတိ ဆွတ်ခူးရယူ ပေးခဲ့တာပါ။

သူဟာ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ကြီး ရဲ့ အနောက်မြောက်ဖက် မိုင် ၁၅ဝ နီးပါးအကွာမှာရှိတဲ့ Tres Coracoes မြို့မှာ ၁၉ ၄ဝ ခုနှစ်က မွေးဖွားခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ် ကတည်းက ဘရာဇီးနိုင်ငံရဲ့ နာမည်ကျော် Santos ဘောလုံးအသင်းမှာ စာချုပ်ချုပ်ဆို ကစားခဲ့ပြီး နောက်တနှစ်အကြာ ၁၆ နှစ်သားမှာ ဘရာဇီး နိုင်ငံ လက်ရွေးစဉ်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနောက် အသက် ၁၇ နှစ်အရွယ် ၁၉ ၅၈ ကမ္ဘာဖလား ဘောလုံးပွဲမှာ သူပါဝင်တဲ့ ဘရာဇီးအသင်း ကမ္ဘာဖလားဆုကြီးကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ အသက်အငယ်ဆုံး ဘောလုံးသမားတဦးအဖြစ် နဲ့ ကမ္ဘာ့ဖလားမှာ ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

Pele ဟာ ဘောလုံးလောက ကနေ အနားယူပြီးနောက်ပိုင်းမှာလည်း ဘရာဇီးနိုင်ငံရဲ့ အားကစားဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သလို ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးက လည်း ချို့ငဲ့တဲ့ ကလေးငယ်တွေ ကူညီရေးနဲ့ အားကစားကဏ္ဍ မြှင့်တင်ရေးလုပ်ဆောင်နေတဲ့ သူ့ကို UNESCO ရဲ့ Champion for Sports တာဝန်ပေးအပ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်



{{Zawgyi/Unicode}}





XS
SM
MD
LG