သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးကို ကမာၻႀကီးက ေမ့မထားေစဖို႔ ဆိုရင္


ဝက္လက္နဲ႔ကန္႔ဘလူၿမိဳ႕နယ္ေတြမွာ ရြာလံုးကၽြတ္နီးပါး မီး႐ိႈ႕ခံထားရတဲ့ျမင္ကြင္း။ (ဇြန္ ၁၀၊ ၂၀၂၂)

ကမာၻႀကီးအေနနဲ႔ ျမန္မာကို ေမ့မထားသင့္ပါဘူးတဲ့ ။ဘန္ေကာက္ပို႔စ္သတင္းစာရဲ႕ Asia Focus က႑မွာ ၂၀၂၂၊ ဧၿပီလ (၄) ရက္ေန႔က အယ္ဒီတာ Nareerat Wiriyapong ေရးသားခဲ့တာပါ။ ေဆာင္းပါးရွင္က အားလုံးဟာ ႐ုရွား-ယူကရိန္း စစ္ပြဲကိုပဲ အာ႐ုံစိုက္ေနၾကတယ္၊ အေရွ႕ေတာင္အာရွႏိုင္ငံေတြအပါအဝင္ ကမာၻႀကီးဟာ ျမန္မာႏိုင္ငံတြင္းမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ေမ့မထားသင့္ပါဘူး။ ျမန္မာစစ္တပ္ဟာ ျပည္သူေတြအေပၚ ရက္ရက္စက္စက္ ဖိႏွိပ္ေခ်မႈန္းေနတာေတြ ရပ္တန႔္မယ့္အရိပ္အေယာင္ မေတြ႔ရပါဘူး။ ျပည္သူေတြဟာ စစ္တပ္က ခိုးယူသြားခဲ့တဲ့ ဒီမိုကေရစီ ျပန္လည္ရရွိေရးအတြက္ ဆက္လက္တိုက္ပြဲဝင္ ေနၾကပါတယ္လို႔ ေဆာင္းပါးအစမွာ ေရးသားထားပါတယ္။

ေဆာင္းပါးရွင္က ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သားေတြကို ဖမ္းဆီးသတ္ျဖတ္တာ၊ ေသာင္းနဲ႔ခ်ီတဲ့သူေတြကို ဖမ္းဆီးထိန္းသိမ္းတာ၊ ခ်င္း၊ ကယား၊ စစ္ကိုင္း၊ ကရင္ျပည္နယ္ေတြမွာ စစ္တပ္ရဲ႕ ဗုံးႀကဲတိုက္ခိုက္တာေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန႔္ခြာရတာ၊ အေမရိကန္၊ အီးယူ၊ ကေနဒါတို႔က စစ္ေကာင္စီနဲ႔ ျမန္မာလုပ္ငန္းရွင္တခ်ိဳ႕ကို ပိတ္ဆို႔အေရးယူတာ၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို သြားတဲ့အေၾကာင္းေတြကို ေရးသားပါတယ္။ ေဆာင္းပါးရဲ႕ အဆုံးသတ္မွာေတာ့ အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာႏိုင္ငံကို တစ္ႀကိမ္တည္းသြား႐ုံနဲ႔ေတာ့ ျမန္မာႏိုင္ငံရဲ႕ ျပႆနာေတြကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘူး၊ အေရးႀကီးတဲ့ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ အာဆီယံအေနနဲ႔ စစ္ေကာင္စီကို ဖိအားေတြေပးဖို႔ လိုတယ္၊ စစ္ေကာင္စီအေနနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကို လိုက္နာဖို႔ဆိုရင္ အဆက္မျပတ္ ဖိအားေပးဖို႔ လိုအပ္ပါတယ္လို႔ သူ႔အျမင္ကို ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ျမန္မာ့အေရးကို ကိုင္တြယ္ရာမွာ ကုလသမဂၢနဲ႔ အေနာက္ႏိုင္ငံေတြဟာ အကန႔္အသတ္ေတြနဲ႔သာ ေဆာင္႐ြက္ေနၾကတယ္၊ စစ္ေကာင္စီရဲ႕ ဖိႏွိပ္ေခ်မႈန္းမႈေတြေၾကာင့္ ျမန္မာျပည္သူေတြ ခံစားေနရတဲ့ ဒုကၡေတြကို ကမာၻ႔ေခါင္းေဆာင္ေတြအေနနဲ႔ အခုထက္ပို အာ႐ုံစိုက္သင့္ပါတယ္လို႔ ေရးသားထားပါတယ္။

ခ်င္း၊ ကယားနဲ႔ ကရင္ျပည္နယ္၊ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းအတြင္းမွာ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ အထူးသျဖင့္ စစ္ကိုင္းတိုင္းထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ေန႔စဥ္ရက္ဆက္ မီးရႈိ ႔ေနပါတယ္။ အဲဒီလို ေက်း႐ြာေတြ မီးရႈိ႕ခံေနရတာ၊ ေက်း႐ြာေတြက ေဒသခံေတြ ဖမ္းဆီးတာခံရ၊ သတ္ျဖတ္ခံရတာေတြကို ေလာေလာဆယ္ ဘယ္သူမွ မတားဆီးႏိုင္ၾကပါဘူး။ NUG နဲ႔ ျပည္တြင္းအင္အားစုေတြကလည္း မဟန႔္တားႏိုင္သလို၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာကလည္း ရပ္တန႔္ေအာင္ မစြမ္းေဆာင္ႏိုင္ေသးပါဘူး။ အိုးအိမ္စြန႔္ခြာရတဲ့ စစ္ေဘးေရွာင္ေတြ အပါအဝင္ ျမန္မာႏိုင္ငံမွာ ဒုကၡသည္အေရအတြက္ဟာ တစ္သန္းေက်ာ္ၿပီလို႔ ကုလသမဂၢ ထုတ္ျပန္ခ်က္ေတြက ဆိုပါတယ္။

ဒီလိုအခ်ိန္မွာပဲ ေသဒဏ္ခ်မွတ္ထားျခင္းခံရတဲ့ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား (၄) ဦးကို ႀကိဳးေပးကြပ္မ်က္မယ္ဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။ ဒီလို ေသဒဏ္ေပးကြပ္မ်က္မယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ကို ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ျပင္သစ္ႏိုင္ငံကလည္း စစ္ေကာင္စီက ဆုံးျဖတ္တာဟာ ရက္စက္တဲ့ ဆုံးျဖတ္ခ်က္ၿပီး လြတ္လပ္ခြင့္အတြက္ လႈပ္ရွားကာကြယ္သူေတြအေပၚ ေနာက္ထပ္ပစ္မွတ္ထားတဲ့လုပ္ရပ္ ျဖစ္တယ္လို႔ ျပင္သစ္သံ႐ုံးကထုတ္ျပန္ခဲ့ပါတယ္။ ျပင္သစ္ႏိုင္ငံအေနနဲ႔ ကမာၻ႔ဘယ္ေနရာမွာမဆို ေသဒဏ္ကို ဆန႔္က်င္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ထို႔အတူ အေမရိကန္ျပည္ေထာင္စုကလည္း ေသဒဏ္ေပးမယ့္ စစ္ေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို အျပင္းအထန္ ကန႔္ကြက္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ စစ္တပ္က
အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီလက္ေအာက္တရား႐ုံးေတြက ေသဒဏ္ခ်မွတ္ထားသူ (၂၀၉) ဦး ရွိပါတယ္။ အဲဒီအထဲမွာ အသက္ (၁၈) မျပည့္ေသးသူ ေယာက်္ားေလး (၂) ဦး ပါဝင္ေၾကာင္း သိရပါတယ္။ ၁၉၈၀ ေႏွာင္းပိုင္းကာလေတြမွာ ေသဒဏ္ေပးခဲ့တာေတြ ရွိေပမဲ့၊ အမွန္တကယ္ ကြပ္မ်က္ခဲ့ျခင္းမရွိဘဲ ႏွစ္ရွည္ေထာင္ဒဏ္ေတြနဲ႔ တစ္သက္တစ္ကြၽန္း ျပစ္ဒက္ေတြသာ ေျပာင္းလဲက်ခံေစခဲ့တာပါ။

