သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို


အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများ။ (မေ ၁၇၊ ၂၀၁၃။)
အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများ။ (မေ ၁၇၊ ၂၀၁၃။)
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့က ပြန် လွှတ်ပေးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါ တယ်။ တချိန်တည်း မှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်း လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေး မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေ က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲ့ ို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။
XS
SM
MD
LG