ေမာ္ရိုကို နဲ႔ ျပင္သစ္ ဆီမီးဖိုင္နယ္တက္
ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမၻာ့ဖလား ေဘာလုံးပြဲ ကြာတားဖိုင္နယ္ ပဲြစဥ္ေတြအျဖစ္ စေနေန႔က ယွဥ္ၿပိဳင္ကစားၾကရာမွာ ေမာ္ရိုကို အသင္းက ေပၚတူဂီအသင္း တဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားၿပီး ပရိႆတ္ေတြ အထူးစိတ္ဝင္စားေနၾကတဲ့ ျပင္သစ္ နဲ႔ အဂၤလန္ ပဲြမွာေတာ႔ ျပင္သစ္ က အဂၤလန္ ကို ၂ ဂိုး ၁ ဂိုး နဲ႔ အႏိုင္ရရွိသြားပါတယ္။
အာဖရိကေျမာက္ပိုင္း အာရပ္ႏိုင္ငံတခုျဖစ္တဲ့ ေမာ္ရိုကို အေနနဲ႔ ပထမဦးဆုံးအႀကိမ္ ကြာတားဖိုင္နယ္ တက္လာၿပီးေနာက္ ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္လာတာျဖစ္ပါတယ္။ ေပၚတူဂီအသင္းမွာ နာမည္ေက်ာ္ တိုက္စစ္မွဴး ေရာ္နယ္ဒုိ ဟာ ဒုတိယပိုင္းမွာ မွ ဝင္ေရာက္ကစားတာေတြ႔ရပါတယ္။
စေနေန႔ေနာက္ဆံုးပဲြစဥ္မွာ အဂၤလန္အသင္းဟာ ပင္နတီ ၂ ႀကိမ္ရရွိခဲပေပမဲ႔ အသင္းေခါင္းေဆာင္ ဟယ္ရီးကိန္း ဟာ ပထမအႀကိမ္ကို သာသြင္းယူႏိုင္ခဲ့ၿပီး ဒုတိယအႀကိမ္လြဲေခ်ာ္သြားတဲ့အတြက္ ရႈံးနိမ့္သြားတာ ျဖစ္ပါတယ္။
ဆီမီးဖိုင္နယ္ပဲြစဥ္ေတြမွာေတာ့ ခရုိေအးရွား နဲ႔ အာဂ်င္တီးနား တို႔က ဒီဇင္ဘာလ ၁၃ ရက္ အဂါေန႔မွာ ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ေမာ္ရိုကို အသင္း နဲ႔ ျပင္သစ္အသင္းတို႔ က ဒီဇင္ဘာလ ၁၄ ရက္ ဗုဒၶဟူးေန႔ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။
မော်ရိုကို နဲ့ ပြင်သစ် ဆီမီးဖိုင်နယ်တက်
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် စနေနေ့က ယှဉ်ပြိုင်ကစားကြရာမှာ မော်ရိုကို အသင်းက ပေါ်တူဂီအသင်း တဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး ပရိဿတ်တွေ အထူးစိတ်ဝင်စားနေကြတဲ့ ပြင်သစ် နဲ့ အင်္ဂလန် ပွဲမှာတော့ ပြင်သစ် က အင်္ဂလန် ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။
အာဖရိကမြောက်ပိုင်း အာရပ်နိုင်ငံတခုဖြစ်တဲ့ မော်ရိုကို အနေနဲ့ ပထမဦးဆုံးအကြိမ် ကွာတားဖိုင်နယ် တက်လာပြီးနောက် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းမှာ နာမည်ကျော် တိုက်စစ်မှူး ရော်နယ်ဒို ဟာ ဒုတိယပိုင်းမှာ မှ ဝင်ရောက်ကစားတာတွေ့ရပါတယ်။
စနေနေ့နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ပင်နတီ ၂ ကြိမ်ရရှိခဲပပေမဲ့ အသင်းခေါင်းဆောင် ဟယ်ရီးကိန်း ဟာ ပထမအကြိမ်ကို သာသွင်းယူနိုင်ခဲ့ပြီး ဒုတိယအကြိမ်လွဲချော်သွားတဲ့အတွက် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ ခရိုအေးရှား နဲ့ အာဂျင်တီးနား တို့က ဒီဇင်ဘာလ ၁၃ ရက် အဂါနေ့မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မော်ရိုကို အသင်း နဲ့ ပြင်သစ်အသင်းတို့ က ဒီဇင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။