စစ္ေကာင္စီရဲ႕ ေသဒဏ္အတည္ျပဳတဲ့အေပၚ NUG ရဲ႕ တရားေရးဝန္ႀကီးဌာနက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်လိုက္ၿပီး၊ ေနာက္ဆက္တြဲ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္အားလုံးအတြက္ စစ္ေကာင္စီက လုံးဝတာဝန္ခံရမယ္လို႔ ဇြန္လ (၄) ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့တာ ေတြ႔ရပါတယ္။ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကလည္း ေသဒဏ္ခ်မွတ္တာကို ျပန္စဥ္းစားဖို႔နဲ႔ စစ္ေကာင္စီကို ဆန႔္က်င္သူေတြအေပၚ ေသဒဏ္ခ်မွတ္တာကို အာဆီယံႏိုင္ငံေတြသာမက အာဆီယံျပင္ပႏိုင္ငံေတြကလည္း စိုးရိမ္ပူပန္ေၾကာင္း စစ္ေကာင္စီထံ စာေရးသားေပးပို႔ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေမလ (၁၂) ရက္နဲ႔ (၁၃) ရက္ေန႔ေတြက ဝါရွင္တန္ဒီစီမွာ ျပဳလုပ္ခဲ့တဲ့ အေမရိကန္-အာဆီယံထိပ္သီး ေဆြးေႏြးပြဲေတြအၿပီးမွာ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ သေဘာတူညီခဲ့တဲ့ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ရပ္ကို အကာင္အထည္ေဖာ္ႏိုင္ဖို႔ အာဆီယံတစ္ဖြဲ႔စည္းနဲ႔ မလုံေလာက္ေတာ့ဘူး။ ႏိုင္ငံတကာပါဝင္တဲ့ အစီအစဥ္ျဖစ္ဖို႔ လိုအပ္လာၿပီလို႔ အေမရိကန္ရဲ႕ သေဘာထားကို ေျပာၾကားခဲ့ပါတယ္။ အာဆီယံ-အေမရိကန္ထိပ္သီးေဆြးေႏြးပြဲ ကာလအတြင္းမွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ဝါရွင္တန္ဒီစီမွာ တရားဝင္ေတြ႔ဆုံခဲ့ၾကပါတယ္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံအေနနဲ႔ NUG အစိုးရကို ပိုမိုထိေတြ႔ဆက္ဆံဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အခုဆိုရင္ အာဆီယံ-အေမရိကန္ ထိပ္သီးေဆြးေႏြးပြဲရဲ႕ အက်ိဳးဆက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အာဆီယံ သုံးႏိုင္ငံကို ခရီးထြက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အတိုင္ပင္ခံ ဒဲရစ္ခ်ိဳလက္က -

“လြန္ခဲ့တဲ့ (၈) လ၊ (၉) လအတြင္း အြန္လိုင္း ဗြီဒီယို ဆက္သြယ္မႈကတစ္ဆင့္ NUG နဲ႔ အေမရိကန္ျပည္ေထာင္စုက ပုံမွန္ထိေတြ႔ဆက္ဆံေနခဲ့တာမွာ NUG ရဲ႕ စြမ္းေဆာင္ရည္ ျမင့္တက္လာေရး၊ အဖြဲ႔အစည္း စည္းစံနစ္က်ၿပီး ပိုမိုထိေရာက္စြာ ျမန္မာျပည္သူေတြကို ကူညီေပးႏိုင္ေရး စတာေတြကို ေဆာင္႐ြက္ေနပါတယ္" လို႔ The Straits Times က ေရးပါတယ္။
ဒါ့အျပင္ ဒဲရစ္ခ်ိဳလက္က အေမရိကန္ျပည္ေထာင္စုဟာ NUG အစိုးရနဲ႔ ထိေတြ႔ဆက္ဆံဖို႔ ဆုံးျဖတ္ထားသလို အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံေတြအားလုံးကလည္း NUG နဲ႔ လူသိရွင္ၾကား ထိေတြ႔ဆက္ဆံၾကဖို႔ တိုက္တြန္းေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

NUG အေနနဲ႔ အာဆီယံဆိုင္ရာ သံအမတ္ႀကီးတစ္ဦးကိုလည္း ခန႔္အပ္ တာဝန္ေပးထားပါတယ္။ ဒါေပမဲ့ အာဆီယံဆိုင္ရာသံအမတ္ႀကီးရဲ႕ လႈပ္ရွားေဆာင္႐ြက္မႈေတြကို မီဒီယာေတြမွာ သိပ္မေတြ႔ရပါဘူး။ ဒဲရစ္ခ်ိဳလက္ကေတာ့ အာဆီယံအေနနဲ႔ စစ္ေကာင္စီတစ္ခုတည္းကို ထိေတြ႔ဆက္ဆံ႐ုံနဲ႔ ျမန္မာ့အေရးကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘူး။ ဒီမိုကရက္တစ္အင္အားစုေတြကို ထိေတြ႔ဆက္ဆံေရးဟာလည္း အေရးပါေၾကာင္း The Strait Time ကို ေျပာၾကားခဲ့ပါတယ္။


=== Unicode ===

ကမ္ဘာကြီးအနေနဲ့ မြန်မာကို မေ့မထားသင့်ပါဘူးတဲ့ ။ဘန်ကောက်ပို့စ်သတင်းစာရဲ့ Asia Focus ကဏ္ဍမှာ ၂၀၂၂၊ ဧပြီလ (၄) ရက်နေ့က အယ်ဒီတာ Nareerat Wiriyapong ရေးသားခဲ့တာပါ။ ဆောင်းပါးရှင်က အားလုံးဟာ ရုရှား-ယူကရိန်း စစ်ပွဲကိုပဲ အာရုံစိုက်နေကြတယ်၊ အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ကမ္ဘာကြီးဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မေ့မထားသင့်ပါဘူး။ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ချေမှုန်းနေတာတွေ ရပ်တန့်မယ့်အရိပ်အယောင် မတွေ့ရပါဘူး။ ပြည်သူတွေဟာ စစ်တပ်က ခိုးယူသွားခဲ့တဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင် နေကြပါတယ်လို့ ဆောင်းပါးအစမှာ ရေးသားထားပါတယ်။

ဆောင်းပါးရှင်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ သောင်းနဲ့ချီတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ချင်း၊ ကယား၊ စစ်ကိုင်း၊ ကရင်ပြည်နယ်တွေမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာရတာ၊ အမေရိကန်၊ အီးယူ၊ ကနေဒါတို့က စစ်ကောင်စီနဲ့ မြန်မာလုပ်ငန်းရှင်တချို့ကို ပိတ်ဆို့အရေးယူတာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားတဲ့အကြောင်းတွေကို ရေးသားပါတယ်။ ဆောင်းပါးရဲ့ အဆုံးသတ်မှာတော့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို တစ်ကြိမ်တည်းသွားရုံနဲ့တော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အရေးကြီးတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံအနေနဲ့ စစ်ကောင်စီကို ဖိအားတွေပေးဖို့ လိုတယ်၊ စစ်ကောင်စီအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဖို့ဆိုရင် အဆက်မပြတ် ဖိအားပေးဖို့ လိုအပ်ပါတယ်လို့ သူ့အမြင်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဟာ အကန့်အသတ်တွေနဲ့သာ ဆောင်ရွက်နေကြတယ်၊ စစ်ကောင်စီရဲ့ ဖိနှိပ်ချေမှုန်းမှုတွေကြောင့် မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အခုထက်ပို အာရုံစိုက်သင့်ပါတယ်လို့ ရေးသားထားပါတယ်။

ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နေ့စဉ်ရက်ဆက် မီးရှို့နေပါတယ်။ အဲဒီလို ကျေးရွာတွေ မီးရှို့ခံနေရတာ၊ ကျေးရွာတွေက ဒေသခံတွေ ဖမ်းဆီးတာခံရ၊ သတ်ဖြတ်ခံရတာတွေကို လောလောဆယ် ဘယ်သူမှ မတားဆီးနိုင်ကြပါဘူး။ NUG နဲ့ ပြည်တွင်းအင်အားစုတွေကလည်း မဟန့်တားနိုင်သလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း ရပ်တန့်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။ အိုးအိမ်စွန့်ခွာရတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေအတွက်ဟာ တစ်သန်းကျော်ပြီလို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

