ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေအလာများတဲ့ Phuket ကျွန်းမှာ ခရီး သည်တင်သင်္ဘော တိမ်းမှောက်လို့ သေဆုံးသူ ၃၈ ဦးရှိသွားပါပြီ။ ဒီကနေ့မှာ ပဲ လူသေ အလောင်း ၅ လောင်း ထပ်ပြီး ဆယ်ယူနိုင်ခဲ့ တာပါ။
တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားအများစုပါတဲ့ သင်္ဘောတိမ်းမှောက်ရာမှာ ပျောက် ဆုံး နေတဲ့သူတွေကို ထိုင်း ရှာဖွေကယ်ဆယ်ရေအဖွဲ့တွေက ဒီကနေ့ ဆက်ပြီး ရှာဖွေနေတာ ပါ။ မုန်တိုင်းကြောင့် ကြာသပတေးနေ့က သင်္ဘောတိမ်းမှောက်ခဲ့ရတာဖြစ်ပါတယ်။ သင်္ဘောအပျက်တွေကြားမှာ ကလေးတွေကို အမေတွေက ပွေ့ပိုက်ပြီး သေဆုံးနေကြတဲ့ ရင်နင့်စရာ မြင်ကွင်းတွေကို ရေငုပ်သမားတွေ ပြန်ပြောင်းပြောပြပါတယ်။
ရေအောက်မှာ သိပ်မမြင်ရပေမယ့်အကောင်းဆုံးလုပ်ရမယ့် အလုပ်က အလောင်းတွေကို မိသားစုတွေဆီ ပြန်သယ်လာပေးဖို့ ဖြစ်တယ်လို့ ရေငုပ်သမား တဦးက ဒီကနေ့ ရေထဲပြန် မဆင်းခင် ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွား ၉၅ ယောက်၊ ဧည့်လမ်းညွှန် ၁ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၁၁ ဦး တို့လိုက်ပါလာတဲ့ သင်္ဘောဟာ ၅ မီတာမြင့်တဲ့လှိုင်းလုံး အရိုက်ခံရပြီး ကြာသပတေးနေ့က နစ်မြုပ်သွားခဲ့တာပါ။ လူ ၁၂ ဦးထက် မနည်းကိုတော့ ဆေးရုံတင်ထားရပါတယ်။ ပထမ ဆုံး လှိုင်းလုံး ရိုက်သွားပြီးတဲ့အခါ ရေထုတ်အင်ဂျင်ပိုက်ထဲကို အမှိုက်တွေဝင်သွား ခဲ့တဲ့ အတွက် သင်္ဘောကို ငြိမ်အောင် ဆက်ပြီး ထိန်းမထားနိုင်တော့ဘူးလို့ သင်္ဘော မာလိန်မှူး Phoenix Somjing Boontham ကပြောပါတယ်။ လှိုင်းတွေ အဆက်မပြတ် ရိုက်လာ တာကြောင့် သင်္ဘောက တဘက်ကိုတိမ်းပြီး နောက်ဆုံး နစ်မြုပ်သွားခဲ့ရ တာလို့ လည်း သူကပြောပါတယ်။
ကြာသပတေးနေ့ အစောပိုင်းကပဲ လူပေါင်း ၄၂ ဦးတင်ဆောင်လာတဲ့ သင်္ဘောတစင်း Phuket ကျွန်းမှာပဲ တိမ်းမှောက်ခဲ့ပါသေး တယ်။ သင်္ဘောမှာပါလာတဲ့ တရုတ်နဲ့ ဥရောပ ကမ္ဘာလှည့်ခရီးသည်အားလုံးကို ကယ်တင် နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။