သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် နိုဝင်ဘာရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်

Thein Sein
Thein Sein

မြန်မာ သမ္မတဦးသိန်းစိန်က လာမယ့်နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု သမ္မတရုံး အထက်တန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

လွှတ်တော်ရွေးကောက်ပွဲများအပြီး ဒုသမ္မတများ (ထိုမှတဆင့် သမ္မတ) ရွေးချယ်တင်မြှောက်ရာတွင်မူ အများသဘောဆန္ဒ အရသာ ဖြစ်သည်ဟုလည်း သမ္မတရုံး အရာရှိက ပြောကြားသဖြင့် အစောပိုင်း သတင်းများ ထွက်ရှိနေခဲ့သည့် သမ္မတ ဒုတိယ သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း အာဏာရ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ စာရေးသားပေးပို့ခဲ့သည်ဟု ဆိုသောသတင်းမှာ မှားယွင်းသည်ဟု ဆိုပါသည်။

အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်ကိုယ်တိုင် မကြာမီ ထုတ်ပြန်သွားရန်ရှိသည်ဟု ဆိုပါသည်။

လက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒုတိယသမ္မတများ (ထိုမှတဆင့်) ၊ သမ္မတ အဖြစ် ရွေးချယ်ခံနိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ရန် မလိုဘဲ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ မည်သူကိုမဆို တပ်မတော်သား အစုအဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တို့က အမည်စာရင်းပေး တင်မြှောက်ပိုင်ခွင့် ရှိသည်ဟု ဆိုပါသည်။

This item is part of
XS
SM
MD
LG