သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကနေ လွတ်မြောက်လာတဲ့ အမေရိကန် ၃ ဦး ဌာနေပြန်ရောက်ပြီ 

အမေရိကန်နိုင်ငံသား ၃ ဦးကို တင်ဆောင်လာတဲ့ လေယာဉ်ကို San Antonio လေဆိပ်မှာတွေ့ရစဉ် (နိုဝင်ဘာ ၂၇၊ ၂၀၂၄)
အမေရိကန်နိုင်ငံသား ၃ ဦးကို တင်ဆောင်လာတဲ့ လေယာဉ်ကို San Antonio လေဆိပ်မှာတွေ့ရစဉ် (နိုဝင်ဘာ ၂၇၊ ၂၀၂၄)

တရုတ်နိုင်ငံမှာ နှစ်နဲ့ချီ ထောင်ကျခဲ့ရတဲ့ အမေရိကန် ၃ ဦး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ပြန်လည် ရောက်ရှိလာပါတယ်။ Mark Swidan ၊ Kai Li နဲ့ John Leung တို့ အမေရိကန် စံတော်ချိန် ဗုဒ္ဒဟူးနေ့ ညမှာ တက္ကဆက် ပြည်နယ် ဆန်အန်တိုနီရိုက စစ်တပ် စခန်းကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား အကျဉ်းသား လဲလှယ်ရေး အစီအစဉ်နဲ့ သူတို့ လွတ်မြောက်လာတာပါ။

အမေရိကန် သမ္မတ Joe Biden ရဲ့ သမ္မတ သက်တမ်း ကုန်ခါးနီး အချိန် အမေရိကန်နဲ့ တရုတ်ကြား ရှားရှားပါးပါး သံတမန်ရေး သဘောတူညီချက်နဲ့ အကျဉ်းသား လဲလှယ်မှုကို အမေရိကန် သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ကြေညာခဲ့တာပါ။ အပြန်အလှန် အားဖြင့် အမေရိကန်က လူ ပုဂ္ဂိုလ် ၄ ဦးကို တရုတ်ကို ပြန်ပို့ခဲ့ကြောင်း တရုတ် အစိုးရက ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ဒီထဲမှာ အနည်းဆုံး တရုတ်နိုင်ငံသား ၃ ဦး ပါဝင်ပြီး နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခံထားရသူတွေလို့ တရုတ် အစိုးရက ပြောဆိုထားတာပါ။

စတုတ္ထမြောက် တဦးကတော့ ရာဇဝတ်မှုတွေ အတွက် တရုတ်က အလိုရှိနေသူ အမေရိကန်မှာ နေထိုင်နေသူ ဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ် ဘယ်သူလဲ ဆိုတာကိုတော့ တရုတ် အစိုးရဘက်က ထုတ်ဖော် ပြောဆိုမထားပါဘူး။ လွတ်မြောက်လာသူ အမေရိကန် ၃ ဦးနဲ့ စကားပြောဆိုပြီးကြောင်း အမေရိကန် သမ္မတ Joe Biden က ကြာသပတေးနေ့ မနက်ခင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG