သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပွဲ အာဂျင်တီးနားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရ  


၂၀၁၉ခုနှစ်က ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ အသက် ၂၀ အောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်းတွေ့ရတဲ့ အာဂျင်တီးနားအသင်း (ဇွန် ၄၊ ၂၀၁၉)
၂၀၁၉ခုနှစ်က ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ အသက် ၂၀ အောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်းတွေ့ရတဲ့ အာဂျင်တီးနားအသင်း (ဇွန် ၄၊ ၂၀၁၉)

အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အာဂျင်တီးနား နိုင်ငံမှာ ကျင်းပမယ့်အကြောင်း FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က မနေ့က ကြေညာပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပဖို့ မူလက စီစဉ်ထားတာကို ပယ်ဖျက်လိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ မတ်လကုန်က ကြေညာခဲ့ပြီး အခုအာဂျင်တီးနားနိုင်ငံမှာ ပြောင်းလဲ ကျင်းပမယ်လို့ ကြေညာတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပဖို့ မူလက စီစဉ်ခဲ့တဲ့ အချိန်၊ အစ္စရေးနိုင်ငံအသင်းကို ပါဝင်ကစားခွင့်မပေးနိုင်ဘူးဆိုပြီး ဘာလီအုပ်ချုပ်ရေးမှူးက ငြင်းဆိုခဲ့တာကြောင့် အင်ဒိုနီးရှားနိင်ငံမှာ မကျင်းပတော့ဖို့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို FIFA က မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တရက်မှာပဲ အာဂျင်တီးနားနိုင်ငံက သူ့နိုင်ငံမှာ အသက် ၂၀ အောက် ကမ္ဘာ့ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးဖို့ တောင်အမေရိကန် ဘောလုံးအဖွဲ့ချုပ်ကို တင်ပြတောင်းခံခဲ့ပါတယ်။ ဘောလုံးပြိုင်ပွဲတွေကို လာမယ့် မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကစားမယ့် အသင်းတွေကို ဧပြီလ ၂၁ ရက် လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံ Zurich မှာ တရားဝင် ကြေညာပါလိမ့်မယ်။

အာဂျင်တီးနားနိုင်ငံဟာ ၂၀၀၁ ခုနှစ်ကလည်း အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ၆ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဥရုဂွေး၊ ချီလီ၊ ပါရာဂွေးနိုင်ငံတွေနဲ့ ပူးတွဲ ကျင်းပနိုင်ရေးအတွက်လည်း ကြိုးစားနေပါတယ်။

XS
SM
MD
LG