သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီး မြန်မာ့အရေး ဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Bllinken ၊ ဂျူလိုင် ၁၂ ၊ ၂၀၂၃
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Bllinken ၊ ဂျူလိုင် ၁၂ ၊ ၂၀၂၃
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာဆီယံနဲ့မဟာမိတ်နိုင်ငံများအစည်းအဝေး တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာကို ဇူလိုင်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာသွားရောက် မှာဖြစ်ပြီး မြန်မာ့အရေးအပါဝင် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေအာလုံးရပ်တန့်ဖို့၊ လူသားခြင်းစာနာမှုအကူအညီတွေကို အနှောင့်အယှက်မရှိခွင့်ပြုဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကြောင်းကို ပြန်သွားဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းထား ကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲမှာဖေါ်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အကြိမ်၃၀မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်ကို တက် ရောက်မှာဖြစ်ပြီး အရှေ့အာရှနိုင်ငံခြားရေးဝန်ကြီးများနဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာ့အရေး အပြင် ရုရှား-ယူကရိန်းစစ်ပွဲကိစ္စ၊ ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စ၊ တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ရာသီဥတုပြောင်းလဲမှုအရေး စတဲ့ကိစ္စရပ်တွေကိုလည်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တော်မှာ ဇူလိုင်လ ၁၁ ရက်နေ့ကနေ စတင်ကျင်းပနေတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Rento Mursudi Mursudi က ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့ပါတယ်။
ဒီလာမယ့် အာဆီယံနဲ့မဟာမိတ်နိုင်ငံများအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကတော့ ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG