သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ တတိယဆု ခရိုအေးရှားဆွတ်ခူး


၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ တတိယ ရသွားတဲ့ ခရိုအေးရှားအသင်း။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ တတိယ ရသွားတဲ့ ခရိုအေးရှားအသင်း။

[[ ZAWGYI ]]

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ တတိယဆု ခရိုအေးရှားဆွတ်ခူး

ကာတာနိုင်ငံမှာ ဒီဇင်ဘာ(၁၇)ရက် စနေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ တတိယနေရာ လုပွဲမှာ ခရိုအေးအသင်းက မော်ရိုကိုအသင်းကို ( ၂ ဂိုး- ၁ ဂိုး)နဲ့ အနိုင် ရရှိသွားပါတယ်။

ပွဲစပြီး (၇)မိနစ်အကြာမှာပဲ ခရိုအေးရှားအသင်းအတွက် ပထမဂိုးကို Josko Gvardiol က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပြီး၊ သိပ်မကြာခင်မှာပဲ မော်ရိုကိုအသင်းအတွက် ချေပဂိုးကို Achraf Dari က ခေါင်းတိုက်သွင်းယူ ခဲ့ပါတယ်။

ဒါပေမဲ့ (၄၂) မိနစ်အကြာ ပထမပိုင်း ပြီးခါနီးမှာ ခရိုအေးရှားအသင်းက Mislav Orsic က အနိုင်ဂိုးကို သွင်းယူလိုက်ပါတယ်။ ဒါကြောင့် ခရိုအေးရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ တတိယဆုကို ဆွတ်ခူးသွားပါပြီ။ ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ဒုတိယဆု ရရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။

မော်ရိုကို အသင်းကတော့ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်လာတဲ့ အာဖရိအသင်းဖြစ်ပါတယ်။ ဒီပွဲမှာ ခရိုအေးရှားနဲ့ မော်ရိုကို နှစ်သင်းစလုံး အပြန်အလှန် ဖွင့် ကစားခဲ့ကြတဲ့အတွက် အတော်ကြည့်ကောင်းတဲ့ ပွဲဖြစ်တယ်လို့ ဘောလုံးဝါသနာရှင် တွေက မှတ်ချက်ပေးကြပါတယ်။

ဒီဇင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲ နွှဲကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{{ UNICODE }}

၂၀၂၂ ကမ်ဘာ့ဖလားဘောလုံးပှဲ တတိယဆု ခရိုအေးရှားဆှတျခူး






XS
SM
MD
LG