သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ ပစ်ခတ်မှု ကန် ဆရာဝန် ၃ ဦး သေဆုံး


အမေရိကန်ဆရာဝန်သုံးဦး အသတ်ခံလိုက်ရတဲ့ Cure ဆေးရုံ။ ကဘူးမြို့၊ အာဖဂန်နစ္စတန်။ (ဧပြီ ၂၄၊ ၂၀၁၄)
အမေရိကန်ဆရာဝန်သုံးဦး အသတ်ခံလိုက်ရတဲ့ Cure ဆေးရုံ။ ကဘူးမြို့၊ အာဖဂန်နစ္စတန်။ (ဧပြီ ၂၄၊ ၂၀၁၄)
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က နိုင်ငံတကာဆေးရုံတခုမှာ ဆေးရုံ အစောင့်ရဲ တစ်ဦးက ပစ်ခတ်တဲ့အတွက် အမေရိကန် ဆရာဝန် (၃)ဦး သေဆုံး သွားပါတယ်။ အမေရိကန် အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့တခုက ဖွင့်ထားတဲ့ Cure ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အမေရိကန် ဆရာဝန် သေဆုံးမှု အတွက် လွန်စွာဝမ်းနည်းမိကြောင်း အမေရိကန်သံရုံးက တွစ်တာက တဆင့် ဖြန့်တဲ့ သတင်းမှာဖေါ်ပြထားပါတယ်။ သေဆုံးသူ(၃)ဦး ထဲမှာ နှစ်ဦးက သားအဖတွေ ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ လုံခြုံရေး ရဲကို ဖမ်းထားပြီး စစ်ဆေးနေတယ်လို့ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sediq Sediqqi က ပြောပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ ဒီကနေ့မနက်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၊ ပစ်ခတ်တိုက်ခိုက်သူဟာ ဆေးရုံမှာ တာဝန်ကျနေတဲ့ ရဲလုံခြုံရေး ဝန်ထမ်း တဦးဖြစ်ပြီး ဆေးရုံကို ဝင်ထွက်နေတဲ့ နိုင်ငံခြားသားတွေကို ပစ်ခတ်ရာက (၃)ဦးသေဆုံးသွားတာပါ ။

တယောက် ဒဏ်ရာရပြီး ဆေးရုံကို ပို့ထားပါတယ်။ တိုက်ခိုက်သူကို ရဲတွေကဖမ်းထားလိုက်ပြီး ပစ်ခတ်တဲ့ အကြောင်းရင်းကို စစ်ဆေးနေ ဆဲဖြစ်ပါတယ်လို့ ပြောသွားတာပါ။ ဒီပစ်ခတ်မှု ဟာ တာလီဘန်တွေနဲ့ ဆက်နွှယ်မှု ရှိမရှိဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကုတင်(၁၀၀)ဆန့် Cure နိုင်ငံတကာဆေးရုံကို ၂၀၀၅ ခုနှစ်က ကဘူးမြို့မှာ ဖွင့်လှစ်ခဲ့တာပြီး ဆရာဝန်(၂၇)ဦး သူနာပြု (၆၄)ဦးတို့နဲ့ ကုသပေးနေပါတယ်။
XS
SM
MD
LG