သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

U-20 ကမ္ဘာ့ဖလား အင်ဒိုနီးရှားမှာ ကျင်းပမယ့် အစီအစဉ် ဖီဖာပယ်ဖျက်


အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ရုံးအရှေ့မှာတွေ့ရတဲ့ ၂၀၂၃ U-20 ကမ္ဘာ့ဖလားကြော်ငြာစာတန်းများ (မတ် ၃၀၊ ၂၀၂၃)
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ရုံးအရှေ့မှာတွေ့ရတဲ့ ၂၀၂၃ U-20 ကမ္ဘာ့ဖလားကြော်ငြာစာတန်းများ (မတ် ၃၀၊ ၂၀၂၃)

မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ U-20 World Cup 2023 ကိုအင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ အရင်က စီစဉ်ထားပေမဲ့ အင်ဒိုနီးရှားမှာ မဟုတ်ဘဲ တခြားနိုင်ငံမှာ ပြောင်းကျင်းပမယ်လို့ ဖီဖာဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ ဖီဖာဥက္ကဋ္ဌ Gianni Infantino နဲ့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Erick Thohir တို့ ဒီနေ့ ဆွေးနွေးခဲ့ကြပြီးနောက်မှာ ခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ ဖီဖာကထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ဆုံးဖြတ်တာဖြစ်တယ်လို့ ဖော်ပြပေးမယ့် ဘာကြောင့်လဲဆိုတာ အသေးစိတ်ပြောခြင်းမရှိပါဘူး။ U-20 ကမ္ဘာ့ဖလားပွဲကို ဘယ်နိုင်ငံမှာ ကျင်းပမလဲဆိုတာ အမြန်ဆုံးကြေညာမယ်လို့လည်း ပြောထားပါတယ်။ ဘောလုံးပွဲကျင်းပမယ့်ရက်တော့ ခုချိန်ထိ အပြောင်းအလဲမရှိသေးဘူးလို့လည်း ပြောပါတယ်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်အပေါ် အရေးယူ ဒဏ်ခတ် မခတ်ဆိုတာကိုလည်း နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့ ဖီဖာရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ခြေစစ်ပွဲအောင်ထားတဲ့ အစ္စရေးအသင်းကို U-20 ဖလားလုပွဲမှာ ပါဝင်ခွင့်မပေးဖို့ အင်ဒိုနီးရှားတာဝန်ရှိသူတချို့က တောင်းဆိုခဲ့ပြီးနောက်မှာ အခုလို အခြေအနေဖြစ်လာတာပါ။ မနက်ဖြန်သောကြာနေ့ကျရင် ဘာလီကျွန်းမှာ ဗိုလ်လုပွဲပါဝင်မယ့် အသင်းတွေကို ဘယ်အုပ်စုတွေမှာ ထည့်မလဲဆိုတာ ရွေးချယ်မယ့်အစီအစဉ်ကို အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီသီတင်းပါတ်အစောပိုင်းက ရွှေ့ဆိုင်းခဲ့ပါတယ်။ အစ္စရေးအသင်းကို လက်မခံနိုင်ဘူးလို့ ဘာလီကျွန်းအုပ်ချုပ်ရေးမှူးက ပြောကြားခဲပြီးနောက်မှာ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG