သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်း မြို့တော်မှာကြိုဆို


ကမ္ဘာ့ဖလား ဗိုလ်စွဲပြီး အိမ်ပြန်လာတဲ့ အာဂျင်တီးနားအသင်းကို ပြည်သူတွေက Buenos Aires ဘွယ်နိုဆိုင်းရီးစ် မြို့မှာ သောင်းသောင်းဖျဖျ ကြိုဆိုနေ။ (၂၀ ဒီဇင်ဘာ ၂၀၂၂)
ကမ္ဘာ့ဖလား ဗိုလ်စွဲပြီး အိမ်ပြန်လာတဲ့ အာဂျင်တီးနားအသင်းကို ပြည်သူတွေက Buenos Aires ဘွယ်နိုဆိုင်းရီးစ် မြို့မှာ သောင်းသောင်းဖျဖျ ကြိုဆိုနေ။ (၂၀ ဒီဇင်ဘာ ၂၀၂၂)

ကမ္ဘာ့ဖလားဘောလုံးပွဲ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားဘောလုံးအသင်းဟာ အင်္ဂါနေ့က မြို့တော် Buenos Aires အရောက် အောင်ပွဲခံလှည်လည်တဲ့ အစီအစဉ်မှာ ဧည့်ပရိသတ် သန်းနဲ့ချီများပြားပြီး ၄ နာရီကြာပိတ်မိပြီးနောက် ခရီးမတွင်တဲ့အတွက် အစီအစဉ်ပြောင်းပြီး ရဟတ်ယဉ်နဲ့ မြို့တော်က လူတန်းကြီးကိုကျော်ပြီး သွားခဲ့ရပါတယ်။

[[ ZAWGYI ]]

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်း မြို့တော်မှာကြိုဆို

ကမ္ဘာ့ဖလားဘောလုံးပွဲ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားဘောလုံးအသင်းဟာ အင်္ဂါနေ့က မြို့တော် Buenos Aires အရောက် အောင်ပွဲခံ လှည်လည်တဲ့ အစီအစဉ်မှာ ဧည့်ပရိသတ် သန်းနဲ့ချီ များပြားပြီး လမ်းတွေပိတ်ဆို့နေတဲ့အတွက် အစီအစဉ် ရုတ်တရက်ပြောင်းပြီး ရဟတ်ယဉ်နဲ့ သွားလိုက်ရပါတယ်။

အာဂျင်တီးနားအသင်းဟာ မြို့တော်အပြင်ဘက်မှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်ရုံးရှိရာ နေရာကနေ အမိုးပွင့် ဘတ်စကားနဲ့ မြို့တော် Buenos Aires ကို လာရောက်ရာမှာ၊ အဝေးပြေးလမ်းတွေ အပါအဝင် လမ်းပေါ်မှာ အားပေးသူတွေနဲ့ ပြည့်နေတဲ့အတွက် ၄ နာရီလောက်ကြာအောင် မောင်းနှင်ခဲ့ပေမယ့် ခရီးမတွင်တဲ့အတွက် ရုတ်တရက် အစီအစဉ်ပြောင်းပြီး ရဟတ်ယဉ်နဲ့ မြို့တော် Buenos Aires က လူတန်းကြီးကိုကျော်ပြီး သွားခဲ့ရပါတယ်။

လူတွေက တအားပျော်ပြီး လမ်းတွေမှာ ပြည့်လျှံ ပိတ်ဆို့နေတဲ့အတွက် ဘယ်လိုမှ ဆက်သွားလို့မရလို့ ရဟတ်ယဉ်နဲ့ သွားလိုက်ရပါတယ်လို့ အာဂျင်တီးနား သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ Gabriela Cerruti က လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ဖေါ်ပြခဲ့ပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ Claudio Tapia ကတော့ လုံခြုံရေးတွေက ခွင့်မပြုတဲ့အတွက် ဆက်သွားလို့ မရတော့ပဲ အစီအစဉ် ပြောင်းလိုက်ရကြောင်းနဲ့ အသင်းရဲ့ကိုယ်စား တောင်းပန်အပ်ပါတယ်လို့ လူမှုကွန်ယက်မှာ ဖေါ်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကာတာနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ၂၀၁၈ ခုနှစ် ချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၂၂ ခုနှစ် ချိန်ပီယံ ဖြစ်လာပါတယ်။ အာဂျင်တီးအတွက် ဒီတကြိမ်ဟာ တတိယအကြိမ် ကမ္ဘာ့ဖလား ဗိုလ်စွဲတာဖြစ်ပြီး ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}

ကမ်ဘာ့ဖလား ခနြျပီယံ အာဂငြျတီးနားအသငျး မွို့တောျမှာကွိုဆို






XS
SM
MD
LG