သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန်စပါးကိစ္စမသမာမှု စုံစမ်းစစ်ဆေး


Anti-government People's Democratic Reform Committee (PDRC) အဖွဲ့ဝင်တစ်ဦး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ်ယင်းလတ်ရဲ့ ဓာတ်ပုံကိုင်ဆောင်ထားစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)
Anti-government People's Democratic Reform Committee (PDRC) အဖွဲ့ဝင်တစ်ဦး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ်ယင်းလတ်ရဲ့ ဓာတ်ပုံကိုင်ဆောင်ထားစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)
ထိုင်းလယ်သမားတွေအတွက် အစိုးရက မျှဝေကျခံပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု စလုပ်မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဒါဟာဖြင့် အကျပ်အတည်း ဆိုက်နေတဲ့ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်အတွက်တော့ နောက်ဆုံးဖြစ်လာတဲ့ အတားအဆီးပါပဲ။

စုံစမ်းစစ်ဆေးမယ်ဆိုတာကို ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဒီကနေ့မှာ ကြေညာလိုက်တာပါ။ ဒီ ကြေညာချက်ကို အတိုက်အခံ ဆန္ဒပြသူတွေကတော့ ကြိုဆိုပါတယ်။ ဝန်ကြီးချုပ် မစ္စစ်ယင်းလပ် နုတ်ထွက်ပေးဖို့ တောင်းဆိုပြီး ဘန်ကောက်မြို့တော်မှာ ဆန္ဒပြ တောင်းဆိုနေကြတာ ရက်အတော်ကြာနေပါပြီ။

လယ်သမားတွေအတွက် အစိုးရရဲ့ အစီအစဉ်အရ လယ်သမားတွေရဲ့ဆန်ကို အစိုးရက ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အစိုးရဆီမှာ ရောင်းမထွက်တဲ့ဆန်တွေ ပုံနေပါတယ်။

ဒီအစီအစဉ်ကြောင့် တိုင်းပြည်မှာ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ကျေးလက်ဒေသ လူထုရဲ့ ထောက်ခံမှုကိုရဖို့ မစ္စစ်ယင်းလပ်ဟာ ဒီအစီအစဉ်ကို အသုံးချခဲ့တယ်လို့ ဆိုပါတယ်။ ကျေးလက်နေ လူထုဟာ မစ္စစ် ယင်းလပ်ရဲ့ Pheu Thai ပါတီအတွက် အဓိကအင်အားစု ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ အခုကြေညာချက်ဟာ အရှိန်လျော့လာတဲ့ အရိပ်လက္ခဏာတွေ တွေ့လာရတဲ့ ဆန္ဒပြသူတွေအတွက် အသက်ရှူပေါက်လေး ဖြစ်လာမလားဆိုတာကတော့ မသိနိုင်သေးပါဘူး။
XS
SM
MD
LG