သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မြန်မာနှစ်ဘက်သံတမန်များ ဗီဇာမလိုဘဲသွားလာခွင့် ပြန်ကျင့်သုံးမည်


myanmar bangladesh flags
myanmar bangladesh flags

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ သံတမန်နဲ့အရာရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားစရာမလိုတဲ့ ၂ နိုင်ငံသဘောတူညီချက်ကို ရပ်ဆိုင်းထားရာကနေ အခု ပြန်လည်ကျင့်သုံးဖို့ မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ် စက်တင်ဘာလ ၁၄ ရက်နေ့က သဘောတူလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးရဲ့ ကြာသပတေးနေ့ ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အခုလို သဘောတူညီချက်ရဖို့ သံအမတ်ကြီး Dr. Md. Monwar Hossain ဟာ မကြာခင် သီတင်းပတ်တွေအတွင်း ကြိုးစားခဲ့တာဖြစ်ပြီး အခု ၂ နိုင်ငံ နိုင်ငံခြားရေးရုံးတွေဟာ ဒီနားလည်မှုစာချွန်လွှာအတွက် တရားဝင်လုပ်ထုံး လိုအပ်ချက်တွေပြည့်စုံအောင် လုပ်ဆောင်ပြီးပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီနားလည်မှုစာချွန်လွှာကို ၂၀၀၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ကိုဗစ်ကပ် ရောဂါကူးစက်မှုအတွက် တင်းကြပ်တဲ့ထိန်းချုပ်မှုတွေလုပ်ဆောင်နေချိနှ် ၂၀၂၀ မတ်လ ၂၈ ရက်နေ့မှာ မြန်မာဘက်က ယာယီရပ်ဆိုင်းထားလိုက်တာဖြစ်ပါတယ်။

၂ နိုင်ငံ နားလည်မှုစာချွန်လွှာအရ ဒီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေဟာ တဘက်နိုင်ငံမှာ ဗီဇာမပါဘဲ ရက်ပေါင်း ၉၀ အထိ အများဆုံး သွားလာခွင့်ရထားပါတယ်။

အခုလို နားလည်မှုစာချွန်လွှာ ပြန်လည်အသက်ဝင်လာတာဟာ အစိုးရအရာရှိတွေ တရားဝင်လာရောက်မှုကို အဆင်ပြေစေရုံတင်မကပဲ အိမ်နီးချင်း ၂ နိုင်ငံကြား လက်ရှိ ဆက်ဆံရေးတွေ ပိုမိုခိုင်မာစေမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG