သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ တရုတ်ကျောင်းသား ၃ ဦးကို ကားတစီး တမင်ဝင်တိုက်


ပြင်သစ်နိုင်ငံ၊ Toulouse မြို့နားမှာ သောကြာနေ့က တရုတ်ကျောင်းသားသုံးယောက်ကို လူတယောက်က သူ့ကားနဲ့ ရည်ရွယ် ချက်ရှိရှိ ဝင်တိုက်တဲ့နေရာ။
ပြင်သစ်နိုင်ငံ၊ Toulouse မြို့နားမှာ သောကြာနေ့က တရုတ်ကျောင်းသားသုံးယောက်ကို လူတယောက်က သူ့ကားနဲ့ ရည်ရွယ် ချက်ရှိရှိ ဝင်တိုက်တဲ့နေရာ။

ပြင်သစ်နိုင်ငံ၊ Toulouse မြို့နားမှာ သောကြာနေ့က တရုတ်ကျောင်းသားသုံးယောက်ကို လူတယောက်က သူ့ကားနဲ့ ရည်ရွယ် ချက်ရှိရှိ ဝင်တိုက်တာကြောင့် ကျောင်းသားတွေ ဒဏ်ရာရသွားတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပါတယ်။

အရင်ကျူးလွန်ဖူးတဲ့ ရာဇဝတ်မှုတွေကြောင့် အာဏာပိုင်တွေ သိထားပြီးသားဖြစ်တဲ့ အဲဒီလူဟာ အစွန်းရောက်ဝါဒီအဖြစ် သိထား ပြီးသားစာရင်းထဲမှာ မပါဘူးလို့ ပြင်သစ်ရုပ်သံသတင်းဌာန BFM ကပြောပါတယ်။ အဲဒီလူကို ချက်ခြင်းပဲ ဖမ်းလိုက်ပါတယ်။

အဲဒီလူဟာ စိတ်ဝေဒနာခံစားနေတာ အတော်ကြာနေပြီဖြစ်ပြီး မနှစ်က ဒီဇင်ဘာလအထိ ဆေးရုံတက်ခဲ့သူဖြစ်တယ်လို့ Toulouse မြို့၊ အစိုးရရှေ့နေ Pierre-Yves Couilleau က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ ဒါကို အကြမ်းဖက်ဝါဒစွဲ ဖြစ်ရပ်တခုအဖြစ် သတ်မှတ်မထားပါဘူး၊ ဒါပေမဲ့ အဲဒီလိုဖြစ်နိုင်ခြေကိုလဲ ပယ်ချ မထားပါဘူးလို့ ရှေ့နေ Couilleau ကပြောပါတယ်။

ကားမောင်းသူက ကျောင်းသားတွေဆီကို သူ့ကားနဲ့ တမင်ကို ဝင်တိုက်တာဖြစ်ပြီး ကျောင်းသားတဦးဟာ စိုးရိမ်ရတဲ့အခြေအနေ မှာရှိတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တခုက AFP သတင်းဌာနကို ပြောပါတယ်။ ကားနဲ့တိုက်ခံရသူတွေဟာ ကျောင်းသူတဦး၊ ကျောင်းသားနှစ်ဦးဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။

ပြင်သစ်နိုင်ငံမှာ IS အဖွဲ့ရဲ့စေ့စော်ချက်နဲ့ မော်တော်ယာဉ်နဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုဖြစ်ရပ် မှာတော့ ယာဉ်မောင်းသူ ဘယ်သူဆိုတာနဲ့ ဘာ့ကြောင့်လုပ်တယ်ဆိုတာ အတိအကျ ထွက်မလာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က Nice မြို့မှာ တူနီးရှားနွယ်ဖွားတဦးက ထရပ်ကားကြီးနဲ့ လူအုပ်ထဲဝင်တိုက်တာကြောင့် လူပေါင်း ၈၆ ယောက် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG