သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္အေျခစိုက္ ကမၻာေက်ာ္ Thomas Cook ခရီးသြားလုပ္ငန္းၿပိဳကြဲ


ႏွစ္ေပါင္း ၁၇၈ ႏွစ္ သက္တမ္းရိွၿပီျဖစ္တဲ့ ၿဗိတိန္ခရီးသြားလုပ္ငန္းကုမၸဏီ Thomas Cook ဟာ ေငြေၾကး အခက္အခဲေတြေၾကာင့္ ၿပိဳလဲသြားတဲ့ေနာက္ ကမၻာအ၀ွမ္း အားလပ္ရက္ခရီးသြား ၆ သိန္းေက်ာ္ရဲ႕ ခရီးစဥ္ေတြ အခု တနလာၤေန႔မွာ ဖ်က္သိမ္းလိုက္ရပါတယ္။

ကုမၸဏီ ေဒ၀ါလီခံရမယ့္ အေရးအဖက္ဆယ္ႏိုင္ဖို႔ ေဒၚလာ သန္း ၂၅၀ အေရးေပၚ လိုအပ္တယ္ဆိုၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာခဲ့သလို ဒီ သီတင္းပတ္ ပိတ္ရက္အတြင္းမွာလည္း ကုမၸဏီကို ျပန္အဖက္ဆယ္ႏိုင္ဖို႔ ရွယ္ယာ၀င္ေတြ ေခ်းေငြေပးသူေတြနဲ႔ ေဆြးေႏြးခဲ့ပါေသးတယ္။

Thomas Cook ကုမၸဏီ အခုလို ၿပိဳလဲတာေၾကာင့္ သူ႕ကုမၸဏီရဲ႕ ေလေၾကာင္းခရီးစဥ္ေတြ ဖ်က္ခဲ့ရတယ္လို႔ ၿဗိတိန္ေလေၾကာင္းထိမ္းသိမ္းအာဏာပိုင္က ေျပာပါတယ္။ ဒါ့အျပင္ ၿဗိတိန္ႏို္င္ငံတြင္းက ၀န္ထမ္း ၉ေထာင္အပါအ၀င္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံမွာရိွတဲ့ ၀န္ထမ္း ၂၀,၀၀၀ ေက်ာ္ အလုပ္လက္မဲ့ျဖစ္သြားပါတယ္။

ကုမၸဏီရဲ႕ ခရီးသြားလုပ္ငန္းေတြ ၿပီးခဲ့တဲ့ လအတန္ငယ္ကတည္းက က်ဆင္းလာတာေၾကာင့္ အခုလို ကုမၸဏီ ပ်က္ရတဲ့အထိ ျဖစ္ရတယ္လို႔ ကုမၸဏီဘက္က ေျပာပါတယ္။

အီးယူကေန ၿဗိတိန္ခဲြထြက္မႈလုပ္ငန္းစဥ္ မေရမရာျဖစ္မႈက လုပ္ငန္းေတြက်ဆင္းရတဲ့ အဓိက အခ်က္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကုမၸဏီ ၀န္ေဆာင္မႈ ေပးေနတဲ့ ႏိုင္ငံျခားေရာက္ ခရီးသည္ ၁၅၀,၀၀၀ က်ာ္ ျပန္ေခၚေရးဟာ ၿဗိတိန္ႏို္င္ငံသမိုင္းမွာေတာ့ စစ္ပဲြကာလမဟုတ္တဲ့အခ်ိန္ ကိုယ့္ႏိုင္ငံသားေတြကို အၿပံဳလိုက္ျပန္ေခၚရတာ ဒါ အႀကီးဆံုးျဖစ္စဥ္ပဲလို႔ ၿဗိတိန္အစိုးရက ေျပာပါတယ္။

ၿဗိတိန္ခရီးသြားေတြကို ျပန္ေခၚမႈေတြကို အခု တနလာၤေန႔ေႏွာင္းပိုင္းမွာ စပါမယ္။ အဲဒီအတြက္ ေလယာဥ္ စီစဥ္ေနၿပီး ျပန္ေခၚဖို႔ လုပ္ငန္းဟာ သီတင္းႏွစ္ပတ္ၾကာမယ္္လို႔ ၿဗိတိန္ေလေၾကာင္းအာဏာပိုင္က ခန္႔မွန္းထားပါတယ္။

[Unicode Version]

နှစ်ပေါင်း ၁၇၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ဗြိတိန်ခရီးသွားလုပ်ငန်းကုမ္ပဏီ Thomas Cook ဟာ ငွေကြေး အခက်အခဲတွေကြောင့် ပြိုလဲသွားတဲ့နောက် ကမ္ဘာအဝှမ်း အားလပ်ရက်ခရီးသွား ၆ သိန်းကျော်ရဲ့ ခရီးစဉ်တွေ အခု တနလာၤနေ့မှာ ဖျက်သိမ်းလိုက်ရပါတယ်။

ကုမ္ပဏီ ဒေဝါလီခံရမယ့် အရေးအဖက်ဆယ်နိုင်ဖို့ ဒေါ်လာ သန်း ၂၅၀ အရေးပေါ် လိုအပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့သလို ဒီ သီတင်းပတ် ပိတ်ရက်အတွင်းမှာလည်း ကုမ္ပဏီကို ပြန်အဖက်ဆယ်နိုင်ဖို့ ရှယ်ယာဝင်တွေ ချေးငွေပေးသူတွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။

Thomas Cook ကုမ္ပဏီ အခုလို ပြိုလဲတာကြောင့် သူ့ကုမ္ပဏီရဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်ခဲ့ရတယ်လို့ ဗြိတိန်လေကြောင်းထိမ်းသိမ်းအာဏာပိုင်က ပြောပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံတွင်းက ဝန်ထမ်း ၉ထောင်အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာရှိတဲ့ ဝန်ထမ်း ၂၀,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားပါတယ်။

ကုမ္ပဏီရဲ့ ခရီးသွားလုပ်ငန်းတွေ ပြီးခဲ့တဲ့ လအတန်ငယ်ကတည်းက ကျဆင်းလာတာကြောင့် အခုလို ကုမ္ပဏီ ပျက်ရတဲ့အထိ ဖြစ်ရတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

အီးယူကနေ ဗြိတိန်ခွဲထွက်မှုလုပ်ငန်းစဉ် မရေမရာဖြစ်မှုက လုပ်ငန်းတွေကျဆင်းရတဲ့ အဓိက အချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီ ဝန်ဆောင်မှု ပေးနေတဲ့ နိုင်ငံခြားရောက် ခရီးသည် ၁၅၀,၀၀၀ ကျာ် ပြန်ခေါ်ရေးဟာ ဗြိတိန်နိုင်ငံသမိုင်းမှာတော့ စစ်ပွဲကာလမဟုတ်တဲ့အချိန် ကိုယ့်နိုင်ငံသားတွေကို အပြုံလိုက်ပြန်ခေါ်ရတာ ဒါ အကြီးဆုံးဖြစ်စဉ်ပဲလို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်ခရီးသွားတွေကို ပြန်ခေါ်မှုတွေကို အခု တနလာၤနေ့နှောင်းပိုင်းမှာ စပါမယ်။ အဲဒီအတွက် လေယာဉ် စီစဉ်နေပြီး ပြန်ခေါ်ဖို့ လုပ်ငန်းဟာ သီတင်းနှစ်ပတ်ကြာမယ်လို့ ဗြိတိန်လေကြောင်းအာဏာပိုင်က ခန့်မှန်းထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG