သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်န္ပီယံ ျပင္သစ္အသင္း ကမာၻ႔ဖလား ေနာက္ဆုံး ဗိုလ္လုပြဲတက္


ျပင္သစ္ ဘယ္ဖက္ေနာက္တန္းလူ Hernandez က ပထမဂိုးအတြက္ ကန္သြင္းေနစဥ္ ။Qatar, Dec. 14, 2022.

[[ ZAWGYI ]]

ခ်န္ပီယံ ျပင္သစ္အသင္း ကမာၻ႔ဖလား ေနာက္ဆုံး ဗိုလ္လုပြဲတက္

ကာတာႏိုင္ငံမွာ ဗုဒၶဟူးေန႔က က်င္းပတဲ့ ကမာၻ႔ဖလား အႀကိဳဗိုလ္လုပြဲမွာ ျပင္သစ္အသင္းက ေမာ္႐ိုကို အသင္းကို ၂ ဂိုး- ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ေနာက္ဆုံး ဗိုလ္လုပြဲကို တက္သြားပါၿပီ။

ပြဲစၿပီး ၄ မိနစ္ေက်ာ္မွာ ျပင္သစ္အသင္း ကြင္းလယ္လူ Antoine Griezmann တင္ေပးလိုက္တဲ့ ေဘာလုံးကို ေရွ႕တန္း တိုက္စစ္မႉး Kylian Mbappé က ကန္သြင္းေပမဲ့ မဝင္ပဲ ျပန္အန္ထြက္လာတာကို ဘယ္ဖက္ေနာက္တန္းလူ Theo Hernandez က ကန္သြင္း လိုက္ရာက ျပင္သစ္အတြက္ ပထမဂိုး စ ရသြားပါတယ္။ ျပင္သစ္ရဲ႕ ဒုတိယဂိုးကိုေတာ့ လူစားထိုးဝင္လာတဲ့ Randa Kolo Muani က ဒုတိယပိုင္း ၇၉ မိနစ္မွာ သြင္းခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ အႀကိဳဗိုလ္လုပြဲကိုေတာ့ ျပင္သစ္သမၼတ Emmanuel Macron ကိုယ္တိုင္ လာေရာက္ အားေပးခဲ့တာပါ။

ကမာၻ႔ဖလားေဘာလုံးပြဲမွာ အႀကိဳဗိုလ္လုပြဲအထိ တက္လာတဲ့ အာဖရိကတိုက္ရဲ႕ ပထမဆုံး အသင္းျဖစ္တဲ့ ေမာ္႐ိုကိုက လက္ရွိခ်န္ပီယံ ျပင္သစ္အသင္းကို ရႈံးသြားတာေၾကာင့္၊ အႀကိဳဗိုလ္လုပြဲမွာ အာဂ်င္တီးနားကို ရႈံးထားတဲ့ ခ႐ိုေအးရွားအသင္းနဲ႔ စေနေန႔က်ရင္ တတိယေနရာ လုရမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ ကစားမယ့္ ေနာက္ဆုံး ဗိုလ္လုပြဲမွာေတာ့ ျပင္သစ္အသင္းနဲ႔ အာဂ်င္တီးနားတို႔ ကစားရမွာျဖစ္ပါတယ္။ ဒီႏွစ္သင္းစလုံးဟာ အရင္က ၂ ႀကိမ္စီ ခ်န္ပီယံ ျဖစ္ခဲ့ဖူးတာေၾကာင့္ အႏိုင္ရတဲ့အသင္းအတြက္ တတိယေျမာက္ ဖလားျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလား ဗိုလ္လုပြဲမွာ ျပင္သစ္က ခ႐ိုေအးရွားကို ၄ ဂိုး ၂ ဂိုးနဲ႔ ႏိုင္ၿပီး ဗိုလ္စြဲခဲ့ပါတယ္။

=============

{{ UNICODE }}

ချန်ပီယံ ပြင်သစ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲတက်

ကာတာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ ပြင်သစ်အသင်းက မော်ရိုကို အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပါပြီ။

ပွဲစပြီး ၄ မိနစ်ကျော်မှာ ပြင်သစ်အသင်း ကွင်းလယ်လူ Antoine Griezmann တင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တန်း တိုက်စစ်မှူး Kylian Mbappé က ကန်သွင်းပေမဲ့ မဝင်ပဲ ပြန်အန်ထွက်လာတာကို ဘယ်ဖက်နောက်တန်းလူ Theo Hernandez က ကန်သွင်း လိုက်ရာက ပြင်သစ်အတွက် ပထမဂိုး စ ရသွားပါတယ်။ ပြင်သစ်ရဲ့ ဒုတိယဂိုးကိုတော့ လူစားထိုးဝင်လာတဲ့ Randa Kolo Muani က ဒုတိယပိုင်း ၇၉ မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အကြိုဗိုလ်လုပွဲကိုတော့ ပြင်သစ်သမ္မတ Emmanuel Macron ကိုယ်တိုင် လာရောက် အားပေးခဲ့တာပါ။

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အကြိုဗိုလ်လုပွဲအထိ တက်လာတဲ့ အာဖရိကတိုက်ရဲ့ ပထမဆုံး အသင်းဖြစ်တဲ့ မော်ရိုကိုက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ရှုံးသွားတာကြောင့်၊ အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးထားတဲ့ ခရိုအေးရှားအသင်းနဲ့ စနေနေ့ကျရင် တတိယနေရာ လုရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ကစားမယ့် နောက်ဆုံး ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားတို့ ကစားရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းစလုံးဟာ အရင်က ၂ ကြိမ်စီ ချန်ပီယံ ဖြစ်ခဲ့ဖူးတာကြောင့် အနိုင်ရတဲ့အသင်းအတွက် တတိယမြောက် ဖလားဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်က ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဗိုလ်စွဲခဲ့ပါတယ်။

XS
SM
MD
LG