သမ္မတအိုဘားမားနဲ့ ဒီကနေ့ အရပ်ဘက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ် ၁၄ ဦး တွေ့ဆုံရာမှာ ၈၈ မျိုးဆက် ကျောကင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ သီတဂူဆရာတော်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗေဒါ အင်စတီကျုက ကိုမျိုးရန်နောင်သိန်း၊ မြန်မာ Egress နဲ့ Food Security Working Group က ဒေါက်တာ ဥမ္မာခိုင်၊ မသန်မစွမ်းအဖွဲ့က ကိုယ်စားလှယ်တစ်ဦးနဲ့ ဦးဂန္ဘီရ အပါအဝင် ကရင်အမျိုးသမီးအဖွဲ့နဲ့ အမျိုးသမီးများအဖွဲ့ ကိုယ်စားလှယ် နော် ဆူဆန်နာ လှလှစိုးတို့ ပါဝင်ခဲ့ပါတယ်။
သမ္မတနဲ့ မတွေ့ဆုံမီ တစ်ရက်အလိုက သမ္မတရဲ့ လူ့အခွင့်အရေး အကြံပေး ပုဂ္ဂိုလ် Samantha Powers နဲ့လည်း သူတို့တတွေ တွေ့ဆုံခဲ့ပြီး အသေးစိတ် ဆွေးနွေးခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ သူတို့အဖွဲ့ ၁၄ ဖွဲ့နဲ့ သမ္မတ အိုဘားမားတို့ ခေတ္တတွေ့ဆုံရာမှာ ဆူဆန်နာ လှလှစိုးက သူဘာတွေ တင်ပြခဲ့သလဲဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။
“ကျမကတော့ ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေရဲ့ ခံစားထိခိုက်မှုရယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း အမျိုးသမီးတွေ ပါသင့်တဲ့အကြောင်းတို့ အဲဒါတွေပဲ အဓိကထား ပြောဖြစ်ပါတယ်။ သမ္မတကတော့ ကျမရဲ့လုပ်ငန်းက အရမ်းကောင်းတယ်ပေါ့နော်။ ကွန်ဂရက် ကျူးလေးရှင်း-ပေါ့။ ဒီနိုင်ငံမှာ အမျိုးသမီးတွေ ဒီလောက် လုပ်နေတယ်ဆိုတာလည်း သူ အင်မတန်မှ အားရ ကျေနပ်တဲ့အကြောင်းပေါ့နော်။ တုံ့ပြန်ပြောဆိုပါတယ်။”
မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးသင်တန်းတွေ ပေးနေတဲ့ ဗေဒါ အင်စတီကျုက ကိုမျိုးရန်နောင်သိန်း ကလည်း သမ္မတနဲ့သူ တွေ့ဆုံခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
“ဒီနေ့ ကျနော်တို့ သမ္မတနဲ့တွေ့တဲ့အခါ တွေ့ရတဲ့အချိန်ကလည်း နည်းတယ်။ သမ္မတကကျတော့ ကျနော်တို့အခန်းထဲကိုလာပြီး ကျနော်တို့ ၁၄ ယောက်ကို မိန့်ခွန်း ငါးမိနစ်လောက် ပြောတယ်။ ထူးခြားတဲ့အချက်က သမ္မတနဲ့ တွေ့ရမယ့် ပြည်ခိုင်ဖြိုးပါတီက ဦးဌေးဦးနဲ့ ဦးမောင်စိန်တို့ နှစ်ယောက် က ကျနော်တို့နဲ့အတူတူ ဝင်ထိုင်ခွင့်မရှိဘဲ အပြင်မှာ မတ်တပ်ရပ်နေရတယ်။ သမ္မတလာတဲ့အခါမှာ သူက ကျနော်တို့နဲ့အတူတူ အထဲဝင်လာတယ်။ သမ္မတနဲ့နှုတ်ဆက်ပြီး တဲ့အခါမှာ သမ္မတရဲ့မိန့်ခွန်းကို နားထောင်ခွင့် မရှိဘူး။ ကျနော်တို့ ၁၂ ယောက်ပဲ သမ္မတရဲ့ မိန့်ခွန်းကို နားထောင်ခွင့် ရှိတာပေါ့။
သမ္မတက ဝင်လာဖို့ ပြောတဲ့အခါမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းရယ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေကို အားပေးတယ်ဆိုတဲ့အကြောင်း၊ ဒီလို လူမျိုးတွေ ရှိနေလို့ မြန်မာပြည် ဒီမိုကရေစီစနစ်ပြောင်းလာတဲ့အကြောင်း အဓိကထား ဇောင်းပေး ပြောသွားတယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ အရေးပါမှု အကြောင်းကို ပြောသွားတယ်။ ပြီးတော့မှ တဦးချင်း တဦးချင်း သူနဲ့တွေ့ပြီးတော့ စကားပြောရပါတယ်။ ကျနော်ကတော့ စစ်တပ်ကိုလည်း ဒီမိုကရက်တစ်စစ်တပ်ဖြစ်အောင် တချို့ကိစ္စတွေမှာ လေ့ကျင့်ပေးချင်တဲ့အကြောင်း ကျနော်ပြောတယ်။ ပြီးတော့ ဗမာပြည်မှာ ပညာရေးအခွင့်အလမ်းတွေ ပေးဖို့ ကျနော် ပြောတယ်။ မြန်မာပြည်သူလူထုက ပညာရေးနိမ့်တဲ့အတွက် ပညာရေးအတွက်ကို အဓိကဆောင်ရွက်ဖို့ ကျနော် ပြောတယ်။”
သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်း ပြောပြသွားတာ ဖြစ်ပါတယ်။ သမ္မတအိုဘားမားရဲ့ အခု ခရီးစဉ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်တွေကိုလည်း ဆက်တိုက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။