ဒီလိုအချိန်မှာပဲ သေဒဏ်ချမှတ်ထားခြင်းခံရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ ဒီလို သေဒဏ်ပေးကွပ်မျက်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကလည်း စစ်ကောင်စီက ဆုံးဖြတ်တာဟာ ရက်စက်တဲ့ ဆုံးဖြတ်ချက်ပြီး လွတ်လပ်ခွင့်အတွက် လှုပ်ရှားကာကွယ်သူတွေအပေါ် နောက်ထပ်ပစ်မှတ်ထားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြင်သစ်သံရုံးကထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဘယ်နေရာမှာမဆို သေဒဏ်ကို ဆန့်ကျင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ထို့အတူ အမေရိကန်ပြည်ထောင်စုကလည်း သေဒဏ်ပေးမယ့် စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စစ်တပ်က
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်တရားရုံးတွေက သေဒဏ်ချမှတ်ထားသူ (၂၀၉) ဦး ရှိပါတယ်။ အဲဒီအထဲမှာ အသက် (၁၈) မပြည့်သေးသူ ယောကျ်ားလေး (၂) ဦး ပါဝင်ကြောင်း သိရပါတယ်။ ၁၉၈၀ နှောင်းပိုင်းကာလတွေမှာ သေဒဏ်ပေးခဲ့တာတွေ ရှိပေမဲ့၊ အမှန်တကယ် ကွပ်မျက်ခဲ့ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒက်တွေသာ ပြောင်းလဲကျခံစေခဲ့တာပါ။

စစ်ကောင်စီရဲ့ သေဒဏ်အတည်ပြုတဲ့အပေါ် NUG ရဲ့ တရားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးအတွက် စစ်ကောင်စီက လုံးဝတာဝန်ခံရမယ်လို့ ဇွန်လ (၄) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း သေဒဏ်ချမှတ်တာကို ပြန်စဉ်းစားဖို့နဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေအပေါ် သေဒဏ်ချမှတ်တာကို အာဆီယံနိုင်ငံတွေသာမက အာဆီယံပြင်ပနိုင်ငံတွေကလည်း စိုးရိမ်ပူပန်ကြောင်း စစ်ကောင်စီထံ စာရေးသားပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၂) ရက်နဲ့ (၁၃) ရက်နေ့တွေက ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေအပြီးမှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကာင်အထည်ဖော်နိုင်ဖို့ အာဆီယံတစ်ဖွဲ့စည်းနဲ့ မလုံလောက်တော့ဘူး။ နိုင်ငံတကာပါဝင်တဲ့ အစီအစဉ်ဖြစ်ဖို့ လိုအပ်လာပြီလို့ အမေရိကန်ရဲ့ သဘောထားကို ပြောကြားခဲ့ပါတယ်။ အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာ တရားဝင်တွေ့ဆုံခဲ့ကြပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေနဲ့ NUG အစိုးရကို ပိုမိုထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခုဆိုရင် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲရဲ့ အကျိုးဆက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံ သုံးနိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ ဒဲရစ်ချိုလက်က -

“လွန်ခဲ့တဲ့ (၈) လ၊ (၉) လအတွင်း အွန်လိုင်း ဗွီဒီယို ဆက်သွယ်မှုကတစ်ဆင့် NUG နဲ့ အမေရိကန်ပြည်ထောင်စုက ပုံမှန်ထိတွေ့ဆက်ဆံနေခဲ့တာမှာ NUG ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာရေး၊ အဖွဲ့အစည်း စည်းစံနစ်ကျပြီး ပိုမိုထိရောက်စွာ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ရေး စတာတွေကို ဆောင်ရွက်နေပါတယ်" လို့ The Straits Times က ရေးပါတယ်။
ဒါ့အပြင် ဒဲရစ်ချိုလက်က အမေရိကန်ပြည်ထောင်စုဟာ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ထားသလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအားလုံးကလည်း NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

NUG အနေနဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကိုလည်း ခန့်အပ် တာဝန်ပေးထားပါတယ်။ ဒါပေမဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီးရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မီဒီယာတွေမှာ သိပ်မတွေ့ရပါဘူး။ ဒဲရစ်ချိုလက်ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီတစ်ခုတည်းကို ထိတွေ့ဆက်ဆံရုံနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီမိုကရက်တစ်အင်အားစုတွေကို ထိတွေ့ဆက်ဆံရေးဟာလည်း အရေးပါကြောင်း The Strait Time ကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG